Thursday, January 16, 2020

ဗေလုဝ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာကြောင်း ဇနီးဖြစ်သူပြော

Image may contain: 1 person, sleeping

ဟာသသရုပ်ဆောင် အကယ်ဒမီဗေလုဝသည် လက်ရှိအခြေအနေတွင် အထူးကြပ်မတ်ဆောင် ICU တွင် ဆေးကုသမှုခံယူနေရ သော်လည်း ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ပြောသည်။

"ဒီမနက်ကတော့ အခြေအနေကောင်းလာပါတယ်။ မနေ့ကစပြီး အခြေအနေကောင်းတာပေါ့။ စကာ းပြောတာ မပီသပေမဲ့လည်း ဗလုံးထွေးနဲ့ပဲ နည်းနည်းတော့ပြောလာနိုင်တယ်။ မိန်းမ ရေပြန်ချိူးလိုက်ဦးမယ်နော်လို့ သူ့ကိုပြောတော့ 'အင်း' တဲ့ စကားသံ ပီပီသသထွက်လာတယ်။ အခုတော့ အစ်မကိုမှတ်မိလာတယ်။ မတွေ့ရင်လည်း လိုက်ရှာတယ်။ တော်တော်လေး တိုးတက်တယ်။ လူတွေကိုလည်း သိတယ်။ မှတ်မိတယ်။ အခုတော့ ဆရာဝန်တွေကသူ့ ကို ခေါင်းအေးအောင်ထားဖို့မှာတယ်။ စိတ်အေးလက်အေးနေခိုင်းတယ်။ ဘယ်သူမှမလာဘဲ သူ့ဘာသူငြိမ်နေတိတ်ဆိတ်နေမှ သူ့အခြေအနေက မြန်မြန်တိုးတက်လာမှာတဲ့။ အဲဒါကြောင့် ဧည့်သည်ပေးမဝင်ပါဘူး။ သူ့ရောဂါက အာရုံကြောမှာ သွေးခဲတာဆိုတော့ စကားပြန်ပြောနိုင်ဖို့ အချိန်ယူရမယ်ထင်တယ်။ သူကစာပေဟောပြောပွဲတွေဆိုရင် ဘယ်ပွဲဖိတ်ဖိတ် ဘယ်သူဖိတ်ဖိတ်သွားတယ်။ ပင်ပန်းတာတွေ အိပ်ရေးပျက်တာတွေများလာလို့ဖြစ်မယ်"ဟု ဒေါ်စုစုခိုင်က ပြောသည်။
"အခုသူ့အခြေအနေက ခွဲစိပ်လို့လည်းမရတော့ ဆေးပဲထိန်းပြီး တဖြေးဖြေးချင်းလုပ်ယူရမယ်လို့ ဆရာဝန်တွေကပြောပြပါတယ်။ နောက်ပိုင်းကျရင် လေ့ကျင့်ခန်းတွေဘာတွေလုပ်ရမယ်တဲ့။ ပြန်ကောင်းဖို့အတွက် အချိန်တော့ယူရမှာပေါ့နော်။ စကားပြောတာကအစ သူ့ကိုပြန်လေ့ကျင့်ပေးရမှာပေါ့။ အရင်ကသူပြောထားပြီးသားတွေကို သူ့ရှေ့မှာပြန်ဖွင့်ပြတာမျိုးတွေ ပြန်လေ့ကျင့်ပေးရမှာ။ အစ်မကတော့ အခုအချိန်မှာ သူ့ဘေးကနေစကားတွေ ပြောပေးနေတယ်"ဟု သူမက ပြောသည်။
ယခင်က ဗုဒ္ဓဟူးနေ့တွင် ဆေးရုံဆင်းရမည်ဟု သိရှိထားသော်လည်း ဆရာဝန်များ၏ အကြံပြုချက်အရ အထူးကြပ်မတ်ဆောင်တွင်ပင် ဆက်လက်ထားရှိသည်ဟုလည်း ၎င်းက ပြောသည်။
ဟာသသရုပ်ဆောင်ဗေလုဝသည် ဇန်နဝါရီ ၁၁ ရက်ညပိုင်းတွင် သန်လျင်မြို့ရှိ စာပေဟောပြောပွဲသို့ သွားရောက်ဟောပြောခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်မနက်တွင် ဦးနှောက်သွေးခဲပိတ်သည့်ရောဂါကြောင့် ပင်လုံဆေး ရုံတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။
Source- newswatch #Myanmar_Online_News

<zawgyi>
ဗေလုဝ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာကြောင်း ဇနီးဖြစ်သူပြော
Thursday , January 16 , 2020

0 comments:

Post a Comment