Wednesday, January 22, 2020

သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲသဖြင့် ဒေသခံပြည်သူ တစ်ဦး ဒဏ်ရာရရှိ

Image may contain: sky and outdoor, text that says 'ကျောက်မဲမြို့'

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မင်းကုန်းရွာမကျေးရွာနေ မနန်း ပေါင်ဟွမ်း(ဘ) ဦးစုန္ဒသည် ၎င်း၏ ညီမဝမ်းကွဲ တော်စပ်သူ မမေရီ(ဘ)ဦးကျော်အေးအား ကျောက်မဲမြို့သို့ ပို့ဆောင်ရန် သွားရောက်စဉ် ကလော်ဝမ်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၈၀၀ ခန့်အကွာသို့အရောက်၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား မနန်းပေါင်ဟွမ်းမှ တိုက်မိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းထိလူနာအား ကျောက်မဲမြို့၊ လူမှုကူညီရေးအသင်းမှ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သိရှိရသည်။

<zawgyi>
သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲသဖြင့် ဒေသခံပြည်သူ တစ်ဦး ဒဏ်ရာရရှိ
Wednesday, January 22, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲသဖြင့် ဒေသခံပြည်သူ တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မင်းကုန်းရွာမကျေးရွာနေ မနန်း ပေါင်ဟွမ်း(ဘ) ဦးစုန္ဒသည် ၎င်း၏ ညီမဝမ်းကွဲ တော်စပ်သူ မမေရီ(ဘ)ဦးကျော်အေးအား ကျောက်မဲမြို့သို့ ပို့ဆောင်ရန် သွားရောက်စဉ် ကလော်ဝမ်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၈၀၀ ခန့်အကွာသို့အရောက်၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား မနန်းပေါင်ဟွမ်းမှ တိုက်မိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းထိလူနာအား ကျောက်မဲမြို့၊ လူမှုကူညီရေးအသင်းမှ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သိရှိရသည်။
#Myanmar_Online_News

0 comments:

Post a Comment