Monday, May 4, 2015

မြန်မာ့တပ်မတော် "၀" ကိုတိုက်နိုင်မလား

မြန်မာ့တပ်မတော် အနေနှင့်ကိုးကန့် (ဖုန်ကြားရှင်) လို ရန်သူ ၂၀၀၀ / ၃၀၀၀ လောက်ကို ရင်ဆိုင်တိုက်ခိုက် ရာမှာ အကျအဆုံးတွေရှိနေတဲ့အတွက် ဝ လို အင်အား ၂၀၀၀၀ လောက် ရန်သူ (လက်နက်အင်အားဖုန်ကြားရှင် ထက်သာသူ ) ၊တိုက်ရည်ခိုက်ရည်ရှိပြီး သံချပ်ကာ လူသယ် ကင်းထောက်ယာဉ် ပုခုံးထမ်းလေယာဉ်ပစ်ဒုံး ပိုင်ဆိုင်သူကို တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး လို့ ထင်နေကြသလို တိုက်ရင်လည်း အကျ အဆုံး သိပ်များ မယ်လို့ တွေးနေကြသူတွေ အများ ကြီးပါ ။
တပ်မတော်သား တချို့ ကိုယ်တိုင် ဒီလိုတွေးမိနေကြပါ တယ်။
ကျွန်တော်က ဝ တောင်ပိုင်းဒေသ မိုင်းယွန်း ဟိုပန် ဟိုရွက် လွယ်ပန်ဖတ် ထင်းရူး တောင် မုန်းတော့ မုန်းထ ဒေသတွေ မှာ စစ်ဆင်ရေး တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ရှမ်းလူမျိုး ဖြစ်တဲ့ အတွက် ရှမ်းစကား အတန်ငယ် တတ်လို့ ဝ တွေဆီမှာ ဆက်ဆံရေး အရာရှိ အနေနှင့်တွဲ ဖက် လုပ်ကိုင် ဖူး လို့ ဝ တွေ အကြောင်း ကောင်းကောင်း သိပါတယ် ။
သူတို့မှာအား သာ ချက်တွေရှိနေသလို အားနည်းချက်တွေလည်းရှိနေပါတယ်။
တချို့အားသာ ချက်တွေက တောင် အခုအချိန်မှာအား နည်း ချက်ဖြစ်လာ နေပါ ပြီ ။
ဝ တွေက တိုက်ရည် ခိုက်ရည် ပြည့်ဝ တယ်ပြောပေမယ့် ဝ မျိုး ဆက်သစ်တွေ စစ်မတိုက်ရတော့ တာ ၁၅ နှစ် အနည်းဆုံးရှိပါပြီ ။ နောက်ဆုံးတိုက်ခဲ့တဲ့လွယ်မော်နှင့် တိုက်ပွဲ အပြီး ၁၉၉၆ မှာ အသက်၃၀ ရှိသူက အခု ၂၀၁၆ ဆို အသက် ၅၀ ပါ။
မြန်မာ့ တပ်မတော်ဟာ အမြဲတမ်းမျိုး ဆက်သစ် ရှိနေပြီး သူပုန်တမျိုး မဟုတ် တစ်မျိုး နှင့် အမြဲတိုက်နေရတာမို့လို့ တပ်မအဆင့် တပ်တော်စု အဆင့် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်နေတာ မို့ စစ်ဆင်ရေးအတွက် အမြဲ အသင့် ဖြစ်ပြီး အတွေ့အကြုံ လဲ ပြည့်ဝ နေသူ များပါတယ်။
သူပုန်တွေက စီးပွားရေးလုပ်ငန်းတွေ မဲလုပ်နေကြပြီး စစ်တိုက်ဖို့ ထက်ငွေရ ဖို့ အနေချောင်ဖို့ ဘိန်းစားဖို့လောက် ချောင်နေသူတွေများ ပြီး စိတ်ဓါတ် ပျက်နေသူတွေ တစ်နေ့ ထက် တစ်နေ့များလာတာပါ ။
ဝ စစ်သားဘဝ က မြန်မာစစ်သား ထက် ပို ဖိနိုပ်ခံရ ပိုဆင်းရဲ ငတ်ပြတ် နေတာ ပါ။
စစ်တိုက်တယ်ဆိုတာ စစ်သား ချင်းတိုက်ယုံမက စစ်ခေါင်းဆောင် ချင်း လက်နက်ချင်း ထောက်ပံ့ ပို့ဆောင်ရေးချင်း စီးပွား ရေး အင်အားပါ ယှဉ်ရတာပါ
ဝ ခေါင်းဆောင်ပိုင်းရဲ့ စီးပွားရေး တွေကို အစိုးရက တားဆီးပိတ်ဆို့ သိမ်းယူ နိုင်တဲ့ အနေအထား မှာရှိ သလို စစ်ဖြစ်တာ ကာလ ကြာတာနှင့် ဝ တွေ စီးပွားရေး လုပ်မရ သလို စစ်သုံးစားရိတ် ကြောင့် တောင့် ခံနိုင် ဖို့မလွယ်ပါဘူး ဝ ပြည်သူတွေလည်း လုပ်ကိုင် စိုက်ပျိုးစားမရ ပဲ ငတ်ကုန် မှာပါ။
