Monday, January 12, 2015

အကြိုက်ဆုံးအဆိုတော်နဲ့သီချင်းတွဲဆိုရလို့ ဝမ်းသာပီတိဖြစ်မိတဲ့ ပိုပို



City FM ၁၃ နှစ်ပြည့်ပွဲမှာ Big Bag Band နဲ့အတူ ပိုပိုက Rock သီချင်းတစ်ပုဒ်ကို တေးသံရှင် ကျားပေါက်နဲ့ တွဲဖက်သီဆိုခဲ့ပါတယ်။ ကျားပေါက်တို့ရဲ့ Big Bag အဖွဲ့ အနေနဲ့ မိန်းကလေးအဆိုတော်တွေနဲ့တွဲဆိုလေ့သိပ်မရှိဘဲ အခုတစ်ခေါက် ပိုပိုနဲ့ဆိုဖြစ်တာဟာ Big Bag ရဲ့ ဒုတိယအကြိမ်မြောက် မိန်းကလေးအဆိုတော်နဲ့ တွဲ ဆိုခြင်း ဖြစ်ပါတယ်။ တေးသံရှင် ပိုပိုကလည်း အခုလိုသီဆိုဖြစ်တာနဲ့ပတ်သက်ပြီး..” သီချင်းနာမည်က Masochist လို့ အမည်ပေးထားတယ်။ အဓိပ္ပာယ်ကတော့ ကိုယ့်ကိုနာကျင်အောင် လုပ်လေပိုချစ်လေပေါ့။ကိုကျားပေါက်ပဲရေးပေးတာပါ။ ပိုပို့ကို City FMသီချင်းဆိုဖို့ ဘယ်သူနဲ့တွဲဆိုမလဲလို့ပြောတော့ ကိုကျားပေါက်က ပိုပို့ရဲ့ Favourite လည်းဖြစ်တဲ့အတွက် ကိုကျားပေါက်ကို Request လုပ်တဲ့အခါမှာ သူက လည်း ဆို မယ်လက်ခံတဲ့အတွက် ဒီသီချင်းဖြစ်သွားတာပါ” လို့ ဆိုပါတယ်။ City FM အခွေ ထွက်လာခဲ့ရင် နားထောင်အားပေးမယ့် ပရိသတ်တွေအတွက် အမှတ်တရ စကားသံ ကို လည်း ပိုပိုက ” ကိုယ်အကြိုက်ဆုံး အဆိုတော်တစ်ယောက်နဲ့ဆိုရတော့ပျော်တယ်။ ကိုကျားပေါက် ပရိသတ်တွေရော၊ ပိုပို့ပရိသတ်တွေရော ကြိုက်မယ်လို့ ထင်ပါတယ်။ ကိုကျားရေးတဲ့သီချင်း လေးကတော်တော်ကောင်းပါတယ်။ ကိုကျားက တော့ပြောစရာမလိုပါဘူး။ ပိုပိုကတော့ အတတ်နိုင်ဆုံးဆိုထားတာပဲ။ ပရိသတ်တွေလည်း တ ကယ်ကြိုက် မယ်လို့ထင်တယ်။ ယုံကြည်တယ်” လို့ ပြောပါတယ်။ လတ်တလောမှာ နယ်ခရီးတွေ ဆက်တိုက်ထွက်ဖြစ်နေတဲ့ ပိုပိုက ၂ဝ၁၅ မှာ ဒုတိယတစ် ကိုယ်တော် အခွေထွက်ရှိမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

မျိုးမောင်

Popular Journal

0 comments:

Post a Comment