
စနေနေ့ကလုပ်တဲ့ တိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Tsai Ing-wen ဟာ ထောက်ခံမဲအရေအတွက် ၅၇% ကျော် နဲ့ အပြတ်အသတ် အနိုင်ရသွားပါတယ်။
ရွေးကောက်ပွဲအနိုင်ရတယ်လို့ သိရပြီးတဲ့နောက် စနေနေ့က ထောက်ခံသူတွေကို မိန့်ခွန်းပြောတာမှာ သမ္မတ Tsai က တရုတ်နဲ့ တိုင်ဝမ်အကြား ငြိမ်းငြိမ်းချမ်းချမ်းရှိနေတဲ့ အနေအထားကို ဆက်ထိန်းသိမ်းဖို့ တရုတ်နိုင်ငံကို တိုက်တွန်းသွားပါတယ်။
“တရုတ်နဲ့ဆက်ဆံရေးကို လူအများစုထောက်ခံတဲ့ သဘောထားအရ သမ္မတအနေနဲ့ ကျမ ကိုင်တွယ်ရပါမယ်၊ မတင်မကျ အခြေ အနေကိုကျော်လွန်ပြီး ရေလက်ကြား ဟိုဘက်ဒီဘက်ဆက်ဆံရေး တိုးတက်စေဖို့ ကျမ အစွမ်းကုန် လုပ်ဆောင်သွားပါမယ်” လို့ တိုင်ပေမြို့တော်က သူ့ရဲ့မဲဆွယ်စည်းရုံးရေးဌာနချုပ် အပြင်ဘက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ Tsai က ပြော ပါတယ်။
Tsai Ing-wen ဟာ သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်သူ၊ တရုတ်နဲ့ အနီးကပ်ဆက်ဆံရေးလိုလားတဲ့ Koumintang (KMT) ပါတီက Han Kuo-yu ကို မဲအရေအတွက် ၂.၆ သန်းကျော်အသာ၊ စုစုပေါင်း ထောက်ခံမဲအရေအတွက် ၈ သန်းကျော်နဲ့ အနိုင်ရတာပါ။
ဒါဟာ တိုင်ဝမ်မှာ သမ္မတကို တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ ၁၉၉၆ ခုနှစ်ကတည်းကစလို့ ရွေးကောက်ပွဲ အနိုင်ရခဲ့ဖူးတဲ့ ဘယ်သမ္မတထက်မဆို ပိုများတဲ့ ထောက်ခံမဲအရေအတွက်ဖြစ်ပါတယ်။
<zawgyi>
တိုင်ဝမ်သမ္မတရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရပြီး ဒုတိယသမ္မတသက်တမ်း ဆက်လက်ထမ်းဆောင်မည်
Sunday,January 12 ,2019
စနေနေ့ကလုပ်တဲ့ တိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Tsai Ing-wen ဟာ ထောက်ခံမဲအရေအတွက် ၅၇% ကျော် နဲ့ အပြတ်အသတ် အနိုင်ရသွားပါတယ်။
ရွေးကောက်ပွဲအနိုင်ရတယ်လို့ သိရပြီးတဲ့နောက် စနေနေ့က ထောက်ခံသူတွေကို မိန့်ခွန်းပြောတာမှာ သမ္မတ Tsai က တရုတ်နဲ့ တိုင်ဝမ်အကြား ငြိမ်းငြိမ်းချမ်းချမ်းရှိနေတဲ့ အနေအထားကို ဆက်ထိန်းသိမ်းဖို့ တရုတ်နိုင်ငံကို တိုက်တွန်းသွားပါတယ်။
“တရုတ်နဲ့ဆက်ဆံရေးကို လူအများစုထောက်ခံတဲ့ သဘောထားအရ သမ္မတအနေနဲ့ ကျမ ကိုင်တွယ်ရပါမယ်၊ မတင်မကျ အခြေ အနေကိုကျော်လွန်ပြီး ရေလက်ကြား ဟိုဘက်ဒီဘက်ဆက်ဆံရေး တိုးတက်စေဖို့ ကျမ အစွမ်းကုန် လုပ်ဆောင်သွားပါမယ်” လို့ တိုင်ပေမြို့တော်က သူ့ရဲ့မဲဆွယ်စည်းရုံးရေးဌာနချုပ် အပြင်ဘက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ Tsai က ပြော ပါတယ်။
Tsai Ing-wen ဟာ သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်သူ၊ တရုတ်နဲ့ အနီးကပ်ဆက်ဆံရေးလိုလားတဲ့ Koumintang (KMT) ပါတီက Han Kuo-yu ကို မဲအရေအတွက် ၂.၆ သန်းကျော်အသာ၊ စုစုပေါင်း ထောက်ခံမဲအရေအတွက် ၈ သန်းကျော်နဲ့ အနိုင်ရတာပါ။
ဒါဟာ တိုင်ဝမ်မှာ သမ္မတကို တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ ၁၉၉၆ ခုနှစ်ကတည်းကစလို့ ရွေးကောက်ပွဲ အနိုင်ရခဲ့ဖူးတဲ့ ဘယ်သမ္မတထက်မဆို ပိုများတဲ့ ထောက်ခံမဲအရေအတွက်ဖြစ်ပါတယ်။
#Myanmar_Online_News #တိုင်ဝမ် #ရွေးကောက်ပွဲ #Tsai Ing-wen
0 comments:
Post a Comment