ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့၊ ကုတင် ၂၀၀ ပြည့်သူဆေးရုံဝန်းအတွင်းနေထိုင်တဲ့ ဒေါက်တာတစ်ဦးနေအိမ်မှ ငွေကျပ်သိန်း ၁၅၀ ကျော် တန်ဖိုးရှိရွှေထည်ပစ္စည်းများအပါအဝင် ပစ္စည်း ၁၅ မျိုးကို ခိုးယူသွားသူ ၂ ဦးအား ဇန်နဝါရီလ ၁၂ ရက်က ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံက သိရသည်။
ဆေးရုံဝန်းထဲက ခွဲစိတ်ဆရာဝန်ရဲ့နေအိမ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ဖောက်ထွင်းခံရကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ရဲစခန်းကို လာရောက်တိုင်တန်းတာကြောင့် တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းမှာဖမ်းမိခဲ့တာလို့ ၃ မိုင် နာ်မြေရဲစခန်းမှူ း ရဲအုပ် တင်ဖေက ပြောကြားခဲ့သည်။
ပြစ်မှုကျူးလွန်သူ ၂ ဦးကတော့ ၃ မိုင်မြို့၊ ၂ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် ရဲဇော်(ခ) ရဲဇော်ထက်နဲ့ အသက် ၁၈ နှစ်အရွယ် သီဟတို့ဖြစ်ပြီး ရဲတပ်ဖွဲ့က မင်္သာကာလို့ စစ်ဆေးစဉ် ပြစ်မှုကျူးလွန်ကြောင်းဝန်ခံခဲ့ပြီး ခိုးယူသွားတဲ့ ပစ္စည်းတွေပါ ပြန်ရရှိခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရသည်။
ရဲဇော်(ခ)ရဲဇော်ထက်နဲ့ သီဟ တို့ ၂ ဦးကို လပွတ္တာ မြို့နယ်၊ ၃ မိုင်နယ်မြေရဲစခန်းမှာ (ပ) ၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ထားပြီး ၎င်းတို့ ၂ ဦး ကို လပွတ္တာမြို့မရဲစခန်းမှာ စစ်ဆေးနေကြောင်း ၃ မိုင် နယ်မြေရဲစခန်းမှ သိရသည်။
Ref : Ayeyarwaddy-Times #Myanmar_Online_News
<<Zawgyi>>
၃ မိုင်ပြည်သူ့ဆေးရုံဝန်းအတွင်း ဝင်ရောက်ကာ သိန်း ၁၅၀ ကျော်ဖိုး ဖောက်ထွင်းခိုးယူသူ ၂ ဦးကို ဖမ်းမိ
Monday , January 13 , 2020
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့၊ ကုတင် ၂၀၀ ပြည့်သူဆေးရုံဝန်းအတွင်းနေထိုင်တဲ့ ဒေါက်တာတစ်ဦးနေအိမ်မှ ငွေကျပ်သိန်း ၁၅၀ ကျော် တန်ဖိုးရှိရွှေထည်ပစ္စည်းများအပါအဝင် ပစ္စည်း ၁၅ မျိုးကို ခိုးယူသွားသူ ၂ ဦးအား ဇန်နဝါရီလ ၁၂ ရက်က ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံက သိရသည်။
ဆေးရုံဝန်းထဲက ခွဲစိတ်ဆရာဝန်ရဲ့နေအိမ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ဖောက်ထွင်းခံရကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ရဲစခန်းကို လာရောက်တိုင်တန်းတာကြောင့် တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းမှာဖမ်းမိခဲ့တာလို့ ၃ မိုင် နာ်မြေရဲစခန်းမှူ း ရဲအုပ် တင်ဖေက ပြောကြားခဲ့သည်။
ပြစ်မှုကျူးလွန်သူ ၂ ဦးကတော့ ၃ မိုင်မြို့၊ ၂ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် ရဲဇော်(ခ) ရဲဇော်ထက်နဲ့ အသက် ၁၈ နှစ်အရွယ် သီဟတို့ဖြစ်ပြီး ရဲတပ်ဖွဲ့က မင်္သာကာလို့ စစ်ဆေးစဉ် ပြစ်မှုကျူးလွန်ကြောင်းဝန်ခံခဲ့ပြီး ခိုးယူသွားတဲ့ ပစ္စည်းတွေပါ ပြန်ရရှိခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရသည်။
ရဲဇော်(ခ)ရဲဇော်ထက်နဲ့ သီဟ တို့ ၂ ဦးကို လပွတ္တာ မြို့နယ်၊ ၃ မိုင်နယ်မြေရဲစခန်းမှာ (ပ) ၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ထားပြီး ၎င်းတို့ ၂ ဦး ကို လပွတ္တာမြို့မရဲစခန်းမှာ စစ်ဆေးနေကြောင်း ၃ မိုင် နယ်မြေရဲစခန်းမှ သိရသည်။
Ref : Ayeyarwaddy-Times #Myanmar_Online_News

0 comments:
Post a Comment