Monday, May 4, 2015

အဆင့်မြင့်အိမ်ရာစီမံကိန်း ကုမ္ပဏီတစ်ခု၏ ပထမဆုံးခြေလှမ်း

ကိုရဲမြတ်သူနှင့် ဂျနီဖာဂျန်နက်သ်တို့ကိုတွေ့ရစဥ

စစ်အစိုးရက မြန်မာနိုင်ငံကို ဖိနှိပ်ထိန်းချုပ်ထားတဲ့ ဆယ်စုနှစ် တွေ အတောအတွင်းမှာ မြန်မာပြည်သူတွေ ပြည်ပကို ထွက်ခွာ လည်ပတ်ဖို့ ဆိုတာက မလွယ်ကူခဲ့ပါဘူး။ သံတမန်ရေးရာ အထီးကျန်မှုတွေအပြင် စီးပွားရေးနဲ့ စစ်ရေးအရ ပိတ်ပင်မှုတွေ ကြုံခဲ့ရတဲ့ကာလတွေ လွန်မြောက်ခဲ့ပြီး ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်းပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေနဲ့အတူ မြန်မာနဲ့ တခြားကမ္ဘာ့နိုင်ငံတွေကြား ဆက်ဆံရေး အ ခြေအနေဟာ ပြန်လည်နွေးထွေး လာခဲ့ပါတယ်။လူငယ်လူရွယ် တချို့ဟာ နိုင်ငံရပ်ခြားမှာ ပညာသင်ယူဖို့ အခွင့်အရေးတွေ ရလာတယ်။ အဲဒီအပြင် ကျွမ်းကျင်မှုတွေ၊ လုပ် ငန်းအမြင်တွေလည်း တိုးပွား လာခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်စီးပွားရေး လုပ်ငန်းရှင် ကြီး တစ်ဦးရဲ့ သားဖြစ်သူ ကို ရဲမြတ်သူဟာ အဲဒီလို ကံကောင်း ခဲ့တဲ့ လူငယ်တွေထဲက တစ် ယောက်ပါ။

စင်ကာပူနဲ့ ကနေဒါတို့မှာ ပညာသင်ကြားပြီးတဲ့နောက် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ပြည်ပ မှာ ထူထောင်ဖို့ထက် ကိုယ့်နိုင်ငံ ကိုပြန်သွားဖို့ပဲ သူကရွေးချယ်ခဲ့ပါ တယ်။ အဲဒီ ဆုံးဖြတ်ချက်အပေါ် ပြည်ပက ကျောင်းနေဖက် သူ ငယ်ချင်း တချို့ကတောင် မေးခွန်း ထုတ်ခဲ့ ကြတယ်။ သူတို့ထဲက အများစုဟာ မြန်မာနိုင်ငံကို ဘယ်တုန်းကမှ မရောက်ဖူးကြ ဘူး။ ပြီးတော့ အာရှတိုက်ရဲ့ နောက်ကျကျန်နေတဲ့ အစိတ်အပိုင်း တစ်ခုလို့ပဲ သုံးသပ်နေကြပါတယ်။ တကယ်တော့လည်း အဲဒီလိုဆိုးရွားတဲ့ နားလည်မှုမျိုးကပြီးခဲ့တဲ့ နှစ်အတန်ကြာကတည်းက တည်ရှိ နေခဲ့တာလို့ ဆိုနိုင်ပါ တယ်။

မြန်မာနိုင်ငံ ပြင်ပမှာ အခြေ စိုက်တဲ့ နိုင်ငံရပ်ခြား မီဒီယာ အများစုဟာ မြန်မာနိုင်ငံနဲ့ ပတ် သက်ပြီး မနှစ်မြို့စရာ သတင်း တွေကိုပဲ ဖြန့်ဝေပေးခဲ့တယ်။ တကယ်လည်း ဆိုးရွားတဲ့သတင်း တွေက များများစားစား ရှိနေခဲ့ တာပါ။ မြန်မာဟာ တသီးတခြား အထီးကျန်နေတဲ့ နိုင်ငံတစ်ခု၊ စစ်အစိုးရက တင်းတင်းကျပ်ကျပ် ပိတ်ပင်ချုပ်ကိုင်ထားတာကို ခံနေ ရတယ်။ နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေ၊ လွတ်လပ်စွာ ဖော်ပြခွင့်ကို ပိတ်ပင်မှုတွေအပြင် စီးပွားရေးအရ နောက်ပြန်ဆုတ် မှုတွေ၊ ပုဂ္ဂိုလ်ရေး လုံခြုံမှု အား နည်းချက်တွေက ဒေသတွင်း က လူငယ်လူရွယ် ကျွမ်းကျင်သူ တွေ၊ အသိပညာရှင် အတတ် ပညာရှင်တွေအတွက် ဆွဲဆောင် မှု ကင်းမဲ့တဲ့ ဇုန်နေရာ တစ်ခုလို ဖြစ်စေခဲ့တယ်။

