Friday, January 2, 2015

ပဟေဠိဆန်တဲ့ ဇာတ်ကားရိုက်ကူးနိုင်ဖို့ ပြင်ဆင်နေတဲ့ ဆုမြတ်နိုးဦး


မြန်မာ့ရက်ကန်းအ ကြောင်း အခြေတည်ပြီး ပဟေဠိ ဆန်ဆန်ဇာတ်လမ်းတစ်ခုကို ဒါ ရိုက်တာ ညိုမင်းလွင်၏ ပုံဖော် ချက်များဖြင့် ရိုက်ကူးရန်ရှိသည် ဟု သရုပ်ဆောင် ဆုမြတ်နိုးဦးက ဆိုသည်။

‘‘မြတ်နိုးအတွက် ဒီကားလေးက ၂၀၁၅ မှာ အထူးခြားဆုံးဖြစ် မယ့် ကားတစ်ကားပါ။ ကိုညိုက ဒီကားလေးကို လျှို့ဝှက်ချင်တယ်။ ပရိသတ်တွေကို ဇာတ်ကားထွက် မှ အသိပေးချင်တယ်ဆိုလို့ ပရိ သတ်ကြီးကို ပြောပြလို့မရပါဘူး’’ဟု ဇာတ်ကားကို လျှို့ဝှက်ထားလိုကြောင်း ဆုမြတ်နိုးဦးက ပြော သည်။အဆိုပါဇာတ်ကားတွင် မြန် မာ့ရိုးရာရက်ကန်းရက်လုပ်သည့် အကြောင်းပါဝင်မည်ဖြစ်ပြီး ဇာတ်ဆောင်နေရာတွင် ပါဝင်ရိုက်ကူး ရမည့်အတွက် သေချာပြင်ဆင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း ဆုမြတ်နိုးဦးက ဆိုသည်။

သရုပ်ဆောင် ဆုမြတ်နိုးဦး သည် မကြာသေးမီက ၎င်း၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည့် ‘အချစ်စစ်စစ်’ ဇာတ် ကားကို သရုပ်ဆောင် နေတိုး၊ ရွှေမှုံရတီတို့နှင့်အတူ ရိုက်ကူးထား သည်။ အနုပညာအလုပ်များကို၎င်းလိုချင်သည့် ပန်းတိုင်တစ်ခုဆီ ရောက်သည်အထိ လျှောက်လှမ်း သွားမည်ဖြစ်ပြီး ၎င်းအတွက် လုပ် ကွက်ရမည်ဆိုလျှင် ဇာတ်ရုပ်မ ရွေးဘဲ သရုပ်ဆောင်သွားမည်ဖြစ် ကြောင်းလည်း ဆိုသည်။

7Day Daily

0 comments:

Post a Comment