တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့ တပ်မတော် လေတပ်ဦးစီးချုပ် Colonel Khamlek SENGPHACHANH ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် မိတ်ဆွေကောင်း၊ အိမ်နီး ချင်းကောင်း နိုင်ငံများဖြစ်ကြပြီး ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ လေတပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင် ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
<zawgyi>
နှစ်နိုင်ငံ လေတပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး လုပ်ငန်များဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေး
Wednesday , January 22 , 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့ တပ်မတော် လေတပ်ဦးစီးချုပ် Colonel Khamlek SENGPHACHANH ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် မိတ်ဆွေကောင်း၊ အိမ်နီး ချင်းကောင်း နိုင်ငံများဖြစ်ကြပြီး ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ လေတပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင် ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

0 comments:
Post a Comment