Sunday, January 12, 2020

ဖိလစ်ပိုင်မီးတောင်ပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်ရောက် မြန်မာများ သတိရှိရန် သံရုံးထုတ်ပြန်

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာနှင့် ၆၂ မိုင်ခန့်အကွာရှိ Taal မီးတောင်ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသားများသတိရှိရန် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာမြန်မာသံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

‘ဖိလစ်ပိုင်ရောက် မြန်မာနိုင်ငံသားများသတိရှိကြရန် (အထူးသဖြင့်Cavite ဘက်နေသူများ) သတင်းပေးအပ်ပါသည်’ ဟု မြန်မာသံရုံးက ထုတ်ပြန်သည်။
အဆိုပါ Taal မီးတောင်ပေါက်ကွဲမှုကို ယမန်နေ့ညတွင် အန္တရာယ်ရှိသည့်အခြေအနေ အဆင့် (၄) သတ်မှတ်ပြီး ဖိလစ်ပိုင်ကျန်းမာရေးဌာနက မီးခိုးပြာများ ဂရုုစိုက်ရန် ကြေညာထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အထက်ပါမီးတောင်ပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် လေကြောင်းလိုင်းများနှင့် စာသင်ကျောင်းများ ပိတ်ထားသည်။
<zawgyi>
ဖိလစ်ပိုင်မီးတောင်ပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်ရောက် မြန်မာများ သတိရှိရန် သံရုံးထုတ်ပြန်
Monday , January 13 , 2020

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာနှင့် ၆၂ မိုင်ခန့်အကွာရှိ Taal မီးတောင်ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသားများသတိရှိရန် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာမြန်မာသံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
‘ဖိလစ်ပင်းရောက် မြန်မာနိုင်ငံသားများသတိရှိကြရန် (အထူးသဖြင့်Cavite ဘက်နေသူများ) သတင်းပေးအပ်ပါသည်’ ဟု မြန်မာသံရုံးက ထုတ်ပြန်သည်။
အဆိုပါ Taal မီးတောင်ပေါက်ကွဲမှုကို ယမန်နေ့ညတွင် အန္တရာယ်ရှိသည့်အခြေအနေ အဆင့် (၄) သတ်မှတ်ပြီး ဖိလစ်ပိုင်ကျန်းမာရေးဌာနက မီးခိုးပြာများ ဂရုစိုက်ရန် ကြေညာထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အထက်ပါမီးတောင်ပေါက်ကွဲမှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် လေကြောင်းလိုင်းများနှင့် စာသင်ကျောင်းများ ပိတ်ထားသည်။

0 comments:

Post a Comment