Saturday, January 3, 2015

အမျိုးသမီးတွေကို ချဉ်းကပ်တဲ့အခါ သတိထား ရှောင်ကြဉ်သင့်တဲ့ အမှား(၆)ခု


သင်စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ် ဆိုပါစို့။ သူ့ကို ကြည့်လိုက်တဲ့အချိန် သူကလည်း သင့်ကို လှမ်းကြည့်ပြီး ပြုံးပြရင် ပြုံးပြလိမ့်မယ်။ ဒီလိုအချိန်မှာ ကိုယ့်ဘက်က ရာခိုင်နှုန်း ၅၀လောက် အခြေအနေ ကောင်းတယ်လို့ ထင်ခဲ့မိရင်တောင် ကျန်တဲ့ ၅၀ ရာခိုင်နှုန်းဟာ ကိုယ်ထင်သလောက်တော့ မလွယ်ကူပြန်ဘူး။ အေးဆေးပါလို့ ထင်တဲ့အရာတွေ တကယ်လက်တွေ့မှာ ဘယ်လိုမှ အဆင်မပြေတော့တာ၊ နောက်ဆုံး သူက ကိုယ့်မျက်နှာတောင် မမြင်ချင်လောက်အောင် ဖြစ်သွားမယ်ဆိုရင်တော့ သင်ပဲ အသည်းကွဲရမှာပေါ့။ ဒီတော့ ခုလိုမဖြစ်ရအောင် ရှောင်ရှားသင့်တဲ့ အချက်လေးတွေ ပြောပြပေးချင်ပါတယ်။(၁) နေရာမှားယွင်းစွာ ချဉ်းကပ်မိတာမျိုး

တစ်ကမ္ဘာလုံးက သင့်ရဲ့ကစားကွင်းမဟုတ်ဘူးဆိုတာ သတိပြုပါ။ ကြော်ငြာစာမကပ်ထားပေမယ့် ရွေးချယ်သင့်တဲ့ နေရာအချို့ ရှိပါတယ်။ အားကစားရုံတစ်ခုမှာ သင်က ပြင်းပြင်းထန်ထန် ကစားနေတဲ့အချိန် ချွေးသံတရွှဲရွှဲနဲ့ သင့်ရဲ့ လက်မောင်းကြွက်သားတွေကို ကြည့်ပြီး သူမ မူးမိုက်လဲသွားနိုင်င်လောက်တယ်။ ဒီတော့ မင်းအတွက် အန္တရာယ်ကင်းတဲ့ နေရာတွေကတော့ သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ ပါတီ ၊ ဒါမှမဟုတ် ဘားတစ်ခုလိုမျိုး စကားစမြည် ပြောလို့ကောင်းတဲ့ နေရာ တွေကိုရွေးချယ်ပါ။ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ပြောဆိုနိုင်မှာဖြစ်ပြီး မျှတတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အချစ်အကြောင်းတော့ အလျှင်စလို မပြောလိုက်ပါနဲ့ဦး။

(၂) သူတို့ပြောသမျှကို ဘုကလန့်ပြောဆိုမိတာမျိုး

တချို့သော ဗျူဟာတွေအတွက် ဒါက အရေးကြီးပေမယ့် ဒီတစ်ခါတော့ အသုံးမ၀င်ပါဘူး။ ပွဲအပြီးရလဒ်ကို အရမ်းစိုးရိမ်နေပြီး သူပြောတာတွေကိုခံငြင်းဖို့ချည်းသက်သက်စိတ်ကူးထားမယ်ဆိုရင်တော့ မင်းက ခင်မင် နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသားတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေက အကြောင်းအရာစုံကို သူတို့နဲ့ လိုက်လျောညီထွေ ဖြစ်အောင် လိုက်ပြောတတ်သူမျိုး၊ အပြင်ထွက်လည်ရ အဆင်ပြေသူမျိုးကို နှစ်သက်တတ်ကြတယ်ဆိုတာ ယုံကြည်လိုက်ပါ။ သူတို့နဲ့ ဆန့်ကျင်ဖို့ထက် ပျော်စရာလေးတွေဖြစ်အောင်ပဲ ဖန်တီးပါ။

