အီရန်နိုင်ငံမှ သိပ္ဗံပညာရှင်များ ပြုလုပ်ထားသော ”ဇဖာ(Zafar)”အမည်ရှိ ဂြိုဟ်တုကို အာကာသတွင်း လွှတ်တင်ရန် အသင့်ဖြစ်နေပြီဟု အီရန်အာကာသအေဂျင်စီကပြောကြားကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းဌာနက ယမန်နေ့(ဇန်နဝါရီ ၁၉)ကပြောသည်။
”နောက် သုံးလအတွင်းမှာ အဲဒီဂြိုဟ်တုကို အာကာသထဲလွှတ်တင်မှာပါ”ဟု ဇဖာကို ပုံစံထုတ်သော အီရန် သိပ္ဗံနှင့် နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူ ဂျင်ဘာအလီဇကာရီကဆိုသည်။
ဇဖာဂြိုဟ်တုမှာ ၉၀ ကီလိုဂရမ်အလေးချိန်ရှိသော အဝေးထိန်းဂြိုဟ်တုဖြစ်ပြီး ရောင်စုံကင်မရာများကိုတပ်ဆင်ထားကာ ရေနံကြောများ၊ သတ္တုကြောများ၊ တောအုပ်များနှင့် သဘာဝဘေးအန္တရာယ်များကို ဆန်းစစ်လေ့လာနိုင်ကြောင်း အီရန် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး မော်တက်ဇာဘရာရီကပြောသည်။
အဆိုပါ ဂြိုဟ်တုသည် အာကာသအတွင်းမှ ကမ္ဘာကိုပတ်နေနိုငပြီး သတင်းအချက်အလက်များအား မြေပြင်စခန်းဆီသို့ပြန်ပို့ပေးနေမည်ဖြစ်သည်။
ဂြိုဟ်တုကို အောင်မြင်စွာပစ်လွှတ်နိုင်ပြီဆိုပါက ယင်းဂြိုဟ်တုသည် မြေပြင်အထက် အမြင့် ၅၃၀ ကီလိုမီတာခန့်မှ နေ၍ ၁၈လကြာသည်အထိ ကမ္ဘာကိုပတ်ကာ အလုပ်လုပ်နေမည်ဖြစ်သည်။
အီရန်တို့သည် သက်ရှိသတ္တဝါများပါဝင်သော ဂြိုဟ်တုတစ်ခုကို ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက Kavoshgar-3(စူးစမ်းရှာဖွေသူ -၃) အမည်ရှိ သယ်ဆောင်ရေး ဒုံးပျံကိုအသုံးပြု၍ အာကာသအတွင်းသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီးဖြစ်သည်။
ထို့အပြင် ပထမဆုံးသော အီရန်ပြည်တွင်းဖြစ် ”အိုမစ်(မျှော်လင့်ချက်)”ဟူသည့် ဂြိုဟ်တုကိုလည်း ၂၀၀၉ ခုနှစ်ကတည်းက အာကာသတွင်းသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီးဖြစ်သည်။
Source: Xinhua
<zawgyi>
”ဇဖာ”အမည်ရှိ အီရန်ပြည်တွင်းဖြစ်ဂြိုဟ်တု အာကာသတွင်းလွှတ်တင်ရန် အသင့်
Monday , January 20 , 2020

0 comments:
Post a Comment