ခူမီး ချင်းမျိုးနွယ်စုနှင့် ရခိုင်မျိုးနွယ်စုများ ဝတ်စားဆင်ယင်မှု၊ ဘာသာစကားနှင့် သမိုင်းကြောင်း လုံးလုံးမတူကြောင်း ချင်းအမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်းရှိန်းထွန်းက ပြောသည်။
ခူမီးလူမျိုးများအား ရခိုင်မျိုးနွယ်စုများဟု AA လက်နက်ကိုင်အဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၂ ရက်အ ကုန်သိ သတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဆလိုင်းရှိန်းထွန်း က ပြောကြားခဲ့ ခြင်းဖြစ်သည်။
“ယဉ်ကျေးမှု၊ ကိုးကွယ်တဲ့ဘာသာ ၊ ဝတ်စားဆင်ယင်မှု၊ ဘာသာစကား တစ်ခြားစီပဲလေ။ ခူမီးအုပ်စုရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ရခိုင် ဝတ်စားဆင်ယင်တာ မတူဘူးလေ။ ဒီလိုသူတို့ပြောတာ နိုင်ငံရေးအရလို့ပဲ ကျွန်တော်ထင်ပါတယ်။ နောက်ဆုံးကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကို ပြန်ကြည့်လည်း ဒါက ချင်းမျိုးနွယ်စုပဲလေ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအား ဗြိတိသျှကိုလိုနီ အုပ်ချုပ်စဉ် တိုင်းရင်းသား မျိုးနွယ်စုများကို စနစ်တကျခွဲခြားခဲ့ကြောင်း ၊ သမိုင်းကြောင်းအရ ပြောဆိုပါက မြို(ခေါ်)ခမီးသည်လည်း ချင်းလူမျိုးအုပ်စုပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် AA လက်နက်ကိုင်အဖွဲ့သည် ချင်းပြည်နယ် ပလက်ဝတွင်လည်း လှုပ်ရှားနယ်မြေအဖြစ် ခြေကုပ်ယူထားပြီး ချင်းလူမှု အဖွဲ့အစည်းများနှင့် ချင်းအမျိုးသားတပ်ဦး CNF မှလည်း ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။

Ref ; Akonthi
<zawgyi>
ခူမီးနှင့် ရခိုင်မျိုးနွယ်စု လုံးလုံးမတူကြောင်း ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တုံ့ပြန်
Wednesday , January 22 , 2020
ခူမီး ချင်းမျိုးနွယ်စုနှင့် ရခိုင်မျိုးနွယ်စုများ ဝတ်စားဆင်ယင်မှု၊ ဘာသာစကားနှင့် သမိုင်းကြောင်း လုံးလုံးမတူကြောင်း ချင်းအမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်းရှိန်းထွန်းက ပြောသည်။
ခူမီးလူမျိုးများအား ရခိုင်မျိုးနွယ်စုများဟု AA လက်နက်ကိုင်အဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၂ ရက်အ ကုန်သိ သတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဆလိုင်းရှိန်းထွန်း က ပြောကြားခဲ့ ခြင်းဖြစ်သည်။
“ယဉ်ကျေးမှု၊ ကိုးကွယ်တဲ့ဘာသာ ၊ ဝတ်စားဆင်ယင်မှု၊ ဘာသာစကား တစ်ခြားစီပဲလေ။ ခူမီးအုပ်စုရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ရခိုင် ဝတ်စားဆင်ယင်တာ မတူဘူးလေ။ ဒီလိုသူတို့ပြောတာ နိုင်ငံရေးအရလို့ပဲ ကျွန်တော်ထင်ပါတယ်။ နောက်ဆုံးကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကို ပြန်ကြည့်လည်း ဒါက ချင်းမျိုးနွယ်စုပဲလေ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအား ဗြိတိသျှကိုလိုနီ အုပ်ချုပ်စဉ် တိုင်းရင်းသား မျိုးနွယ်စုများကို စနစ်တကျခွဲခြားခဲ့ကြောင်း ၊ သမိုင်းကြောင်းအရ ပြောဆိုပါက မြို(ခေါ်)ခမီးသည်လည်း ချင်းလူမျိုးအုပ်စုပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် AA လက်နက်ကိုင်အဖွဲ့သည် ချင်းပြည်နယ် ပလက်ဝတွင်လည်း လှုပ်ရှားနယ်မြေအဖြစ် ခြေကုပ်ယူထားပြီး ချင်းလူမှု အဖွဲ့အစည်းများနှင့် ချင်းအမျိုးသားတပ်ဦး CNF မှလည်း ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။
Ref ; Akonthi

0 comments:
Post a Comment