(၃) အရက် အရမ်း မူးနေတဲ့အခါမျိုး

ဝီစကီလေး နှစ်ပတ်လောက်သောက်ပြီးတဲ့အခါမျိုးမှာ သင်ဟာ ဂျိမ်းဘွန်းလောက်နီးနီး ချစ်ခင်စရာကြီး ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဘယ်မိန်းမကမှ ရေအိမ်သွားဖို့ (၁၀)ခေါက်လောက် လိုက်ပို့နေရတာမျိုး၊ သူများတွေနဲ့ ရန်မဖြစ်အောင် လိုက်ထိန်းနေရတာမျိုးကို သဘောမကျတတ်ကြ ပါဘူး။ အရာရာကို ထိန်းချုပ်စီစဉ်နိုင်ပြီး သူမကိုပါ ဂရုစိုက်နိုင်သူမျိုးကိုသာ နှစ်သက်တတ်ကြတာပါ။ မျက်ထောင့်ကြီးနီရဲပြီး အာလေးလျှာလေးနဲ့ လာချဉ်းကပ်တာမျိုးတော့ လုံးဝ(လုံးဝ)လက်ခံမှာ မဟုတ်ပါဘူး။

(၄) စတွေ့တွေ့ချင်း အတင်းဝင်ရောမိတာမျိုး

စတွေ့လို့နှုတ်ဆက်ချိန်မှာ သာမန်အတိုင်းပဲ နှုတ်ဆက်ပါ။ ကဗျာဆန်ဆန် ၊ စာဆန်ဆန် ကွန့်ညွန့်လို့ နှုတ်ဆက်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသူ တစ်ယောက်နဲ့ တူစေပါတယ်။ အကောင်းဆုံး အဆင်ပြေစေနိုင်မယ့် စကားလုံး အသစ်အဆန်း မတွေ့မချင်း “Hello” ဟာ အရိုးရှင်းဆုံးပါပဲ။

(၅) သူငယ်ချင်းမှတဆင့် ချဉ်းကပ်တာမျိုး

ဒါတွေက ၁၉၉၀ ခုနှစ် လောက်တုန်းကလူတွေ သုံးတဲ့နည်းလမ်းပါ။ ဒီရာစုနှစ်မှာတော့ ဒါတွေ အသုံးမ၀င်တော့ပါဘူး။ တကယ်လို့ သင်က သူမအတွက်နဲ့ သူမသူငယ်ချင်းကို အာရုံစိုက် ချဉ်းကပ်မယ်ဆိုရင်တော့ အမျိုးသမီးတွေက ဒီရှုပ်ထွေးတဲ့ သဘောတရားကို သိပ်ခေါင်းရှုပ်ခံ စဉ်းစားနေတော့မှာမျိုး မဟုတ်ပါဘူး။ သူမအနေနဲ့ သူမရဲ့သူငယ်ချင်းကို နှစ်သက်လို့သာ ဒီနေရာ ရောက်နေတာပဲလို့ ရိုးရိုးရှင်းရှင်းပဲ သဘောက်ပေါက် သွားပါလိမ့်မယ်။

(၆) အလွန်နီးနီးကပ်ကပ် ရှိလွန်းတာမျိုး

တကယ်လို့များ အကြောင်းတစ်စုံတစ်ရာကြောင့် သူမရဲ့ အိပ်ခန်း ၊ ဆိတ်ကွယ်ရာ နေရာမျိုး ရောက်နေတယ်ဆိုပါစို့။ သူမနဲ့ သိပ်မရင်းနှီးသေးခင် အခြေအနေဆိုရင် သင့်ရဲ့လက်တွေကို ထိန်းထိန်းသိမ်းသိမ်းနေပါ။ သူမရဲ့ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို စောင့်ကြည့်ပြီး အလိုက်သင့်လေးပဲ နေပါ။ တကယ်လို့များ သူမက မင်းကိုစိတ်ဝင်စားကြောင်း အခိုင်အမာပြနေပြီး မင်းရဲ့ လက်ကလေးကို မတော်တဆ ထိလိုက်မယ်ဆိုရင်တော့ ကြင်နာတဲ့ တုံ့ပြန်မှုမျိုး ပြန်ပြဖို့လိုပါပြီ။ ဖြည်းဖြည်းနဲ့ မှန်မှန်သာ တည်ဆောက်ပါ။ လူထူထပ်တဲ့နေရာမျိုးတွေမှာဆို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမျိုးတွေကို ရှောင်ပါ။

ဒီအချက်တွေကို အလေးအနက်ထား လိုက်နာကြည့်မယ်ဆိုရင် ကိုယ်ချဉ်းကပ်လိုတဲ့ မိန်းမကောင်းလေးကို ရရှိမှာ မလွဲဧကန်ပါပဲ။

Ref:mensxp.com
မေသော် 
Trend Myanmar

0 comments:

Post a Comment