Monday, May 4, 2015

တောင်သမန်အင်းအပန်းဖြေဟိုတယ်စီမံကိန်း အင်းရေ၀ပ်ဧရိယာများတွင် လုပ်ဆောင်ပါက တရားစွဲဆိုမည်ဟုဆို


အပန်းဖြေဟိုတယ်စီမံကိန်းပုံစံငယ်

မန္တလေးမြို့အနီး အ ထင်ကရနေရာတစ်ခုဖြစ်သည့် တောင်သမန်အင်းစောင်း၊ ဦးပိန်တံတားအနီးတွင် အကောင်အထည် ဖော်ရန် စီစဉ်နေသည့် အပန်းဖြေ Resort ဟိုတယ်စီမံကိန်းကို အင်းရေ၀င်၊ ရေထွက်ဧရိယာများ၌ တည်ဆောက်ပါက တရားစွဲဆိုမည်ဖြစ်ကြောင်း တောင်သမန်အင်းအတွင်း ငါးမွေးမြူရေးအပါအ၀င် စည်ပင်နှင့် အကျိုးတူလုပ်ပိုင်ခွင့်ရထားသည့် အင်းသူကြီး ဦးချစ်ခိုင်က ပြောသည်။မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက် Resort ဟု အမည်ပေးထားသည့် အပန်း ဖြေဟိုတယ်စီမံကိန်းကို ဦးပိန်တံ တား၏ အရှေ့ဘက် ပေ ၁၉၀၀ အကွာ တောင်သမန်ကျေးရွာ အနီးရှိ တောင်သမန်အင်းနှင့် ထိ စပ်နေသည့် မြေဧက ၄၀ ကျော် ပေါ်တွင် ပုဂ္ဂလိကပိုင် တောင် သမန်သစ္စာကုမ္ပဏီက အကောင် အထည်ဖော် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

သို့သော် စီမံကိန်းတည် ဆောက်ရန် မြေဖို့ခြင်းနှင့် အင်း အတွင်း မြေတိုင်းတာခြင်းလုပ် ဆောင်နေမှုများသည် အင်း၏ ရေ၀င်၊ ရေထွက်နေရာများကို လုပ်ကိုင်နေခြင်း ဖြစ်သည့်အ တွက် တရားစွဲဆိုအရေးယူနိုင်ရန် တောင်သမန်သစ္စာကုမ္ပဏီနှင့် အများသိစေရန် အသိပေးကြေ ညာခြင်းဖြစ်သည်ဟု ဦးချစ်ခိုင်က ပြောသည်။

‘‘သူတို့မြေတိုင်းတာ၊ မြေဖို့ တာတွေလုပ်တဲ့နေရာက တစ်နှစ် ကို ခုနစ်လလောက် ရေ၀ပ်တဲ့ နေရာတွေဖြစ်နေတယ်။ စီမံကိန်း နေရာနဲ့ ကပ်လျက်မှာ ရတနာပုံ ရှေးခေတ်က ကျောက်လမ်းတွေရှိ တယ်။ ကျွန်တော့်အနေနဲ့က အင်း ကို ထိခိုက်မှာစိုးလို့ပါ။ အင်းနဲ့ လွတ်ကင်းတဲ့ နေရာမှာ လုပ်ရင် ဘာမှကန့်ကွက်စရာ မရှိပါဘူး။ လွတ်လွတ်ကင်းကင်းဆို ဒေသ လည်း ပိုမိုဖွံ့ဖြိုးလာလို့ လုပ်စေချင်ပါတယ်’’ဟု ၎င်းက ပြောသည်။

ဦးချစ်ခိုင်သည် မေလ ၃ ရက် တွင် သတင်းစာမှတစ်ဆင့် အသိ ပေးကြေညာချက်ထုတ်ပြန်ခဲ့ပြီး တောင်သမန်သစ္စာကုမ္ပဏီအနေ ဖြင့် တောင်သမန်အင်းနှင့် လွတ် ကင်းမှုမရှိသောနေရာများတွင် စီမံကိန်းလုပ်ကိုင်ခြင်းမပြုရန်နှင့် ဆက်လက်လုပ်ကိုင်ပါက တရား စွဲဆိုမည်ဟု ဆိုသည်။

သို့သော် တောင်သမန်သစ္စာ ကုမ္ပဏီအနေဖြင့် ၎င်းတို့ပိုင်မြေ ပေါ်တွင်သာ လုပ်ကိုင်ခြင်းဖြစ်သ ကဲ့သို့ ဥပဒေနှင့်အညီ လုပ်ကိုင်ခြင်းဖြစ်ပြီး လာမည့် ရက်ပိုင်းအတွင်း သတင်းစာမှတစ်ဆင့် ပြန်လည် ဖြေရှင်းမည်ဟု တောင်သမန်သစ္စာကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဦးစိုးမြတ်သူက ပြောသည်။

‘‘ကျွန်တော်တို့ စီမံကိန်းက တောင်သမန်အင်းနားမှာ လုပ်တာမှန်တယ်။ ဒါပေမဲ့ ယာမြေတွေပေါ်မှာ လုပ်တာ ဖြစ်ပါတယ်။ အင်းကိုမြေဖို့ပြီး လုပ်တာမဟုတ်ပါဘူး။ အခုချိန်ထိ လုပ်ခဲ့ပြီးသမျှမှာ ကျွန် တော်တို့အနေနဲ့ ဥပဒေ၊ နည်း ဥပဒေနဲ့ ဆန့်ကျင်တာတစ်ခုမှ မရှိ ဘူး။ ကိုယ်ပိုင်မြေပေါ်မှာ လုပ်တာဖြစ်သလို ခွင့်ပြုချက်ကျပြီးမှ လုပ် တာ ဖြစ်ပါတယ်’’ဟု ဦးစိုးမြတ်သူ က ပြောသည်။

စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံတို့၏ လူမှုစီးပွားအပေါ် ထိခိုက်မှုများရှိ လာမည်ကို ဒေသခံအချို့က စိုးရိမ်မှုများရှိနေသော်လည်း ဟိုတယ် အခန်းပေါင်းများစွာ နားနေအပန်းဖြေဥယျာဉ်၊ ရိုးရာယဉ်ကျေးမှုနှင့် လက်မှုပစ္စည်း ရောင်းချမည့် ဈေးဆိုင်တန်းများပါဝင်သော တောင်သမန်ကျေးလက် Resort စီမံကိန်းကို တောင်သမန်အင်းနှင့် ထိစပ်နေသည့် နေရာတွင် အကောင်အထည်ဖော်တည်ဆောက်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုပေးထားသည်။

အပန်းဖြေဟိုတယ်စီမံကိန်း ကို ကျပ်သိန်းပေါင်း သုံးသိန်း (ကျပ်ဘီလီယံသုံးဆယ်)ခန့် ရင်းနှီးမြှုပ် နှံတည်ဆောက်မည်ဖြစ်ပြီး လာ မည့် သုံးနှစ်အတွင်း အပြီးတည် ဆောက်နိုင်ရန် ရည်ရွယ်ထား သည်ဟု တောင်သမန်သစ္စာကုမ္ပဏီကဆိုသည်။

7Day Daily

0 comments:

Post a Comment