အခုတော့ ကိုရဲမြတ်သူ အပါအဝင် မြန်မာနိုင်ငံရဲ့ နုပျိုတဲ့မျိုးဆက်တစ်ခုဟာ ဒါတွေအား လုံးကို ပြောင်းလဲပစ်တော့မယ်လို့ စိတ်ကူးမှန်းဆကြည့်လို့ ရလာပါပြီ။ ၂၀၁၂ ခုနှစ် မတ်လမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတစ်ခု ရေးဆွဲပြီးစီးခဲ့ပါတယ်။နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း မှာ ပထမဆုံးပါပဲ။ အခုဆိုရင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကလည်း ဘဏ္ဍာရေး၊ အခြေခံ အဆောက်အအုံနဲ့ ဖွံ့ဖြိုးရေး ပရောဂျက်တွေအတွက် မြန်မာနိုင်ငံနဲ့ ကနဦးအဆင့် ပြန်လည်ထိ တွေ့ ဆက်နွှယ်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ သတ် မှတ်ထားတာကို လျှော့ချတာ၊ ဖျက်သိမ်းတာတွေ စတင်လုပ် ဆောင်လာပြီး နိုင်ငံရပ်ခြားတိုက် ရိုက် မြှုပ်နှံမှုတွေကို ပိုမိုခွင့်ပြု ပေးခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံ လေးဟာ ၁၉၅၀ ပြည့်နှစ်လွန် ကာလတွေကနေ ၂၁ ရာစုထဲ ရုတ်တရက် ရောက်ရှိသွားသလို အသွင်ပြောင်းလာတဲ့နောက် ဆောက်လုပ်ရေး ကဏ္ဍဟာ အခြေခံ အကျဆုံး လိုအပ်ချက် တစ်ခု ဖြစ်လာပါတယ်။ ဒါကို အခွင့်အရေးတစ်ရပ်အဖြစ် နား လည် သဘောပေါက်ထားတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အ သိုက်အဝန်းကလည်း အဲဒီ အ ခွင့်အရေးဆီ တည့်တည့်ခုန် ဝင်လာကြပါတယ်။

ဒါဟာ ပွပေါက်တစ်ခု ဖြစ်နိုင် သလို ရင်းနှီးမြှုပ်နှံမှုတွေဟာ မိုင်း တွင်းတစ်ခုကို ဖြတ်သန်းရသလို စွန့်စားမှုမျိုးလည်း ဖြစ်နိုင်တယ် ဆိုတာကတော့ ချမ်းသာကြွယ်ဝ တဲ့ လုပ်ငန်းရှင်တွေကြား ထုတ် ပြောစရာမလိုတဲ့ အသိတစ်ခု ဖြစ်ပါတယ်။ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ၊ ရေနံ၊ သ ဘာဝဓာတ်ငွေ့နဲ့ တခြားတွင်း ထွက် ပစ္စည်းတွေ ပေါကြွယ်ဝပြီး အရှိန်ကောင်းကောင်း တိုးတက် လာတဲ့ ဈေးကွက်က နောက်ထပ် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းကို ဝင်ရောက်လာဖို့ ဖိတ်ခေါ်နေသလိုပါပဲ။

