Sunday, January 4, 2015

အကယ်ဒမီနဲ့ပတ်သက်ပြီး ပရိသတ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း နေတိုးပြော


ဒါရိုက်တာဝင်းထွန်းထွန်းရိုက်ကူးနေတဲ့ “ရင်တွင်း ဆူးနှစ်” ဇာတ်ကားကို နေတိုးက မိုးဟေကိုနဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးက အချစ်ဒရာမာဇာတ် ကားေ လးဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး ၂ဝ၁၃ အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး နေတိုးရဲ့ခံစားချက်ကိုမေးကြည့်တဲ့အခါမှာတော့ ” ကျွန်တော့်ကိုအကယ်ဒမီနဲ့ ပတ် သက်ပြီး နော်မီနေးရှင်း ထဲမှာလည်းပါတယ်။ ရနိုင်ဖို့ကားတွေလည်း ရှိနေတဲ့အပေါ်မှာ ပရိသတ်တွေလည်း မျှော်လင့်မှာပဲလေ။ အဲဒီမျှော်လင့်ချက်လေး အတိုင်းဖြစ် ဖို့ ဖြ စ်နိုင်ခြေရှိနိုင်တဲ့ နှစ်တစ်နှစ်လို့လည်း ကိုယ့်ကိုယ်ကိုယ်သုံးသပ်မိခဲ့တယ်။ဒီလိုမျိုးလွဲချော်မှုတစ်ခုဖြစ်ခဲ့တယ်။ ဒါဟာ ဘဝတစ်ခုမှာ လူတစ်ယောက်ဖြစ်ချင်တိုင်းလည်း မဖြစ်ရဘူး။ ဖြစ်ချင်တဲ့အရာက ဖြစ်ချင်မှလည်းဖြစ် လာနိုင်တယ်။ ဒါက ဘဝဖြတ် သန်းမှု အချိုးအကွေ့ရဲ့လူ့ ဘဝရဲ့နိယာမအတိုင်းပဲလေ။ မိမိရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း ပရိသတ်က အသိအမှတ်ပြုကြတဲ့ အတွက် ဒီနှစ်မျိုးမှာ လွဲသွားခဲ့ရတဲ့ အတွက် ရင်ထဲမှာ ပရိသတ်ကို ကျွန်တော့်အနေနဲ့ တအားလည်းသနားတယ်။ ကိုယ်ကိုယ်တိုင်ပေါ့လေ။ အကယ်ဒမီပြီးခဲ့တဲ့အချိန်မှာ ပရိသတ်ရဲ့ ပြောဆို မှုတွေ ဝေ ဖန်မှုတွေကို တွေ့ရတဲ့အခါကျ တော့ အဓိကက ကိုယ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကို သူတို့မဖြည့်ဆည်း နိုင်လိုက်ကြဘူးဆိုတော့ ဒီလိုမျိုး ဖြစ်သွားတဲ့အပေါ်မှာ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အမြဲတမ်းနှစ်စဉ်နှစ်တိုင်း ရုပ်ရှင်တွေလည်း ရိုက်နေမယ်။ ဗီဒီယိုတွေလည်း ရိုက်နေမယ်။ အဲဒါကြောင့် ပရိသတ်အတွက်ကျွန်တော့် ရဲ့ပေးဆပ်မှုတွေက အမြဲရှိနေမှာပါ” လို့ ပြောပါတယ်။

နေတိုးက အနုပညာနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ကြိုးစားအား ထုတ်မှုတွေရဲ့အဓိကရည်ရွယ်ချက်က ပရိသတ်အတွက်ပါပဲလို့ ပြောပါတယ်။ ” ကျွန်တော့်ရဲ့ အနုပညာဖန် တီး မှုတွေက ဦးတည်ချက်ဟာ တစ်ခုပဲရှိတယ်။ အဲဒါသည် ပရိသတ်ကို ဘယ်လိုပုံစံတွေနဲ့ ပေးဆပ်ရမလဲ။ ဒီအချိန်ပရိသတ်က ဘယ်လိုမျိုးတွေ ကြည့်ချင်နေမလဲ။ ကျွန်တော့် အနေနဲ့ကတော့ ဒီထက်ပိုပြီးကောင်းအောင် ကြိုးစားသွားမယ်။ ရုပ်ရှင်ပဲရိုက်ရိုက် ဗီဒီယိုပဲဖြစ်ဖြစ်ကျွန်တော်ကြိုးစား အားထုတ်နေတာဟာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်။ ပရိ သတ်ကို အကောင်းဆုံးဖျော်ဖြေတင်ဆက်ချင်တဲ့ ရည်ရွယ်ချက်ပါပဲ” လို့ ပြောပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ-အောင်ဇော်မင်း
Popular Journal

0 comments:

Post a Comment