ဝ တွေ ဆီမှာ ဆန်မလောက်လို့ ပြည်မက ဆန် တင်ပို့နေရတာပါ တရုတ်ပြည်က ဝယ်စားဖို့မလွယ်ပါ ဈေးကြီးလှပါတယ်။
ဝ တွေက ကိုးကန့်သူပုန်နှင့်မတူ တဲ့အချက်က စစ်သားတွေနှင့် မိသားစု တွေ အတူနေကြသလို ဘယ်မှာနေ ကြတယ် ဆိုတာ ဖုံးကွယ်ထားလို့မရဘဲ မြန်မာ့ တပ်မတော်က နေရာ အတိအကျ သိပြီး ပစ်မှတ် မှတ်ပုံတင်ပြီးသားနေရာတွေပါ။
မြို့ပြတွေနှင့် အတည်တကျနေသူ တွေဖြစ်လို့ ချေမှုန်း ဖို့ပိုလွယ် သလို သူတို့ အဆုံး အရှုံး ပိုများ နိုင်ပါတယ်။
သူတို့နယ်မြေထဲ မြန်မာ စစ်သားတွေ ဝင်မတိုက်ဘဲ အပြင်က ဝိုင်းပတ် ပိတ်ဆို့ ထား လိုက်တာနှင့်တင် အကြပ်အတည်းတွေ့ပြီး စီးပွား ပျက် အနေအစားပျက်ပြီး တောင့် ခံနိုင်ဖို့ ခက်ပါတယ်။
ကာလ တစ်ခု အထိပဲတောင့် ခံနိုင်မှာ ပါ။
တာဝေးပစ် 155 mm လို အမြောက် လက်နက်တွေ ဗုံးကျဲလေယာဉ်တွေက အထင်အရှား ပစ်မှတ်တွေ များတဲ့ ဝ မြို့ပြအဆောက် အဦတွေ လမ်းတံတား တွေ ကို ကောင်းကောင်း ခြေမှုန်း နိုင်ပါတယ်
ကျည်ဆန်ကုန်ရ ကျိုး နပ် မည့် ပစ်မှတ် တွေပါ ။
ဝ ဒေသ တချို့မှာ တင့်ကား စစ်ဆင်ရေး လုပ်လို့ ရ လို့ ဝ တွေက တင့်အတားအဆီး တွေ မြေ ကျော ဖြတ် တာတွေ လုပ်နေတယ် လို့သိထား ပါတယ် ။
ဒါပေမယ့် မြန်မာ့ တပ်မတော် သံချပ်ကာတပ်ဖွဲ့တွေက ဒီလောက်နှင့် ရပ်သွား မှာ မဟုတ်ပါဘူး လို အပ်ရင် လေယာဉ် ရဟတ်ယာဉ်တွေနှင့် သယ်ပို့ နိုင်အောင် စစ်ဆင်နိုင်စွမ်း ရှိနေ ပါပြီ။
အခြားသော တာလတ်ပစ်ဒုံး တွေ အတွက်လည်း လေ့ကျင့်ရေးကွင်း လိုနေတာ အတော်ပဲဖြစ်သွား မှာပါ။
ဝ တွေက တရုတ်ကို အားကိုးနေတယ် ဆိုပေမယ့် တရုတ်သြဇာ မခံချင်ပါဘူး ပြည်နယ်ခွဲထွက်ပြီး တရုတ် လက်အောက် နေတာထက် မြန်မာ အစိုးရ လက်အောက်က ပို အနေ ချောင်မှန်း သိထား ပါတယ်။
ဝ တွေက ရမလား လို့ သွေးတိုး စမ်း နေ တာပါ ။
အစိုးရနှင့် တပ်မတော် ဖက်ကသာ ပြောလို့မရရင် တိုက်မယ် ဆိုတဲ့ဆုံး ဖြတ်ချက် ချထားပြီး တိုက်ဖို့ စီမံချက် သေချာရေးဆွဲထားပြီး စကားပြောပါက ဝ တွေ လေသံပြောင်းသွား မှာပါ။
မလုပ်ရဲဘူးထင်နေတာပါ တကယ် လုပ်မှာသိရင် ဒီလို လေမကျယ်ရဲဘူး ဆိုတာ အသေ အချာပါပဲ ။ အခြားသုံးသပ်ပြစရာတွေလည်း ရှိပါသေးတယ် ဒါတွေက စစ်ဆင်ရေး ဆိုင်ရာ သုံးသပ် ချက်နှင့် လျို့ ဝှက် ကန့်သတ် အဆင့်တွေရှိ လို့ ချရေး မပြတော့ပါဘူး။
နိုင်ငံတော် အုပ်ချုပ်တဲ့ အစိုးရပဲလေ သူပုန်ထက်ခေါင်းတစ်လုံး အမြဲပို တာပေါ့။
ပြောချင်တာက မြန်မာ့ တပ်မတော်က ဝ အန္တရာယ် ကို မေ့လျော့ ပေါ့ဆပြီး နေ နေတာ မဟုတ်ပါဘူး ဖြေ ရှင်းနိုင်တဲ့ ဝှက်ဖဲတွေ ကိုင်ပြီး တက်ဖဲ နှင့် ပစ်ဖဲကို စောင့်ကြည့်နေတာပါ ။
အစိုးရပဲဗျာ ပိုကာ ကိုင်ပြီး ဒေါင်းဖို့ စောင့်နေတာ ဆိုတာ မမေ့ကြပါနဲ့။

Credit-Wunna Phay Thaw

0 comments:

Post a Comment