ADB ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး မှုဟာ လမ်းကြောင်းမှန်ပေါ် ဦး တည်နေပြီး ၂၀၁၄ နဲ့ ၂၀၁၅ ဘဏ္ဍာနှစ် နှစ်ခုစလုံး မှာ ၇ ဒသမ ၈ ရာခိုင်နှုန်း တက်ရိပ်ပြခဲ့ တယ်လို့လည်း သိရပါတယ်။ အဲ ဒီလို တိုးတက်မှုတွေကို ပိုပြီး အ ရှိန်မြင့်တက်လာစေဖို့အတွက် လုပ်ငန်းဆောင်ရွက်ဖို့ ယုံကြည် မှု တိုးပွားလာခြင်းရဲ့ ရလဒ်ဖြစ် တဲ့ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာ ခြင်းတွေက အထောက်အပံ့ ပေး နေပြန်ပါတယ်။ လူသုံးကုန်နဲ့ ပို့ကုန်ကဏ္ဍ အားကောင်းလာခြင်း၊သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင် စွမ်းမြင့်တက်လာခြင်း၊ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်း အရှိန် ကောင်းလာခြင်းတို့ဟာလည်း အသိအမှတ်ပြုရမယ့် တိုးတက် ဖြစ်ထွန်းမှု ကဏ္ဍတွေပါ။ ကိုရဲမြတ်သူက သူ့နိုင်ငံဟာ တစ်ကမ္ဘာလုံးကို အမီလိုက်နိုင် တဲ့ အခွင့်အလမ်းတွေ ရှိနေဆဲ ဆိုတာကို မြင်အောင်ကြည့်ခဲ့ပါ တယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက် မှာဆို မြန်မာနိုင်ငံရဲ့ ဘဏ်စနစ် က ကမ္ဘာဦးခေတ်လောက်က အ ခြေအနေမျိုး ဖြစ်နေတယ်။ အေ တီအမ် စက်တွေဆိုတာကို မြန်မာ နိုင်ငံမှာ မသိသလောက် ဖြစ်နေ ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စီးပွားရေးမြို့တော် ရန်ကုန်မှာ ပထမဆုံး အဆင့်မြှင့်တင် ပြောင်း လဲမှုတွေ ရှိလာတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေ ဖောဖောသီသီ ဝင်ရောက်လာပြီး နိုင်ငံတကာ ကုမ္ပဏီတွေ အခြေစိုက်လာတာ ကို ဘေးကနေ ထိုင်ကြည့်နေတာ မျိုးလောက်နဲ့ ကိုရဲမြတ်သူ မရောင့် ရဲနိုင်တောပါဘူး။ ဒီလို အခွင့်အ ရေးရဲ့ အစိတ်အပိုင်းတစ်ခုကိုလက်ရဆုပ်ကိုင်ဖို့ သူလိုလားလာ ခဲ့ပါတယ်။

သူက မြန်မာနိုင်ငံသားတွေ ကို ကိုယ့်နိုင်ငံမှာ ကိုယ်ပိုင်စီး ပွားရေးလုပ်ငန်းတွေ အခြေချ လုပ်ကိုင်စေချင်တဲ့ စိတ်လည်းရှိတယ်။အဲဒီနောက်မှာတော့ သူက Noble Twin Dragons ကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။ အဆင့်မြင့်အိမ်ရာစီမံကိန်း ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။။ ဒီလုပ်ငန်းနယ်ပယ်မှာ ကောင်းကောင်း အတွေ့ အကြုံရှိပြီးဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံသူဂျနီဖာဂျန်နက်သ်ဟာ ကိုရဲမြတ် သူရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်လာပါတယ်။ သူတို့နှစ်ယောက်ပူး ပေါင်းပြီး ရန်ကုန်မြို့ရဲ့ ပထမဆုံးခံ့ခံ့ထည်ထည်အထပ်မြင့် မျှော်စင်အဆောက်အအုံကြီးကို အစပြုတည်ဆောက်ခဲ့ပါတယ်။

အခန်းကျဉ်းလေး၏ အတွေ့ အကြုံ

ကိုရဲမြတ်သူဟာ ဆယ်ကျော် သက် ဘဝမှာ စင်ကာပူကို ထွက် ခွာခဲ့ပါတယ်။ ရန်ကုန်မှာ တုန်းကအိမ်ကြီးရခိုင်နဲ့ နေထိုင်ရတာကို ကျင့်သားရနေတဲ့ သူ့အတွက် တော့ သေးငယ်တဲ့ တိုက်ခန်းလေးတစ်ခုမှာ မျှဝေနေထိုင်ရတဲ့ တကယ့် အစစ်အမှန်အတွေ့အ ကြုံက တုန်လှုပ်စရာ ဖြစ်ခဲ့ပါ တယ်။ သေးငယ်တဲ့ နိုင်ငံလေး တစ်ခု မှာ အိမ်ရာ အဆောက်အအုံ တွေက ဘယ်လောက် တန်ဖိုး ရှိတတ်တယ်ဆိုတာကို သူ သတိ ပြုမိခဲ့တယ်။ အဲဒီအတွေ့အကြုံ ကပဲ ကိုယ့်နိုင်ငံ ပြန်လာပြီး အိမ် ရာစီမံကိန်း လုပ်ငန်းခွင်မှာ ပါ ဝင်လုပ်ကိုင်ဖို့ တွန်းအားဖြစ်ခဲ့ ပါတယ်။

