Thursday, January 16, 2020

ဂျပန်မှာ တရုတ်အဆုတ်ရောင်ရောဂါဖြစ်ပွားမှု ပထမဆုံးတွေ့ရှိတယ်လို့ အတည်ပြု

Image may contain: one or more people, people walking, people standing and outdoor

လူတစ်ယောက်သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးသွားသတိပေးချက်ထုတ်ပြန်ထားရတဲ့ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုြုဖစ်ရပ် ပထမဆုံးရှိလာပြီလို့ ဂျပန်က အတည်ပြုပါတယ်။ မြို့တော် တိုကျိုနားက ကာနာဂါဝါစီရင်စုမှာနေတဲ့ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ယောက်ကူးစက်ခံခဲ့ရတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီလူဟာ ရောဂါပိုးစပြီးပြန့်နှံ့တယ်လို့ ယုံကြည်နေကြတဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်ခဲ့တယ်လို့ ထုတ် ပြန်ချက်မှာပါဝင်ပါတယ်။ အခုဖြစ်ရပ်ဟာ တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ထုတ် ပြန်တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ အခုလအစောပိုင်းတုန်းကလည်း ထိုင်းမှာ တရုတ်ခရီးသည်တစ်ယောက်ကို ရောဂါ ထိန်းချုပ်ဖို့ သီးသန့်ကုသခဲ့ပါတယ်။ ဝူဟန်မှာတော့ ရောဂါဖြစ်ပွားမှုပေါင်း ၄၁ ခုရှိနေပြီလို့ အစီရင်ခံနေကြပါ တယ်။
အဆုတ်ရောင်လုပ်သားတွေ အလုပ်လုပ်ကြတဲ့ ဝူဟန်မြို့လယ်က ဟွာနန်းပင်လယ်စာလက်ကားဈေးဟာ ရောဂါ ပြန့်ပွားမှုနဲ့ ဆက်စပ်နေပုံရလို့ ဇန်နဝါရီ ၁ ရက်မှာ ဈေးကိုပိတ်ခဲ့ပြီး လက်ရှိအချိန်အထိ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပါတယ်။ နောက်ထပ်ကျယ်ကျယ်ပြန့်ပြန့်ရောဂါကူးစက်နိုင်သေးပြီး ဗိုင်းရပ်စ်ဟာ လူူလူချင်းကူး စက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အင်္ဂါနေ့မှာ သတိပေးပါတယ်။
ကိုရိုနာဗိုင်းရပ်စ်တွေဟာ သာမန်အအေးမိရောဂါကနေ ဆားစ်ရောဂါအထိ ဖြစ်ပွားနိုင်တဲ့ ဗိုင်းရပ်စ်မျိုးနွယ်ကြီး ဖြစ်ပါတယ်။
Source - Agencies via CAN
<zawgyi>
ဂျပန်မှာ တရုတ်အဆုတ်ရောင်ရောဂါဖြစ်ပွားမှု ပထမဆုံးတွေ့ရှိတယ်လို့ အတည်ပြု
Thursday , January 16 , 2020

လူတစ်ယောက်သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးသွားသတိပေးချက်ထုတ်ပြန်ထားရတဲ့ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုြုဖစ်ရပ် ပထမဆုံးရှိလာပြီလို့ ဂျပန်က အတည်ပြုပါတယ်။ မြို့တော် တိုကျိုနားက ကာနာဂါဝါစီရင်စုမှာနေတဲ့ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ယောက်ကူးစက်ခံခဲ့ရတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီလူဟာ ရောဂါပိုးစပြီးပြန့်နှံ့တယ်လို့ ယုံကြည်နေကြတဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်ခဲ့တယ်လို့ ထုတ် ပြန်ချက်မှာပါဝင်ပါတယ်။ အခုဖြစ်ရပ်ဟာ တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ထုတ် ပြန်တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ အခုလအစောပိုင်းတုန်းကလည်း ထိုင်းမှာ တရုတ်ခရီးသည်တစ်ယောက်ကို ရောဂါ ထိန်းချုပ်ဖို့ သီးသန့်ကုသခဲ့ပါတယ်။ ဝူဟန်မှာတော့ ရောဂါဖြစ်ပွားမှုပေါင်း ၄၁ ခုရှိနေပြီလို့ အစီရင်ခံနေကြပါ တယ်။
အဆုတ်ရောင်လုပ်သားတွေ အလုပ်လုပ်ကြတဲ့ ဝူဟန်မြို့လယ်က ဟွာနန်းပင်လယ်စာလက်ကားစျေးဟာ ရောဂါ ပြန့်ပွားမှုနဲ့ ဆက်စပ်နေပုံရလို့ ဇန်နဝါရီ ၁ ရက်မှာ စျေးကိုပိတ်ခဲ့ပြီး လက်ရှိအချိန်အထိ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပါတယ်။ နောက်ထပ်ကျယ်ကျယ်ပြန့်ပြန့်ရောဂါကူးစက်နိုင်သေးပြီး ဗိုင်းရပ်စ်ဟာ လူူလူချင်းကူး စက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အင်္ဂါနေ့မှာ သတိပေးပါတယ်။
ကိုရိုနာဗိုင်းရပ်စ်တွေဟာ သာမန်အအေးမိရောဂါကနေ ဆားစ်ရောဂါအထိ ဖြစ်ပွားနိုင်တဲ့ ဗိုင်းရပ်စ်မျိုးနွယ်ကြီး ဖြစ်ပါတယ်။
Source - Agencies via CAN

0 comments:

Post a Comment