Monday, May 4, 2015

ဆန်ချောဈေးကွက် တစ်အိတ်လျှင် ကျပ်သုံးထောင်ခန့် ဈေးမြင့်တက်

ဆန်ဂိုဒေါင်အတွင်းတွေ့ရသည့် ဆန်အိတ်များနှင့် လုပ်သားများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ပြည်တွင်း ဈေးကွက် တွင် ဆန်ဈေးသည် အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လာနေ ပြီး တရုတ်နိုင်ငံမှ ၀ယ်လိုအား ကောင်းနေခြင်းကြောင့် သင်္ကြန် အပြီးတွင် ဆက်တိုက်မြင့်တက် လာကြောင်း သတင်းရရှိသည်။လက်ရှိပြည်တွင်းဈေးကွက် တွင် ဆန်ဈေးသည်သင်္ကြန်နောက် ပိုင်း၌ တစ်အိတ်လျှင် ကျပ်တစ် ထောင်မှ ကျပ်တစ်ထောင့်ငါးရာ ကြား ဈေးတက်နေပြီး ငစိန်ဆန် ကြမ်း ၂၅ မှတ်သည် ပြည်တွင်း ဈေးကွက်တွင် ယခင်တစ်အိတ် လျှင် ၁၅,၀၀၀ ကျပ်မှ ၁၆,၅၀၀ ကျပ်အထိ ဈေးမြင့်တက်လာ သည်။

ပြည်တွင်း၌ စားသုံးမှုအများဆုံး ဆန်ချောများမှာလည်း တစ်အိတ်လျှင် ကျပ်၃,၀၀၀ ခန့်ဈေးတက်လာကြောင်း သိရသည်။

ယခုနှစ် ဆန်ဈေးမြင့်တက်မှု ကြောင့် စိုက်ပျိုးတောင်သူလယ် သမားများ အကျိုးခံစားရပြီးယခင်နှစ်များက စပါးပေါ်ချိန်တွင် ဆန်ဈေးကျဆင်းကာ စပါးစိုက်ပျိုးချိန်တွင် ဆန်ဈေးမြင့်တက်လေ့ ရှိသည်။

ယခင်နှစ် မိုးစပါးပေါ်ချိန်တွင် ဆန်ဈေး၊ စပါးဈေး သိသာစွာ ကျဆင်းမှုမရှိဘဲ စပါးတင်းတစ်ရာလျှင် ကျပ်လေးသိန်းဝန်း ကျင်ရှိခဲ့သည်။

စပါးဈေး မကျခြင်းမှာ တောင်သူလယ်သမားများထံသို့ သတင်းအချက်အလက်များ မို ဘိုင်းဖုန်းများမှတစ်ဆင့် လွယ်ကူ စွာရရှိနိုင်ခြင်း၊ အမေရိကန်ဒေါ် လာတန်ဖိုး မြင့်တက်မည့်သတင်း အချက်အလက်များ ရရှိခြင်းတို့ ကြောင့် ထိန်းရောင်းလာ၍ဖြစ် သည်။ ထို့ကြောင့် စပါးပေါ်ချိန် တွင် လယ်သမားများ စုပြုံရောင်း ချမှုကြောင့် ဖြစ်ပေါ်လာသောဈေး နှုန်းကျဆင်းသော အခက်အခဲကို ဖြေရှင်းပြီးသား ဖြစ်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တွဲဖက်အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

တရုတ်နိုင်ငံ၏ ၀ယ်လိုအား ကလည်း ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းမြင့်တက်ရန် တွန်းအား တစ်ခုဖြစ်လာသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ဆန်ရောင်းချမှု ပမာဏမှာ တန် ချိန်ဆယ့်တစ်သိန်းခွဲခန့် တင်ပို့ ရောင်းချနိုင်ခဲ့သည်။ ပြည်ပသို့ စု စုပေါင်းတင်ပို့မှုမှာ တန်ချိန်ဆယ့် ရှစ်သိန်းရှိပြီး မြန်မာနိုင်ငံမှ တစ်နှစ်အတွင်း စားသုံးရာမှ ပိုလျှံသောပမာဏနီးပါးရှိလာသည်။

‘‘ဒီရက်ပိုင်းမှာ တရုတ်က ပုံ မှန် အ၀ယ်ပဲရှိတယ်။ ဈေးက လည်း ပုံမှန်ပဲ’’ ဟု မူဆယ်ဆန် စပါးကုန်စည်ဒိုင်မှ ဥက္ကဋ္ဌဦးသန်း ဌေးဦးကပြောသည်။

မူဆယ်သို့ ပြည်တွင်းမှဆန် နှင့် ဆန်ကွဲအ၀င်မှာ နေ့စဉ်တန် ချိန် ၄,၆၀၀ ကျော်ရှိပြီး ၎င်းဆန် များကို တရုတ်ကုန်သည်များက အားလုံးနီးပါး ၀ယ်ယူနေကြောင်း မူဆယ် ဆန်ကုန်သည်များက ဆိုသည်။ တရုတ်ကုန်သည်များ ဆန်ဝယ်ယူမှုကောင်းနေချိန်တွင် မူဆယ် နယ်စပ်၌ ငွေလဲနှုန်းမှာ လည်း မြင့်တက်နေသည်။ မြန်မာ ကျပ်ငွေ ၁,၀၀၀ လျှင်တရုတ်ယွမ် ငွေ ၅ ဒသမ ၃၇ သာရှိပြီး သင်္ကြန် အပြီး၌ ကျပ် ၁,၀၀၀ လျှင် ၅ ဒသမ ၈ ယွမ်ဝန်းကျင် ရှိခဲ့သည်။

လက်ရှိမူဆယ်တွင် ငစိန် ဆန် ၂၅ မှတ် တစ်အိတ်လျှင်တရုတ်ယွမ်ငွေ ၁၃၃ မှ ၁၃၅ ကြားရှိနေပြီး လက်ရှိငွေလဲနှုန်း နှင့်တွက်ပါက ဆန်တစ်အိတ်လျှင် ကျပ် ၂,၇၀၀၀ ကျော်ထိ ဈေးရှိနေ သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန် တန်ချိန် ဆယ့်လေးသန်းကျော် ထွက်ပြီး ပြည်တွင်းစားသုံးမှု ဆယ်နှစ်သန်းကျော်ရှိနေကြောင်းလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

7Day daily

0 comments:

Post a Comment