Noble Twin Dragonsဟာ သက်တမ်းနုနယ်သေးတဲ့ ကုမ္ပဏီ တစ်ခုပါ။ ဒါပေမဲ့ ကျောထောက် နောက်ခံ ဂုဏ်ဒြပ်က ထည်ဝါ နေပါတယ်။ ကိုရဲမြတ်သူရဲ့ ဖခင် ဦးနေဝင်းထွန်းဟာ Ruby Dragons ကုမ္ပဏီကို တည် ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး စာရင်းဝင်ပုဂ္ဂိုလ် တစ်ဦးအဖြစ် သတ်မှတ်ခံရပါတယ်။ သူ့ရဲ့ အဓိက စီးပွားရေး က ကျောက်စိမ်း၊ ကျောက်မျက်ရတနာနဲ့ တခြားတွင်းထွက်သယံ ဇာတတွေမှာ လုပ်ငန်းမြှုပ်နှံခြင်းပဲ ဖြစ်ပါ တယ်။

အခုအခါမှာ အသက် (၅၄) နှစ် ရှိနေပြီဖြစ်တဲ့ ဦးနေဝင်းထွန်းဟာ စနစ်ဟောင်း ကာလတွေ တုန်းက အရေးပါတဲ့လူနည်းစု စီမံကွပ်ကဲသူတွေနဲ့ သိရှိထိတွေ့ မှု လုံးဝမရှိဘဲ ဒီနေ့ ရပ်တည်မှုမျိုး ဆီ ရောက်လာတာတော့ မဟုတ် ပါဘူး။ အတိုက်အခံဝက်ဘ် ဆိုက် The Irrawaddy က ဦးနေ ဝင်းထွန်းဟာ ပအိုဝ့်းအမျိုးသား အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့သူ ဦး အောင်ခမ်းထီရဲ့ ညာလက်ရုံး အဖြစ် ဖော်ပြခဲ့ဖူးပါတယ်။ ရှမ်း ပြည်နယ် တောင်ပိုင်းမှာ ဩဇာ ကြီးမားတဲ့ အဲဒီအဖွဲ့အစည်းဟာ ၁၉၉၁ မှာ စစ်အစိုးရနဲ့ ပြန်လည် သင့်မြတ်မှု ရရှိထားတာပါ။

မြန်မာစစ်အစိုးရရဲ့ အဆင့် မြင့် ဗိုလ်ချုပ်ကြီးတွေဟာ Ruby Dragonsရဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ လုပ်ငန်း တွေမှာ ရှယ်ယာရှင်တွေအဖြစ် ပါဝင်နေတယ်လို့ ယုံကြည်ရ ကြောင်း ၂၀၀၈ ခုနှစ် အတွင်းက The Irrawaddyက ဖော်ပြဖူးပါ တယ်။ ပြီးတော့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွေတုန်းက ကုမ္ပဏီ အနေနဲ့ မက်ထရစ်တန် ၃၀၀၀ ရှိတဲ့ ဧရာမ ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရဆီ လှူဒါန်းဖူးခဲ့ တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ကိုရဲမြတ်သူက တော့ သူ့လုပ်ငန်းမှာ သူ့ဖခင် ရဲ့ အရှိန်အဝါကို တိုက်ရိုက်မှီခို ဖို့ သိပ်စိတ်မပါခဲ့ပါဘူး။ ကုမ္ပဏီကို

