Sunday, January 19, 2020

ဗီယက်နမ်မိန်းကလေးက မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက် မိသားစုဝင်များကပင် မမှတ်မိတော့သည်အထိ ရုပ်ရည်ပြောင်းလဲသွားခဲ့

Image may contain: 2 people, people sitting

ဗီယက်နမ်နိုင်ငံက ထရန်ဗူဗန်အန်း လို့အမည်ရတဲ့ အသက် ၂၂ နှစ်အရွယ် မိန်းကလေးက မိသားစုတွေမသိအောင် မျက်နှာခွဲစိတ်ပြုပြင်လာခဲ့ပြီးတဲ့နောက် အိမ်ပြန်လာချိန်မှာ မိသားစုဝင်တွေက တောင်မမှတ်မိတော့တဲ့အထိ ရုပ်ရည် သွင်ပြင်ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။ 
အမေပေးတဲ့ရုပ်ရည်သွင်ပြင်ကို အပြောင်းလဲကြီးပြောင်းပစ်လိုက်တဲ့ သူ့ ကို သူ့အမေကတောင် တစ်လလောက် စကားမပြောဘဲ ရှောင်နေခဲ့ပြီး ဆွေမျိုး သားချင်းတွေကလည်း သူမှန်းမမှတ်မိ ကြတော့ဘူးလို့ ထရန်ဗူဗန်အန်းက ဆိုပါ တယ်။ 

သူ့ဆီမှာရှိတဲ့ နှာခေါင်းကြီးကြီးနဲ့ မေးစေ့ပျောက်နေတဲ့ပုံစံကြောင့် အမြဲ တမ်းလိုလို ရှက်ရွံ့စိတ်ဖြစ်နေခဲ့ပြီး ယုံ ကြည်ချက်မရှိခဲ့ဘူးလို့ ထရန်ဗူဗန်အန်း ကဆိုပါတယ်။ ဘဝမှာ အပြောင်းအလဲကြီး ဖြစ်စေဖို့ ခွဲစိတ်ပြုပြင်မှုလုပ်ဖို့ အမြဲတမ်း ဆန္ဒရှိနေခဲ့တယ်လို့ သူကဆိုပါတယ်။ 

ဧည့်ကြိုစာရေးနဲ့ စားပွဲထိုးအဖြစ်အလုပ် နှစ်မျိုးလုပ်ကိုင်ပြီး ငွေစုခဲ့ကာ အသက် ၁၉ နှစ်အရွယ်မှာ နှာခေါင်းခွဲစိတ်ပြုပြင် မှုစတင်လုပ်ခဲ့တယ်လို့ ထရန်က ဆိုပါတယ်။ နောက်ပိုင်းမှာ ရင်သားတုထည့် တာ၊ မျက်ရစ်ခွဲစိတ်တာတွေနဲ့ မျက်နှာ မှာ Filler သွင်းတာတွေ ဆက်တိုက်လုပ်ဖြစ် သွားခဲ့ပြီး သုံးနှစ်အကြာမှာတော့ အရင်က သွင်ပြင်နဲ့မတူဘဲ လှပတဲ့မိန်းကလေးအ သွင်မျိုးပြောင်းလဲသွားတဲ့အတွက် ကျေ နပ်ခဲ့တယ်လို့ ထရန်ကဆိုပါတယ်။ 

လက်ရှိမှာတော့ အလှအပဆိုင်ရာနယ်ပယ်မှာ လုပ်ကိုင်နေပြီဖြစ်တဲ့ ထရန်က သူရဲ့ခွဲ စိတ်ပြုပြင်မှုတွေအတွက် လုံးဝနောင်တမရဘဲဘဝက ပိုပြီးသာယာလှပနေပြီလို့ ဆိုပါတယ်။
Image may contain: 1 person, eyeglasses
Image may contain: 2 people, people sitting

Ref ; Pyi Myanmar
<zawgyi>
ဗီယက်နမ်မိန်းကလေးက မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက် မိသားစုဝင်များကပင် မမှတ်မိတော့သည်အထိ ရုပ်ရည်ပြောင်းလဲသွားခဲ့
Sunday , January 19 , 2020

ဗီယက်နမ်နိုင်ငံက ထရန်ဗူဗန်အန်း လို့အမည်ရတဲ့ အသက် ၂၂ နှစ်အရွယ် မိန်းကလေးက မိသားစုတွေမသိအောင် မျက်နှာခွဲစိတ်ပြုပြင်လာခဲ့ပြီးတဲ့နောက် အိမ်ပြန်လာချိန်မှာ မိသားစုဝင်တွေက တောင်မမှတ်မိတော့တဲ့အထိ ရုပ်ရည် သွင်ပြင်ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါ တယ်။ အမေပေးတဲ့ရုပ်ရည်သွင်ပြင်ကို အပြောင်းလဲကြီးပြောင်းပစ်လိုက်တဲ့ သူ့ ကို သူ့အမေကတောင် တစ်လလောက် စကားမပြောဘဲ ရှောင်နေခဲ့ပြီး ဆွေမျိုး သားချင်းတွေကလည်း သူမှန်းမမှတ်မိ ကြတော့ဘူးလို့ ထရန်ဗူဗန်အန်းက ဆိုပါ တယ်။ သူ့ဆီမှာရှိတဲ့ နှာခေါင်းကြီးကြီးနဲ့ မေးစေ့ပျောက်နေတဲ့ပုံစံကြောင့် အမြဲ တမ်းလိုလို ရှက်ရွံ့စိတ်ဖြစ်နေခဲ့ပြီး ယုံ ကြည်ချက်မရှိခဲ့ဘူးလို့ ထရန်ဗူဗန်အန်း ကဆိုပါတယ်။ ဘဝမှာ အပြောင်းအလဲကြီး ဖြစ်စေဖို့ ခွဲစိတ်ပြုပြင်မှုလုပ်ဖို့ အမြဲတမ်း ဆန္ဒရှိနေခဲ့တယ်လို့ သူကဆိုပါတယ်။ ဧည့်ကြိုစာရေးနဲ့ စားပွဲထိုးအဖြစ်အလုပ် နှစ်မျိုးလုပ်ကိုင်ပြီး ငွေစုခဲ့ကာ အသက် ၁၉ နှစ်အရွယ်မှာ နှာခေါင်းခွဲစိတ်ပြုပြင် မှုစတင်လုပ်ခဲ့တယ်လို့ ထရန်က ဆိုပါ တယ်။ နောက်ပိုင်းမှာ ရင်သားတုထည့် တာ၊ မျက်ရစ်ခွဲစိတ်တာတွေနဲ့ မျက်နှာ မှာ Filler သွင်းတာတွေ ဆက်တိုက်လုပ်ဖြစ် သွားခဲ့ပြီး သုံးနှစ်အကြာမှာတော့ အရင်က သွင်ပြင်နဲ့မတူဘဲ လှပတဲ့မိန်းကလေးအ သွင်မျိုးပြောင်းလဲသွားတဲ့အတွက် ကျေ နပ်ခဲ့တယ်လို့ ထရန်ကဆိုပါတယ်။ လက် ရှိမှာတော့ အလှအပဆိုင်ရာနယ်ပယ်မှာ လုပ်ကိုင်နေပြီဖြစ်တဲ့ ထရန်က သူရဲ့ခွဲ စိတ်ပြုပြင်မှုတွေအတွက် လုံးဝနောင်တ မရဘဲ ဘဝကပိုပြီးသာယာလှပနေပြီလို့ ဆိုပါတယ်။
Ref ; Pyi Myanmar

0 comments:

Post a Comment