Wednesday, January 22, 2020

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ကို သတ်ပေးနိုင်သူအား ကန်ဒေါ်လာ သုံးသန်း ပေးမယ်လို့ အီရန်လွှတ်တော် အမတ်ပြော

Image may contain: 1 person

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို လက်စားချေတဲ့အနေ သတ်ပေးနိုင်သူအား အမေရိကန်ဒေါ်လာ သုံးသန်းပေးမယ်လို့ အီရန် လွှတ်တော်အမတ် အာမတ် ဟန်ဇားက ပြောဆိုကြောင်း အီရန်သတင်းဌာနက ကြေညာသွားပါတယ်။

အီရန် လွှတ်တော်အမတ် အာမတ် ဟန်ဇားဟာ အီရန်ဗိုလ်ချုပ်ကြီး ဆူလေမန်နီရဲ့ ရုပ်အလောင်းမြှပ်နှံရာ ဒေသမှ အမတ်ဖြစ်ပါတယ်။ ရှေ့လပိုင်းမှာ လွှတ်တော်အမတ်ရွေးကောက်ပွဲရှိနေချိန်မှာ အာမတ်ဟန်ဇားက ဆုငွေထုတ်ပေးမယ့်သူရဲ့အမည်ကို ထုတ်ဖော်ခြင်းမရှိတာကို တွေ့ရပါတယ်။
အီရန်နိုင်ငံမှာ လူကြိုက်များတဲ့ ဗိုလ်ချုပ်ကြီး ဆူလေမန်နီဟာ ဇန်နဝါရီ ၃ရက်နေ့က အမေရိကန်တို့က ဘက္ကဒတ် လေဆိပ်အပြင်မှာ ဒရုန်း အသုံးပြုပြီးတိုက်ခိုက်ရာတွင် သေဆုံးခဲ့ပါတယ်။
အမေရိကန်သမ္မတအား သတ်ပေးရန် ဆုငွေထုတ်မှုအပေါ် အမေရိကန်သံအမတ်က အခုလို ဆုငွေထုတ်တယ် ဆိုတာက အကြမ်းဖက်မှုပြုလုပ်အောင် အီရန်အစိုးရက လုပ်ဆောင်တာဖြစ်တယ်။ အီရန်အစိုးရဟာ သူတို့ရဲ့ အပြုအမှုတွေ ပြောင်းလဲဖို့လိုအပ်နေကြောင်း သတင်းထောက်တွေကို ဂျီနီဗာမှာ ပြောကြားပါတယ်။
Image may contain: 15 people
Ref ; AFP
<zawgyi>
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ကို သတ်ပေးနိုင်သူအား ကန်ဒေါ်လာ သုံးသန်း ပေးမယ်လို့ အီရန်လွှတ်တော် အမတ်ပြော
Wednesday , January 22 , 2020

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို လက်စားချေတဲ့အနေ သတ်ပေးနိုင်သူအား အမေရိကန်ဒေါ်လာ သုံးသန်းပေးမယ်လို့ အီရန် လွှတ်တော်အမတ် အာမတ် ဟန်ဇားက ပြောဆိုကြောင်း အီရန်သတင်းဌာနက ကြေညာသွားပါတယ်။
အီရန် လွှတ်တော်အမတ် အာမတ် ဟန်ဇားဟာ အီရန်ဗိုလ်ချုပ်ကြီး ဆူလေမန်နီရဲ့ ရုပ်အလောင်းမြှပ်နှံရာ ဒေသမှ အမတ်ဖြစ်ပါတယ်။ ရှေ့လပိုင်းမှာ လွှတ်တော်အမတ်ရွေးကောက်ပွဲရှိနေချိန်မှာ အာမတ်ဟန်ဇားက ဆုငွေထုတ်ပေးမယ့်သူရဲ့အမည်ကို ထုတ်ဖော်ခြင်းမရှိတာကို တွေ့ရပါတယ်။
အီရန်နိုင်ငံမှာ လူကြိုက်များတဲ့ ဗိုလ်ချုပ်ကြီး ဆူလေမန်နီဟာ ဇန်နဝါရီ ၃ရက်နေ့က အမေရိကန်တို့က ဘက္ကဒတ် လေဆိပ်အပြင်မှာ ဒရုန်း အသုံးပြုပြီးတိုက်ခိုက်ရာတွင် သေဆုံးခဲ့ပါတယ်။
အမေရိကန်သမ္မတအား သတ်ပေးရန် ဆုငွေထုတ်မှုအပေါ် အမေရိကန်သံအမတ်က အခုလို ဆုငွေထုတ်တယ် ဆိုတာက အကြမ်းဖက်မှုပြုလုပ်အောင် အီရန်အစိုးရက လုပ်ဆောင်တာဖြစ်တယ်။ အီရန်အစိုးရဟာ သူတို့ရဲ့ အပြုအမှုတွေ ပြောင်းလဲဖို့လိုအပ်နေကြောင်း သတင်းထောက်တွေကို ဂျီနီဗာမှာ ပြောကြားပါတယ်။
Ref ; AFP

0 comments:

Post a Comment