တခြားလုပ် ငန်း တွေနည်းတူသူက ထူထောင်ခဲ့ပါတယ်။

‘‘အဆက်အသွယ်တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ဒါတွေကို အသုံးချဖို့ ဆိုတာက ကျွန်တော်တို့ရဲ့ တာဝန်ယူနိုင်မှု အပေါ်မှာ အဓိက မူတည်ပါတယ်။ အဆက် အသွယ်တွေ ရှိနေပေမယ့် ကျွန် တော်က မှန်မှန်ကန်ကန် အသုံး မချနိုင်ဘူးဆိုရင် ဘာမှမဟုတ် တော့တဲ့ အဓိပ္ပာယ်ပါပဲ။ လိုင်စင် တွေ၊ စာရွက်စာတမ်းကိစ္စတွေအ တွက် ကျွန်တော်က အဆင့်မြင့် အရာရှိကြီးတွေနဲ့ တွေ့ခွင့်ရခဲ့ပါ တယ်။ ဒီတော့ ဒီအပိုင်းမှာ ကျွန် တော့် အဖေရဲ့ လွှမ်းမိုးမှု မပါပါဘူးလို့တော့ ကျွန်တော် မပြောနိုင်ပါ ဘူး။ ဒါပေမဲ့ ဒီအဆက်အသွယ် တွေကို ညှိနှိုင်းဆွေးနွေးဖို့၊ စီမံ ကိုင်တွယ်ဖို့ ဆိုတာတွေ အား လုံးကို ကျွန်တော် တာဝန်ခံရ ပါတယ်။ ဒါကတော့ ကွဲပြားတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ’’ လို့ သူက ဆိုပါ တယ်။

ကိုရဲမြတ်သူနဲ့ ဂျနီဖာတို့ဟာ လုပ်ငန်းပိုင်းမှာ အရမ်းနီးစပ် ထိတွေ့အောင် ဂရုပြုလေ့ရှိပြီး သူတို့နဲ့ ဆက်နွှယ်နေသူတွေနဲ့ အတတ်နိုင်ဆုံး နီးကပ်နေအောင် အားထုတ်လေ့ ရှိပါတယ်။ သူတို့ ရဲ့ အိမ်ရာစီမံကိန်း လုပ်ငန်းအ ကြောင်း သိချင်တဲ့ ဖောက်သည် တွေကိုလည်း အပြည့်အဝ ကူညီ ပေးဖို့ ဘယ်တော့မှ ဆုတ်ဆိုင်း မနေပါဘူး။

‘‘ကျွန်မတို့ သတိထားမိတာ က ဖောက်သည်တွေဟာ Noble Twin Dragons နဲ့ ပတ်သက်ပြီး အများကြီး သိရှိမထားသေးဘူး ဆိုတာပါပဲ။ ရန်ကုန်က ပြည်တာဝါဟာ ကျွန်မတို့ရဲ့ ပထမဆုံးကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုပါပဲ။ဒါကြောင့်လည်း ဖောက် သည်တွေနဲ့ အတတ်နိုင်ဆုံး နီးစပ်အောင် ကြိုးစားပြီး Noble Twin Dragonsအကြောင်းရယ်၊ ကျွန်မတို့ လုပ်ဆောင်နေတဲ့ ပရောဂျက်တွေ အကြောင်းရယ်ကို ယုံကြည်အားထားလာအောင် လုပ်ဆောင်သင့်ပါတယ်’’ လို့ ဂျနီဖာက ကုမ္ပဏီရဲ့ ၂၃ ထပ် အမြင့်ရှိတဲ့ ဘက်စုံသုံး အဆောက်အအုံစီမံကိန်းကို ရည် ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

ဒီအဆောက်အအုံ စီမံကိန်း ကို အင်ဒိုနီးရှား အစိုးရပိုင် Wijaya Karya ကုမ္ပဏီက ဒေါ် လာ ၁၂၅ သန်းတန် စာချုပ်နဲ့ အကောင်အထည်ဖော် ဆောင် ရွက်နေပါတယ်။

အဆင့်အတန်း သတ်မှတ် ချက်တွေ သက်တမ်းရင့်ပြီး ပြုပြင် ထိန်းသိမ်းမှု အရမ်းအားနည်းတဲ့ အဆောက်အအုံတွေကို ရန်ကုန် မြို့ရဲ့ နေရာတိုင်းလိုလိုမှာ တွေ့ မြင်နိုင်ပါတယ်။ အများစုက သက် တမ်း လွန်နေပါပြီ။ ဒါပေမဲ့ ဆယ် စုနှစ်တွေ ကျော်လွန်လာတဲ့အထိလို အပ်တဲ့ မွမ်းမံပြုပြင်မှုတွေတော့ လုပ်မထားပါဘူး။

