ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် တရားမဝင် ဝင်ရောက်လာပြီး နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို ဇန်နဝါရီလ (၁၉)ရက်က ဖမ်းဆီးပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ မူဆယ်မြို့၊ မြို့မရဲစခန်းက သိရပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းက မူဆယ်မြို့နယ် ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ ပါဝင်တဲ့ အဖွဲ့ဟာ လောင်းကစားပြုလုပ်နေတယ်လို့ သတင်းရထားတဲ့ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းဘေးက အိမ်အမှတ်(မရှိ)၊ ခြံဝန်းအတွင်းကို ဝင်ရောက်ရှာဖွေရာ လောက်စော(ခ)အားရှင်း ဆိုသူကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီနောက် နေအိမ်အတွင်း ရှာဖွေခဲ့ရာ ယာဘက်မီးဖိုဆောင်ဘေး အခန်းတစ်ခုအတွင်းကနေ ဖြုတ်သိမ်းထားတဲ့ ပဲကြားလှော်ဖဲကစားခုံ(၃)ခုကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် နေအိမ်ထမင်းစားခန်းအတွင်းကနေ တရုတ်နိုင်ငံ၊ ကျန်ချီးပြည်နယ်၊ ရီချန်မြို့နေထိုင်သူ တရုတ်နိုင်ငံသား ဝူကျင့်ကျိန်း (၄၂) နှစ်အပါအဝင်၊ စုစု ပေါင်း ကျား(၃၈)ဦးနဲ့ မ(၄)ဦးတို့ကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီ တရုတ်နိုင်ငံသားတွေကို မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက စိစစ်မေးမြန်းရာ တရားဝင်အထောက်အ ထား မပါဘဲ နယ်စပ် တရားမဝင်ဝင်ပေါက်တွေကနေ ဝင်ရောက်လာပြီး မူဆယ်မြို့တွင် နေထိုင်နေကြတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ မူဆယ်မြို့နယ် ရဲစခန်းက သိရပါတယ်။ အဲဒါကြောင့် လောက်စော(ခ)အားရှင်းကို လောင်းကစားဥပဒေပုဒ်မ-၂၆/ကျင့် (၁၁၀) နဲ့ အရေးယူခဲ့ပြီး တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား (၄၂) ဦးကို လဝကဥပဒေပုဒ်မ-၁၃(၁)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Ref ; One News Myanmar #MyanmarOnlineNews
<zawgyi>
မူဆယ်မြို့တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား(၄၂)ဦးအား ဖမ်းဆီးအရေးယူ
Wednesday , January 22 , 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် တရားမဝင် ဝင်ရောက်လာပြီး နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို ဇန်နဝါရီလ(၁၉)ရက်က ဖမ်းဆီးပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ မူဆယ်မြို့၊ မြို့မရဲစခန်းက သိရပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းက မူဆယ်မြို့နယ် ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ ပါဝင်တဲ့ အဖွဲ့ဟာ လောင်းကစားပြုလုပ်နေတယ်လို့ သတင်းရထားတဲ့ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းဘေးက အိမ်အမှတ်(မရှိ)၊ ခြံဝန်းအတွင်းကို ဝင်ရောက်ရှာဖွေရာ လောက်စော(ခ)အားရှင်း ဆိုသူကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီနောက် နေအိမ်အတွင်း ရှာဖွေခဲ့ရာ ယာဘက်မီးဖိုဆောင်ဘေး အခန်းတစ်ခုအတွင်းကနေ ဖြုတ်သိမ်းထားတဲ့ ပဲကြားလှော်ဖဲကစားခုံ(၃)ခုကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် နေအိမ်ထမင်းစားခန်းအတွင်းကနေ တရုတ်နိုင်ငံ၊ ကျန်ချီးပြည်နယ်၊ ရီချန်မြို့နေထိုင်သူ တရုတ်နိုင်ငံသား ဝူကျင့်ကျိန်း (၄၂) နှစ်အပါအဝင်၊ စုစု ပေါင်း ကျား(၃၈)ဦးနဲ့ မ(၄)ဦးတို့ကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီ တရုတ်နိုင်ငံသားတွေကို မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက စိစစ်မေးမြန်းရာ တရားဝင်အထောက်အ ထား မပါဘဲ နယ်စပ် တရားမဝင်ဝင်ပေါက်တွေကနေ ဝင်ရောက်လာပြီး မူဆယ်မြို့တွင် နေထိုင်နေကြတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ မူဆယ်မြို့နယ် ရဲစခန်းက သိရပါတယ်။ အဲဒါကြောင့် လောက်စော(ခ)အားရှင်းကို လောင်းကစားဥပဒေပုဒ်မ-၂၆/ကျင့် (၁၁၀) နဲ့ အရေးယူခဲ့ပြီး တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား (၄၂) ဦးကို လဝကဥပဒေပုဒ်မ-၁၃(၁)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Ref ; One News Myanmar #MyanmarOnlineNews

0 comments:
Post a Comment