Wednesday, January 14, 2015

နှစ်သုံးဆယ်ဂီတ အိပ်မက်ကို အကောင်အထည်ဖော်လိုက်တဲ့ ကော်နီ


ဂီတသက်တမ်း နှစ်သုံး ဆယ်အတွင်း ဒုတိယအကြိမ်တစ် ကိုယ်တော် ဖျော်ဖြေပွဲအဖြစ် 30 Dreams ဟုအမည်ပေးထားသည့် ဖျော်ဖြေပွဲကို ဇန်န၀ါရီ ၂၃ ရက်၌ ပြုလုပ်မည်ဟု ကော်နီက ပြော သည်။

‘‘Colourful Connie က ဂီတသက်တမ်း နှစ် ၂၀ ပြည့် အနေနဲ့ ၂၀၀၅ မှာ လုပ်တာ ခု ဖျော်ဖြေပွဲနဲ့ဆို ဆယ်နှစ်ကွာ တယ်။ ဒီတစ်ခါ ဖျော်ဖြေပွဲက ကိုယ်တိုင်စီစဉ်ပြီး လုပ်တာဆို တော့ အရင်တစ်ခါထက် စာရင် တော့စိတ်ကျေနပ်မှု ပိုရမယ်ထင် တယ်’’ ဟု ၎င်းကပြောသည်။ယင်းဖျော်ဖြေပွဲတွင် ဂီတ သက်တမ်းတစ်လျှောက်အတူ သီဆိုခဲ့သူများပါဝင်မည်ဖြစ်ပြီး လူငယ်အဆိုတော်များ ဖြစ်သည့် ရေမွန်၊ ဂျောက်ဂျက်၊ ကျော်ထွဋ် ဆွေနှင့် အခြားဧည့်သည်အဆို တော်များလည်း ပါဝင်မည်ဟု ဆိုသည်။

‘‘ပထမဇန်န၀ါရီ ၂၄ ရက် လုပ်ဖို့ စီစဉ်ထားတာ။ ခုရက်ရွှေ့ လိုက်ရတော့ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ အိမ့်ချစ်တို့ဆိုဖို့ ပျက် သွားတာ။ ဒီကာလက မကော်တို့ အနုပညာသမားတွေအတွက် ပွဲ ဆက်များတဲ့လဆိုတော့ နည်း နည်းအခက်အခဲ ဖြစ်သွားတယ်။ ဒါပေမဲ့ မကော်အတွက် အချိန် ပေးတဲ့ အနုပညာရှင်တွေကို ကျေးဇူးတင်ပါတယ်’’ ဟု ကော်နီက ပြောသည်။

သီချင်းစုစုပေါင်း လေးဆယ် ခန့် သီဆိုရန် စီစဉ်ထားပြီး အက ပါဖော့မန့်များနှင့် သီဆိုရန်အ တွက်မှာမူ ယခုအချိန်အထိ အက မတိုက်ရသေး၍ ဖျော်ဖြေရန် မသေချာသေးဟုဆိုသည်။

‘‘Dance တွေထည့်ရင် ကိုယ်တိုင်ကရမှာဆိုတော့ တိုက် ဖို့က အချိန်မရဘူး ဖြစ်နေတယ်။ ဟေမာနေ၀င်းကိုတော့ စပယ် ရှယ်အနေနဲ့ သူဆိုတဲ့သီချင်းတစ် ပုဒ်မှာ အစ်မကပေးမယ်။ အဲဒီ သီချင်းအတွက် ခုရက်မှ အကစ တိုက်ရမှာ’’ဟု ကော်နီက ပြော သည်။

ဖျော်ဖြေပွဲကို အမျိုးသား ဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကို ကျပ် ၇,၀၀၀ မှ ၅၀,၀၀၀ ကျပ်အထိ သတ်မှတ်ထားကြောင်း သိရ သည်။

7Day Daily

0 comments:

Post a Comment