ဒါတောင်မှ ရန်ကုန်ရဲ့ အိမ်ခြံ မြေ ဈေးတွေအရဆိုရင် ကုမ္ပဏီ တွေအနေနဲ့ အဲဒီငွေကြေးကို အသုံးပြုပြီး စင်ကာပူက မာရီနာ ဘေးမှာ ရုံးခန်းဝယ်ပြီး ကုန် သွယ်မှု အချက်အချာ ရပ်ကွက် ကို အပေါ်စီးက မိုးကြည့်နေနိုင် မှာပါ။ အစိုးရအနေနဲ့ မြို့ထဲက ထင် ရှားတဲ့ စေတီတော်တွေထက် ပိုပြီးမြင့်တဲ့ အဆောက်အအုံတွေ မဆောက်ဖို့ တားမြစ်ကန့်သတ် ထားတာကြောင့် ရန်ကုန်မှာ မိုး မျှော်တိုက်ကြီးတွေ မရှိပါဘူး။ ဒါပေမဲ့ Colliers International ရဲ့ အဆိုအရ ရုံးခန်းဖွင့်ဖို့ အခန်းငှား ရမ်းခတွေက အရှေ့တောင်အာရှ ဒေသတွင်းမှာ ပျမ်းမျှအားဖြင့် ဈေးအကြီးဆုံးလို့တောင် သတ် မှတ်နိုင်ကြောင်း သိရပါတယ်။

ရန်ကုန်ရဲ့ ရုံးခန်း ငှားရမ်းခ ဟာ ဒီနှစ် ပထမ သုံးလပတ် ကာလအတွင်းမှာ ပျမ်းမျှအားဖြင့် တစ်စတုရန်း မီတာကို ၈၇ ဒေါ်လာလောက် ကျသင့်ပါတယ်။ ဒါဟာ အရှေ့တောင်အာရှရဲ့ ရုံးခန်းငှားရမ်းခ ဒုတိယ အမြင့် ဆုံးဖြစ်တဲ့ စင်ကာပူထက် ၂၁ ရာခိုင်နှုန်း ပိုများနေတဲ့ သဘော ပါ။

‘‘ကျွန်မတို့က ဒေသဆိုင် ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သလို အထပ်မြင့် အဆောက်အအုံတွေအတွက် လုံခြုံရေး စံသတ်မှတ်ချက်တွေ ရေးဆွဲတဲ့ အပိုင်းမှာလည်း အကူ အညီ ပေးခဲ့ပါတယ်။ ကျွန်မတို့ ချည်းပဲတော့ မဟုတ်ပါဘူး။ Wijaya Karya ကုမ္ပဏီနဲ့ စင် ကာပူက ဗိသုကာ အကြံပေး ကုမ္ပဏီ တစ်ခုကိုလည်း ဖိတ်ခေါ် ခဲ့ပါတယ်။ အဆောက်အအုံ တွေ ဘယ်လိုဘယ်ပုံ ဆောက်လုပ် သင့်တယ်၊ ဘယ်လိုဘယ်ပုံ ပြုပြင် ထိန်းသိမ်းသင့်တယ်၊ ပြီးတော့ ဘက်စုံသုံး အထပ်မြင့် အ ဆောက်အအုံတွေနဲ့ ပတ်သက်ပြီး ဘယ်လို စံနှုန်းတွေနဲ့ ထိန်းညှိ သတ်မှတ်သင့်တယ် ဆိုတာတွေ ကို အကြံပြုပေးနိုင်ဖို့ပါ’’ လို့ ဂျနီဖာက ဆိုပါတယ်။

ကိုရဲမြတ်သူဟာ ဂျကာတာ ကို အကြိမ်အနည်းငယ်သွားရောက် လည်ပတ်ခဲ့ပြီး ခရီးစဉ်တိုင်းမှာ အထပ်မြင့် အဆောက်အအုံတွေ ရဲ့ လုံခြုံရေး အဆင့်အတန်းကို ဘယ်လိုဘယ်ပုံ မြှင့်တင်မလဲဆို တဲ့ နည်းလမ်းတွေကို သူ့အနေနဲ့ ပိုပြီး စုဆောင်းသိရှိလာခဲ့ပါ တယ်။ ဒီလုပ်ငန်းရှင်ပုဂ္ဂိုလ်က တော့ ဂျကာတာ တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့ကို အသီးသီး အနားသတ်ပေးထားတဲ့ Sudirman နဲ့ Thamrin မျှော်စင် အဆောက် အအုံကြီးတွေ တည်ဆောက် ထားပုံကို အထင်တကြီး ရှိနေ ပါတယ်။

