Sunday, January 19, 2020

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေအကြား ပစ်ခတ်မှုဖြစ်ခဲ့ကာ ဘင်္ဂါလီအမျိုးသားတစ်ဦး သေဆုံး

Image may contain: ocean, outdoor, water and nature
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB နဲ့ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ(မူရင်းအသုံး ရိုဟင်ဂျာ) အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဟီလာယူနီယံ ဂျာဒီမူရာအရပ်မှာ တနင်္ဂနွေနေ့ မနက်အစောပိုင်းအချိန်က အခင်းဖြစ်ခဲ့တာဖြစ်ကြောင်း တက်ခ်နတ်ဒေသ အမှတ် နယ်ခြားစောင့်တပ်ရင်းမှူးက ပြောဆိုခဲ့ပါတယ်။
သေဆုံးသူဟာ အူခီယာခရိုင် ကူတူပါလောင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မိုဟာမက် အိုင်ယတ်စ်ဆိုသူဖြစ်ကြောင်းနဲ့ အိုင်ယတ်စ်ဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတစ်ဦးဖြစ်တယ်လို့ BGB တာဝန်ရှိသူတွေက ယုံကြည်ထားကြောင်း သိရပါတယ်။
မူးယစ်ကုန်ကူးသူတွေ မှောင်ခိုသွင်းလာတဲ့ ယာဘဆေးပြားများစွာ လက်လွှဲပေးဖို့ရှိနေတယ်ဆိုတဲ့ သတင်းအရ BGB တပ်ဖွဲ့တစ်ခုဟာ နတ်မြစ်ရဲ့ နယ်စပ်ဆုံမှတ်တစ်ခုမှာ စစ်ဆေးစောင့်ကြည့်မှုလုပ်ခဲ့ကြောင်း၊ ယင်းသို့လုပ်စဉ် မြစ်ကို လှေတစ်စီးနဲ့ ဖြတ်ကူးလာတဲ့ အုပ်စုတစ်ခုကို ရပ်တန့်ခိုင်းခဲ့ကြောင်း နယ်ခြားစောင့်တပ်ရင်းမှူးက ပြောပါတယ်။ ဒါပေမဲ့ ယင်း အမျိုသားအုပ်စုက ပစ်ခတ်လာတာကြောင့် BGB ဘက်က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အခင်းဖြစ်စဉ်မှာ အမျိုးသား သုံးဦးက ရေထဲ ခုန်ချ ထွက်ပြေးသွားခဲ့ပြီး အိုင်ယတ်စ်ကတော့ လှေပေါ်မှာ ဒဏ်ရာနဲ့ ကျန်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုပါတယ်။
အိုင်ယတ်စ်ကို ကော့ဘဇားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမယ့် ဆရာဝန်တွေက သေဆုံးခဲ့ပြီလို့ အတည်ပြုခဲ့ကြကြောင်း သိရပါတယ်။
အခင်းဖြစ်စဉ်မှာ BGB တပ်ဖွဲ့ဝင် သုံးဦးလည်း ဒဏ်ရာရခဲ့ပြီး ယာဘ ဆေးပြား ၂၂၀၀၀၀၊ သေနတ် နှစ်လက်၊ ကျည်တစ်တောင့်နဲ့ ကျည်ခွံတစ်ခုကို အခင်းဖြစ်နေရာကနေ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
Ref : bdnews24
<zawgyi>
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေအကြား ပစ်ခတ်မှုဖြစ်ခဲ့ကာ ဘင်္ဂါလီအမျိုးသားတစ်ဦး သေဆုံး
Sunday , January 19 , 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB နဲ့ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ(မူရင်းအသုံး ရိုဟင်ဂျာ) အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဟီလာယူနီယံ ဂျာဒီမူရာအရပ်မှာ တနင်္ဂနွေနေ့ မနက်အစောပိုင်းအချိန်က အခင်းဖြစ်ခဲ့တာဖြစ်ကြောင်း တက်ခ်နတ်ဒေသ အမှတ် နယ်ခြားစောင့်တပ်ရင်းမှူးက ပြောဆိုခဲ့ပါတယ်။
သေဆုံးသူဟာ အူခီယာခရိုင် ကူတူပါလောင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မိုဟာမက် အိုင်ယတ်စ်ဆိုသူဖြစ်ကြောင်းနဲ့ အိုင်ယတ်စ်ဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတစ်ဦးဖြစ်တယ်လို့ BGB တာဝန်ရှိသူတွေက ယုံကြည်ထားကြောင်း သိရပါတယ်။
မူးယစ်ကုန်ကူးသူတွေ မှောင်ခိုသွင်းလာတဲ့ ယာဘဆေးပြားများစွာ လက်လွှဲပေးဖို့ရှိနေတယ်ဆိုတဲ့ သတင်းအရ BGB တပ်ဖွဲ့တစ်ခုဟာ နတ်မြစ်ရဲ့ နယ်စပ်ဆုံမှတ်တစ်ခုမှာ စစ်ဆေးစောင့်ကြည့်မှုလုပ်ခဲ့ကြောင်း၊ ယင်းသို့လုပ်စဉ် မြစ်ကို လှေတစ်စီးနဲ့ ဖြတ်ကူးလာတဲ့ အုပ်စုတစ်ခုကို ရပ်တန့်ခိုင်းခဲ့ကြောင်း နယ်ခြားစောင့်တပ်ရင်းမှူးက ပြောပါတယ်။ ဒါပေမဲ့ ယင်း အမျိုသားအုပ်စုက ပစ်ခတ်လာတာကြောင့် BGB ဘက်က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အခင်းဖြစ်စဉ်မှာ အမျိုးသား သုံးဦးက ရေထဲ ခုန်ချ ထွက်ပြေးသွားခဲ့ပြီး အိုင်ယတ်စ်ကတော့ လှေပေါ်မှာ ဒဏ်ရာနဲ့ ကျန်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုပါတယ်။
အိုင်ယတ်စ်ကို ကော့ဘဇားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမယ့် ဆရာဝန်တွေက သေဆုံးခဲ့ပြီလို့ အတည်ပြုခဲ့ကြကြောင်း သိရပါတယ်။
အခင်းဖြစ်စဉ်မှာ BGB တပ်ဖွဲ့ဝင် သုံးဦးလည်း ဒဏ်ရာရခဲ့ပြီး ယာဘ ဆေးပြား ၂၂၀၀၀၀၊ သေနတ် နှစ်လက်၊ ကျည်တစ်တောင့်နဲ့ ကျည်ခွံတစ်ခုကို အခင်းဖြစ်နေရာကနေ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
Ref : bdnews24

0 comments:

Post a Comment