Thursday, January 1, 2015

သူငယ်ချင်းနဲ့ စကားအခြေအတင်ပြောရတဲ့အခါ မျက်နှာပျက်စရာတွေ မဖြစ်ရလေအောင်



သူငယ်ချင်းကောင်းဆိုတာ ကိုယ့်ကိုလုံခြုံမှုတွေပေးတယ်၊ အကူအညီလဲပေးတတ်သူတွေပါ။ ပြောမနာ၊ ဆိုမနာနဲ့ စနောက်လေ့လဲရှိကြပါတယ်။ ဒါပေမယ့်လည်း “တန်ဆေးလွန်ဘေး” ဆိုတဲ့ အတိုင်း စရင်း၊ နောက်ရင်းပဲဖြစ်ဖြစ်၊ စကားအခြေအတင်ပြောရင်းပဲ ဖြစ်ဖြစ် စိတ်ထဲမှာ ကတောက်ကဆဖြစ်သွားတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီတော့ နှစ်လရှည်ကြာစွာ တည်ဆောက်ထားခဲ့ကြတဲ့ သူငယ်ချင်းသံယောဇဉ်ကို ဒီလိုပဲ အဆုံးလိုက်ကြတော့မှာလား။ ဒါမှမဟုတ် တန်ဖိုးရှိတဲ့ သူငယ်ချင်းသံယောဇဉ်ကို ပိုခိုင်မြဲအောင် နည်းလမ်းကောင်းတွေနဲ့ ပြန်တည်ဆောက်မလား ဆိုတာ စဉ်းစားကြဖို့လိုပါတယ်။ ကိုယ့်သူငယ်ချင်းကို လက်မလွှတ်ချင်ဘူး၊ ပြသနာအကြီးအကျယ် မဖြစ်ချင်ဘူးဆိုရင်တော့ ဒီအချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ။၁)သူငယ်ချင်းနဲ့ စိတ်ကတောက်ကဆဖြစ်ပြီးရင် အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားပါ။ ဒေါသစိတ်မပြေသေးပဲ စကားပြောမိရင် ဒေါသစိတ်ကြောင့် ရန်စကားတွေပဲပြောထွက်နေမိပါလိမ့်မယ်။

၂) ပြောချင်တဲ့ အချက်အလက်ကို ကြိုတင်ပြင်ထင်ထားပါ။ ဘယ်အကြောင်းအရာက ကိုယ့်ကို စိတ်မကောင်းဖြစ်စေလဲဆိုတာကို သေချာရှင်းပြပြီး ပြဿနာကိုအဖြေရှာဖြေရှင်းကြပါ။

၃) စကားများရန်ဖြစ်ခဲ့ရတဲ့ အကြောင်းကိုဖြေရှင်းဖို့ နှစ်ယောက်လုံးအတွက် သက်တောင့်သက်သာနဲ့ သီးသန့် ဖြစ်စေတဲ့ နေရာမျိုးမှာတွေ့ ဖို့ ရွေးချယ်ပါ။

၎) ကတောက်ကဆဖြစ်ပြီး ဘယ်လိုခံစားနေရလဲဆိုတာကိုရှင်းပြလိုက်ပါ။ စကားကိုတည်တည်ငြိမ်ငြိမ်ပြောပါ။ အကြည့်ခြင်းဆက်သွယ်မှုထားရှိရပါမယ်။ အပြစ်တင် ပြောဆိုမှုတွေကိုတော့ ရှောင်ရပါမယ်။ စိတ်ရင်းနဲ့ တောင်းပန်စကားပြောသင့်ပါတယ်။

၅) သူ့ ဘက်က ဖြေရှင်းချက်တွေကိုလည်း နားလည်လက်ခံပေးပါ။ သူပြောချင်တဲ့ အကြောင်းအရာတွေကို နားထောင်ပေးပြီး မှ တုံပြန်မှု တစ်ခုခုလုပ်ပါ။

၆) ဒီပြဿနာကိုဖြေရှင်းလို့ရမယ့် ဖြေရှင်းချက်မျိုးကို နှစ်ဦးနှစ်ဘက်လုံးကကျေနပ်တဲ့အထိ ညှိနှိုင်းဆွေးနွေးပါ။

ဒါမှ စိတ်သန့် သန့် နဲ့  အရင်လိုခင်ခင်မင်မင် ရင်းရင်းနီးနှီး သူငယ်ချင်းသံယောဇဉ်ကို ထိန်းသိမ်းသွားနိုင်အောင် ကြိုးစားပါ။

Ref:seveenteen.com

မေသော်
Trend Myanmar

0 comments:

Post a Comment