Tuesday, January 13, 2015

၄၅ မိနစ် အချိန်ပေးရုံဖြင့် တင်သားများ ကြီးထွားစေနိုင်သည့်ဆိုသည့် စုပ်ခွက်ပါ တင်သား ထွားစက်

အမျိုးသမီးများသည် တင်ပါးများ ဖွံ့ ဖြိုးကာ ကြီးထွား လှပချင်ကြသည်မှာ ဓမ္မတာ တစ်ရပ်ဖြစ်သည်။ တင်သားများ လှပတောင့်တင်းရန် ကိုယ်ကာယ လေ့ကျင့်ခန်းယူကြသည်။ မိန်းမများ၏ အလှဂုဏ်တစ်ရပ်တွင်လည်း တင်သားဆိုင်များ တောင့်ဖြိုးတင်းရင်းနေခြင်းလည်း ပါဝင်သည်။



တင်သားများအလှကြောင့် ဟောလီဝုဒ်မင်းသမီးများဖြစ်သည့် ဂျင်နီဖာလိုပတ်ဇ်နှင့် ကင်ကာဒစ်ရှန်းတို့ သည်လည်း ကမ္ဘာကျော်များဖြစ်ရ သည်။ယခုတွင် အမျိုးသမီးများ၏ တင်သားများကို ၄၅မိနစ်အတွင်း ကြီးထွားဖွံ့ ဖြိုးစေနိုင်သည်ဆိုသော အဆန်းတကြယ် vacuum therapy ဆိုသည့် ကုထုံးတစ်ရပ် ပေါ်ပေါက်လာပြီဖြစ်သည်။ အမေရိကန်နိုင်ငံ မီယာမီမြို့ က Sculpting Goddess ဆိုသည့် ဗြူတီဆလွန်းက တင်သားများကို ၄၅မိနစ်အချိန်ပေးရုံဖြင့် နဂိုထက် ဖွံ့ ထွားကြီးမားလာစေမည်ဟု အာမခံပြောသည်။

Sculpting Goddess ဗြူတီဆလွန်း၏ တင်သားများ ကြီးထွားစေနိုင်သည့် vacuum therapy ကုထုံးတွင် စုပ်ခွက်နှစ်ခွက်ပါကိရိယာဖြင့် တင်သားတစ်ဖက်စီတွင် စုပ်ခွက်များကို တပ်ဆင်ကာ ကုသမှုပေးခြင်းဖြစ်သည်။

၄၅ မိနစ်စာ ကုသ၀န်ဆောင်မှုအတွက် အမေရိကန်ဒေါ်လာ ၆၀ပေးဆောင်ရမည်ဖြစ်သည်။ ထိုသို့ ၄၅ မိနစ်တစ်ချိန်စီ အကြိမ်ကြိမ်ပြု လုပ်ပေးခြင်းဖြင့် တင်သားများ ကြီးထွားလာမည်ဖြစ်ကြောင်း၊ စုပ်ခွက်ကိရိယာဖြင့် လေး ငါး ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့်ပင် သိသိသာသာ တင်သားများ ကြီးထွားလာနိုင်ပါကြောင်း Sculpting Goddess၏ ပိုင်ရှင်ဖြစ်သူ တီနီက ဒေးလီးမေးလ်သို့ ပြောခဲ့သည်။

ဆိုင်၏ ကြေညာတွင်လည်း vacuum therapy နှင့် မကုသမီနှင့် ကုသပြီးစဉ်ဆိုပြီး တင်ပါးများ၏ ဓာတ်ပုံများကို ဖော်ပြပြီး ကြေညာ ထားသည်။

Mail Online

Mizzima

0 comments:

Post a Comment