Tuesday, January 13, 2015

ကိုရီးယားနိုင်ငံကို ဖျော်ဖြေရေးသွားမယ့် နန်းခင်ဇေယျာ



မတ်လထဲမှာ ကိုရီးယားနိုင်ငံကို အလှမယ်နန်းခင်ဇေယျာ ကSeven Lady အဖွဲ့နဲ့အတူ သီချင်းများ သွားရောက် ဖျော်ဖြေရမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး နန်းခင်ဇေယျာက “ဒီပွဲမှာ ညီမ သီချင်းဆိုရမှာပါ။ နန်းခင် အတွက် Oversea ဖျော်ဖြေမှုက ဒါပထမဦးဆုံးဖြစ်တဲ့ အတွက် ဒါနဲ့ပတ်သက်ပြီးတော့ ညီမရှေ့က စီနီယာ တွေနဲ့ အတူတူ သီချင်းတွေ တိုက်ထားမယ်။ ဟိုရောက် ရင်တော့ အတူတူဆိုမယ်ပေါ့။ နန်းခင် တအား ပျော်ပါတယ်။ ဖျော်ဖြေမှုအနေနဲ့လည်း သွားရတယ်။ ကိုရီးယားနိုင်ငံ ကိုလည်းလည်ရတဲ့အတွက်ကြောင့် တအားပီတိဖြစ်ရပါတယ်။ ဒီအဖွဲ့ က နန်းခင်ကို ဖိတ်ခေါ်တဲ့အတွက် အင်မတန်ဝမ်းသာရပါတယ်။ ပွဲမှာ ကတော့ သူတို့သတ်မှတ်ထား တဲ့ သီချင်းပုဒ်ရေ အတိုင်းပဲ ဆိုမှာပါ။ ဒါပေမဲ့ နန်းခင် သီချင်း ၅ ပုဒ် လောက်တိုက်ထားပါတယ်။ ဗမာ သီချင်းလည်းဆိုမယ်။ နန်းခင်ဝယ်ထားတဲ့ ကိုယ်ပိုင်သီ ချင်းလေးကို လည်း ဆိုပါ့မယ်။ သီချင်းဆိုဖို့ကို နန်းခင် သူတို့နဲ့ သေချာစကားမပြောရသေး ပါဘူး။ မတ်လလယ်လောက်မှာ စသွားမှာပါ။ ပွဲက တစ်ရက်ပဲလုပ်မှာပါ။ သင်္ကြန်တွေမှာတော့ နန်းခင်သီချင်းတွေ ဆိုဖူးပါတယ်။ နိုင်ငံခြားမှာ ကိုယ့်ရဲ့စီနီယာတွေနဲ့ ဆိုရမှာဖြစ်တဲ့အတွက် နန်းခင် အကောင်းဆုံးစီစဉ်ထားပါတယ်” လို့ ပြောပါတယ်။ကိုရီးယားနိုင်ငံ ဖျော်ဖြေရေးကိုသွားမယ့် 7Ladies မှာ ပုလဲဝင်း၊ အေးမြတ်သူ၊ သင်ဇာဝင့် ကျော်၊ နန်းမြတ်ဖြိုးသင်း၊ နန်းခင်ဇေယျာ၊ ပိုပို၊ ထွန်းရတီတို့ ပါဝင်ဖျော်ဖြေ မှာဖြစ်ကြောင်း သိရပြီး ကိုရီးယားက ဖျော်ဖြေရေးလုပ်ငန်း တစ်ခုနဲ့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း

Popular Journal

0 comments:

Post a Comment