
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ မွေးနေ့အတွက် အမေရိကန်သမ္မတ၏ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအဖွဲ့က ဆောင်ကျဉ်းပေးခဲ့ကြောင်း သိရှိရသည်။
အမေရိကန်၌ ၃-ရက်ကြာခရီးစဉ်အတွင်း သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့ရကြောင်း ပြန်လည်ရောက်ရှိလာသည့် တောင်ကိုရီးယားသမ္မတရုံး လုံခြုံရေးအကြံပေး ချန်မြူယောင်က ပြောကြားသည်။ ဒေါ်နယ်ထရမ့်အနေဖြင့် ဇန်နဝါရီလ ၈-ရက်နေ့တွင် ကျရောက်သော မြောက်ကိုရီးယားခေါင်းဆောင်၏ မွေးနေ့အတွက် သဝဏ်လွှာကို လူကြုံပါးလိုပြီး တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်၏ သဘောထားအမြင်ကို တီးခေါက်ကြည့်ဟန်တူကြောင်း သိရှိရသည်။
အဆိုပါသဝဏ်လွှာမှာ ယမန်နေ့၌ မြောက်ကိုရီးယားသို့ ရောက်ရှိသွားသည်ကို နိုင်ငံတကာမီဒီယာများ ဖော်ပြကြ၍ အများသိပြီးဖြစ်သည်။ သို့သော် ဆီလျှော်သည့်နည်းလမ်းဖြင့် ပေးပို့ခဲ့သည်ဆိုသော သဝဏ်လွှာကို တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံအကြား ပန်မွန်ဂျုံစစ်မဲ့ဇုံရှိ ဆက်သွယ်ရေးလမ်းကြောင်းမှသော်လည်ကောင်း နယူးယောက်ရှိ မြောက်ကိုရီးယားသံရုံးမှ တဆင့်သော်လည်ကောင်း မည်သည့်နေရာမှ ပေးပို့ခဲ့သည်ကို တောင်ကိုရီးယား အမျိုးသားလုံခြုံအကြီးအကဲက ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။
<zawgyi>
ကင်ဂျုံအန် မွေးနေ့အတွက် ဒေါ်နယ်ထရမ့်၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို တောင်ကိုရီးယားမှ တစ်ဆင့် ပေးပို့
Sunday,January 12 ,2019
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ မွေးနေ့အတွက် အမေရိကန်သမ္မတ၏ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအဖွဲ့က ဆောင်ကျဉ်းပေးခဲ့ကြောင်း သိရှိရသည်။
အမေရိကန်၌ ၃-ရက်ကြာခရီးစဉ်အတွင်း သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့ရကြောင်း ပြန်လည်ရောက်ရှိလာသည့် တောင်ကိုရီးယားသမ္မတရုံး လုံခြုံရေးအကြံပေး ချန်မြူယောင်က ပြောကြားသည်။ ဒေါ်နယ်ထရမ့်အနေဖြင့် ဇန်နဝါရီလ ၈-ရက်နေ့တွင် ကျရောက်သော မြောက်ကိုရီးယားခေါင်းဆောင်၏ မွေးနေ့အတွက် သဝဏ်လွှာကို လူကြုံပါးလိုပြီး တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်၏ သဘောထားအမြင်ကို တီးခေါက်ကြည့်ဟန်တူကြောင်း သိရှိရသည်။
အဆိုပါသဝဏ်လွှာမှာ ယမန်နေ့၌ မြောက်ကိုရီးယားသို့ ရောက်ရှိသွားသည်ကို နိုင်ငံတကာမီဒီယာများ ဖော်ပြကြ၍ အများသိပြီးဖြစ်သည်။ သို့သော် ဆီလျှော်သည့်နည်းလမ်းဖြင့် ပေးပို့ခဲ့သည်ဆိုသော သဝဏ်လွှာကို တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံအကြား ပန်မွန်ဂျုံစစ်မဲ့ဇုံရှိ ဆက်သွယ်ရေးလမ်းကြောင်းမှသော်လည်ကောင်း နယူးယောက်ရှိ မြောက်ကိုရီးယားသံရုံးမှ တဆင့်သော်လည်ကောင်း မည်သည့်နေရာမှ ပေးပို့ခဲ့သည်ကို တောင်ကိုရီးယား အမျိုးသားလုံခြုံအကြီးအကဲက ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။
Source- htayoung #Myanmar_Online_News
0 comments:
Post a Comment