၂၀၂၀ ဇန်နဝါရီ ၁၉ရက် ည(၁၁:၃၀) အချိန် ခန့်ကကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ကျွန်းတော(၁)လမ်း ရှိ ၅ထပ်တိုက် ငါးလွှာ အခန်းအမှတ်(5.B)တွင် ဦးမောင်မောင်(ခ) ဦးဟူစိန် တစ်ဦးတည်းရှိနေစဉ်တိုက်ခန်းအတွင်းသို့ အမျိုးသားတစ်ဦး ဝင်လာပြီး ဓားဖြင့်ထိုးခုတ်၍ နှစ်ဦးသား လုံးထွေးသတ်ပုတ်အော်ဟစ်သံကြောင့် ဘေးခန်းရှိ ၎င်း၏ မိသားစုဝင်များ ထွက်လာကြကြောင်းသိရသည်။
အဆိုပါ အမျိုးသားမှာ တိုက်ခန်းအနောက်ပေါက်မှ ထွက်ပြေးရာ တိုက်ပေါ်မှပြုတ်ကျ သတိလစ်နေပြီး ဓားဒဏ်ရာကြောင့်.... ဦးမောင်မောင်(ခ)ဦးဟူစိန်(၅၉.နှစ်)တွင်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ထိုသို့ ဖြစ်ပွားမှုကြောင့် အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးအောင်ဝင်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့ ရောက်ရှိလာကာ ၎င်းတို့နှစ်ဦးအား မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သတင်း - နေနော်(မြဝတီ)
<zawgyi>
အိမ်ရှင်ကို သူခိုးမှဓားနဲ့ခုတ်ပြီးပြေးရာ ငါးထပ်တိုက်ပေါ်ကပြုတ်ကျပြီး သူခိုးရော အိမ်ရှင်ပါ အရေးပေါ်အခြေအနေဖြင့် ဆေးရုံရောက်
Monday , January 20 , 2020
၂၀၂၀ ဇန်နဝါရီ ၁၉ရက် ည(၁၁:၃၀) အချိန် ခန့်ကကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ကျွန်းတော(၁)လမ်း ရှိ ၅ထပ်တိုက် ငါးလွှာ အခန်းအမှတ်(5.B)တွင် ဦးမောင်မောင်(ခ) ဦးဟူစိန် တစ်ဦးတည်းရှိနေစဉ်တိုက်ခန်းအတွင်းသို့ အမျိုးသားတစ်ဦး ဝင်လာပြီး ဓားဖြင့်ထိုးခုတ်၍ နှစ်ဦးသား လုံးထွေးသတ်ပုတ်အော်ဟစ်သံကြောင့် ဘေးခန်းရှိ ၎င်း၏ မိသားစုဝင်များ ထွက်လာကြကြောင်းသိရသည်။
အဆိုပါ အမျိုးသားမှာ တိုက်ခန်းအနောက်ပေါက်မှ ထွက်ပြေးရာ တိုက်ပေါ်မှပြုတ်ကျ သတိလစ်နေပြီး ဓားဒဏ်ရာကြောင့်.... ဦးမောင်မောင်(ခ)ဦးဟူစိန်(၅၉.နှစ်)တွင်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ထိုသို့ ဖြစ်ပွားမှုကြောင့် အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးအောင်ဝင်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့ ရောက်ရှိလာကာ ၎င်းတို့နှစ်ဦးအား မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်း - နေနော်(မြဝတီ)

0 comments:
Post a Comment