ကိုရဲမြတ်သူက ‘‘ကျွန်တော် တို့ အစိုးရကလည်း တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ တခြားအိမ် နီးချင်းနိုင်ငံတွေမှာ အဆောက် အအုံ တည်ဆောက်မှု စံသတ်မှတ် ချက်တွေ ဘယ်လိုဖြည့်သွင်း ပြဋ္ဌာန်းသလဲ ဆိုတာကို လေ့လာဖို့ သက်ဆိုင်ရာ အရာရှိတွေ အ များကြီး စေလွှတ်ခဲ့ပါတယ်။ အခုတော့ အဲဒီ ပုဂ္ဂိုလ်တွေက ဒီလို ကောင်းမွန်တဲ့ စနစ်တွေကိုအမီ လိုက်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ကြိုဆိုနေသလို သင်ယူဖို့လည်း စိတ်ထက်သန်နေကြပါပြီ’’လို့ ပြောကြားခဲ့ပါတယ်။

ဂျနီဖာကတော့ ရန်ကုန်မြို့ မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီး ရှိလာနေပြီလို့ မှတ်ချက်ပေး ပါတယ်။

‘‘တချို့သော အဆောက် အအုံတွေက လူနေတိုက်ခန်းတွေ၊ ဒါမှမဟုတ် ရုံးခန်းတွေ အဖြစ် အသုံးချဖို့ တည်ဆောက်ကြပါ တယ်။ ဒါပေမဲ့ ကျွန်မတို့ကတော့ရွှေဒေသမှာ ဘက်စုံသုံး ရည်ရွယ်ချက်နဲ့ အဆင့်မြင့်အိမ်ရာကြီး တစ်ခုကို ပထမဆုံး တည်ဆောက်ပြချင်ပါတယ်။ ဒီစီမံကိန်းကနေ ရုံးခန်းတွေ၊ ဆိုင်ခန်းတွေ၊ လူနေထိုင်နိုင်မယ့် နေရာတွေကို အဆင့်မြင့်အရည်အသွေး စံသတ်မှတ်ချက်တွေနဲ့ ဖြည့်ဆည်းပေးအပ်သွား ချင်ပါတယ်’’ လို့လည်း သူက ဆို ပါတယ်။

ရန်ကုန်ရဲ့ ဗဟိုချက် နှလုံး သား လမ်းမကြီး တစ်ခုလို့ တင်စားရမယ့် ပြည်လမ်းနဲ့အပြိုင်တည် ရှိနေတဲ့ ပြည်တာဝါ (PYAY Tower) ကတော့ မြန်မာနိုင်ငံရဲ့ သရုပ်သကန်နဲ့ ယဉ်ကျေးမှုအငွေ့ အသက်တွေကို ထိန်းသိမ်းထား မှာ ဖြစ်ပါတယ်။

‘‘ကျွန်တော်တို့က ခေတ်မီ အဆင့်မြင့် ရုံးခန်းနဲ့ အိမ်ခန်းတွေ ကို တိုင်းရင်းသား ရိုးရာနဲ့ မြန်မာ့ ယဉ်ကျေးမှု သွင်ပြင် လက္ခဏာ တွေ ပေါင်းစပ်ပြီး ပေးစွမ်းနိုင် တာမျိုး ဖြစ်ချင်တာပါ။ သက် သောင့် သက်သာရှိပြီး ပတ်ဝန်း ကျင်နဲ့ လိုက်ဖက်ညီထွေဖြစ် အောင် ကမ္ဘာ့အဆင့်သတ်မှတ် ချက်တွေအတိုင်း တည်ဆောက် ခြင်းဟာ တကယ့်စိန်ခေါ်မှု တစ်ခု ပါပဲ’’ လို့လည်း ကိုရဲမြတ်သူက ရှင်းပြသွားခဲ့ပါတယ်။

(thejakartaglobe မှ Noble Twin Dragons Guides Myanmar Out of the Fog ဆောင်းပါးကို ဇွဲရဲဝင့်ဘာသာပြန်ဆိုသည်)
7Day Daily

0 comments:

Post a Comment