Monday, January 12, 2015

ဆယ်တန်းစာမေးပွဲ မဖြေဘူးဆိုတဲ့ ရွှေမှုံရတီ


အနုပညာပျိုးခင်း၏ စင်တင်မှုဖြင့် တန်းဝင်မင်းသမီးတစ် လက်ဖြစ်လာသည့် ရွှေမှုံရတီက ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုမည်မဟုတ်ကြောင်း ပြောသည်။

၎င်းသည် ၂၀၁၃-၁၄ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျရှုံးခဲ့သည်။‘‘ဒီနှစ်စာမေးပွဲကိုတော့ ရွှေမှုံ ပြန်မဖြေတော့ဘူး။ စာမေးပွဲမဖြေတာ ဘာမှဖြစ်လို့မဟုတ်ပါ ဘူး။ မဖြေချင်လို့ မဖြေတာပါ။ အဲဒါထက် အနုပညာအလုပ်တွေကိုပဲ ဆက်တိုက်လုပ်သွားမှာပါ’’ ဟုလည်း ၎င်းကဆိုသည်။

ထို့နောက်လည်း မကြာမီ ယောက်ျားယူတော့မည်ဟု သတင်းစာမျက်နှာတစ်ခုတွင် ဖော်ပြ ထားခြင်းကို သရုပ်ဆောင်ရွှေမှုန်ရတီက ယင်းအကြောင်းအရာမှာ ၎င်းအမေကို စနောက်လိုက်ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် တစ်ကိုယ်တည်းသာဖြစ်ကြောင်းလည်း ပြောသည်။ လက်ရှိတွင် ရွှေမှုန်ရတီ သည် သရုပ်ဆောင်ဇေရဲထက်နှင့်အတူ ကျွန်တော် ကျွန်မယောက်ျားဗိုက်ကြီးသည်အမည်ရှိ ဗီဒီ ယို ဇာတ်ကားကို ရိုက်ကူးနေပြီး ယင်းဇာတ်ကားမှာ အချစ်ဖန်စီဇာတ်ကားလေးဖြစ်ကြောင်းဆိုသည်

7Day Daily

0 comments:

Post a Comment