Wednesday, January 22, 2020

တရုတ် ဗိုင်းရပ်စ်ရောဂါပိုးသစ်က အမေရိကန်ပါ ကူးစက်ဖြစ်ပွား

Image may contain: 2 people, suit and text

တရုတ်နိုင်ငံတွင် လူကိုးဦး သေဆုံးပြီး ရာပေါင်းများစွာ နာမကျန်းဖြစ်ရသည့် ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး ပထမဆုံးကူးစက်ဖြစ်ပွားသည်ဟု အမေရိကန်နိုင်ငံက ဇန်နဝါရီ ၂၁ ရက်၌ ကြေညာခဲ့ကြောင်း သိရှိရသည်။

SARS ရောဂါပိုးကဲ့သို့သော အဆိုပါ ရောဂါပိုး ပြန်နှံ့ဖြစ်ပွားမှု တားဆီးနိုင်ရေး ကမ္ဘာ့နိုင်ငံများ ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ ချမှတ်မှုတွင် အမေရိကန်ပါ ပါဝင်လာခဲ့ရပြီဖြစ်သည်။
အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားပုံရသည့် ကိုရိုနာဗိုင်းရပ်စ်သစ်တစ်မျိုး ကူးစက်ဖြစ်ပွားသော်လည်း စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ဗဟိုနှင့် ပြည်နယ်တာဝန်ရှိသူများအရ သိရသည်။
“ကြိုတင်ကာကွယ်မှုတွေနဲ့အတူ ဒီ အမျိုးသားကို ဆေးရုံမှာ စောင့်ကြပ်ပေးနေပါတယ်။ သူဟာ ပြင်းပြင်းထန်ထန် ဖျားနာမကျန်း ဖြစ်တာမျိုး မရှိတာကြောင့် ရေတိုစောင့်ကြည့်ပြီးနောက်မှာ ဆေးရုံမှာပဲ ပြုစုကုသပေးနေတာ ဖြစ်ပါတယ်။ ဒီ ရောဂါပိုးက ပျံ့နှံ့နေတယ် အနေအထားမှာ ရှိတာပါ။ အမေရိကန်တင်မက တစ်ကမ္ဘာလုံးမှာ ဒီရောဂါပိုး ကူးစက်တဲ့ လူနာတွေ ထပ်တိုးလာနိုင်ပါတယ်။”ဟု ဝါရှင်တန်ပြည်နယ် ကျန်းမာရေးတာဝန်ရှိသူ ခရစ္စစပတ်တာက ပြောသည်။
အဆိုပါ ပြင်းထန်အဆုတ်ရောင်ရောဂါပိုးဖြစ်သော SARS ရောဂါကဲ့သို့ ဗိုင်းရပ်စ်ပိုးသစ် ဖြစ်ပွားမှုကို တရုတ်နိုင်ငံ ဝူဟန်တွင် စတင်တွေ့ရှိခြင်း ဖြစ်ပြီး ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများတွင်ပါ ကူးစက်ဖြစ်ပွားရာမှ ယခုအခါတွင် အမေရိကန်တွင် ယင်းရောဂါပိုးသစ်ကို ပထမဆုံး စတင်တွေ့ရှိခြင်းပဲ ဖြစ်သည်။
Source- AFP #Myanmar_Online_News

<zawgyi>

0 comments:

Post a Comment