Sunday, January 11, 2015

အမှန်ကိုဖွင့်ချလိုက်သောကြောင့် နောက်ဆက်တွဲဖြစ်လာမည့် ပြဿနာများကို ရင်ဆိုင်ရန်အသင့်ရှိကြောင်း သိင်္ဂီထွန်းပြော



” စုန်းပြူး” ရုပ်ရှင်ဇာတ်ကားတွင် အဓိကဇာတ်ပို့နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သူ သိင်္ဂီထွန်းအနေဖြင့် ယင်းဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆုရရန် တစ်ပြေးခဲ့သော် လည်း လွဲချော်မှုဖြစ်ခဲ့သောကြောင့် အကယ်ဒမီဆုပေးပွဲ ပြီးဆုံးသည်အထိမနေဘဲ အပြင်ထွက်လာကာ တောင်ကြီးမြို့ကို ခရီးထွက်သွားခဲ့သည်။ အကယ်ဒမီ ဆု လွဲချော် ခဲ့ပုံများနှင့် သူ၏သဘောထားများကို ဇန်နဝါရီ ၁ဝ ရက် ညနေ ၃ နာရီ အချိန်က Orchid HOTEL တွင် စာနယ်ဇင်းရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။” ဒီလိုလုပ်လိုက်လို့ နောက်ဆက်တွဲဖြစ်လာမယ်ဆိုတာကတော့ တစ်ဖက်ကလည်း မဟုတ်ဘူးဆိုတာကို ငြင်းမှာပါ။ ဒါပေမဲ့ အစ်မကလည်း အစ်မသိထားတဲ့ အထောက် အထားတွေ မှန်ကန်တယ်ဆိုတဲ့ အကြောင်းသေချာရှင်းပြတာ။ Detail တော့မပြောတော့ပါဘူး။ အရိပ်အမြွက်လောက်ပဲ ပြောသွားတာပါ။ အခုပြောတာတွေက လည်းထိ ထိမိမိနဲ့ စည်းမျဉ်းတစ်ခုချမှတ်ပြီး ပြောတာပါ။ နစ်နာတဲ့အတွက်ကို အခုလိုမျိုး ရှင်းပြတာပါ။ သူတို့ သိက္ခာကျအောင်၊နာမည်ပျက်အောင် တော့မလုပ်ပါဘူး။ သူတို့ လုပ်လို့လည်း မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ်မဘက်က မှန်ကန် နေလို့ပါ။ လူကြီးဆိုတာထောက်ပြ ရမယ့်အရာရှိရင်တော့ ထောက်ပြရ မယ့်အတိုင်း အ တာ တစ်ခုတော့ ရှိရမှာပဲ။ ဒီအတွက် ထောက်ပြတဲ့အနေ နဲ့ အခုလိုမျိုးလုပ်ရတာပါ။ အရည် အချင်းမမီလို့မပေးဘူးဆိုတာ အဲဒီကတည်းက ချင့်ချိန်စဉ်းစားလို့ရနေ ပြီ။ လူ တိုင်း လည်း အကုန်သိနေပြီ။ အရည်အသွေးမမီဘူးဆိုရင် ဒီ ၆ ကားက ဒီအဆင့်ထိရောက်လာစရာမရှိဘူး။ အနုပညာဆိုတာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အကုန် ဆက် စပ်နေ ကြတာလေ။ ဆုရသွားတဲ့ ၆ ယောက် ကို ဆိုလိုချင်တာမဟုတ်ပါဘူး။ သဘောတရားကို ပြောပြတာပါ။ တကယ်လို့ အရည်အချင်းမမီဘူးဆိုရင် ဒီအကယ် ဒမီပေးပွဲ ကို ရွှေ့ပြီးမှ ကျင်းပသင့်တယ်။ ပြောချင်တာက နစ်နာတယ်ဆိုတဲ့အရာက နောက်မှ ဖြစ်တဲ့ကဏ္ဍပါ။ အစ်မ Status တင်လိုက်တဲ့အရာတွေကို အရင်ပြောတာ။ အစ်မ မ ဟုတ်တာကိုလုပ်တာ တစ်ခုမှမရှိတဲ့အတွက်ကြောင့် အခု လိုဖြေရှင်းဖို့၊ အမှန်တရားကိုသိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုလုပ်တာ။ နာမည်တွေကိုတော့ အတိ အကျ မပြောတော့ဘူး။ သွယ်ဝိုက်ပြီး တော့ပြောမယ်။ ပြောလိုက်ရင် သူတို့ အတွက်တအားထိခိုက်နစ်နာမယ်။ ကိုယ်မှန်တယ်ထင်ပြီး စိတ်ဓာတ်သေးသိမ်စွာနဲ့ သူတစ်ပါးထိခိုက် နစ်နာတာကို မလိုချင်ဘူး။ ဒါကအဖျားရှူးတာမဟုတ်ပါဘူး။ စိတ်ဓာတ်သေးသိမ်တာမဟုတ်ပါဘူး။ အခု အစ်မပြောနေတာတွေက အကုန်အမှန်တွေချည်းပါပဲ။ အဲဒီ အပေါ် မှာမှ ပြဿနာတွေ ကြီးကျယ်လာခဲ့ရင် ရင်ဆိုင်ရမှာပဲ။ သေချာတာကတော့ အစ်မနောက်မှာ ဘယ်သူတစ်ဦးတစ်ယောက်မှမရှိဘူး” ဟု သိင်္ဂီထွန်းကပြောသည်။

” နောက်ကြောင်းပြန်ချင်လို့ မဟုတ်ပါဘူး။ အမှန်တရားတစ်ခုကို သိစေချင်လို့ အခုလိုမျိုး ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ အစ်မက လူလိမ်ကို လူလိမ်လို့ပြောရဲသလို မရိုး သားတဲ့လူကို မရိုးသားတဲ့သူလို့ ပြောရဲတယ်။ ဒီလိုပြောလိုက်လို့လည်း ဇာတ်ကားမရိုက်ရရင်လည်း နေပါစေ၊ သမိုင်းတွင်တဲ့အရာတစ်ခုကို ဖော်ပြနိုင်တဲ့ မိန်းမ တစ်ယောက်အဖြစ် ဂုဏ်ယူနေမယ်။ နောက်ဆက် တွဲ ဒီပြဿနာဖြစ်လာခဲ့ရင် စိန်ခေါ်တာတော့မဟုတ်ပါဘူး။ ရဲရဲရင်ဆိုင်မယ်။ ကားမရိုက်ဘဲနဲ့ကို ရင်ဆိုင်သွားမှာ။ ဒါတွေက ကိုယ်ကျိုးအတွက်ဆိုရင် ထိမ်ချန်ထားလို့ရပါတယ်။ လက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရတယ်။ ဘာပဲပြောပြော အောင်မြင်တယ်လို့ ပြောရမှာပဲ။ ပရိသတ် အ များကြီးရှိတယ်။ အဲဒီလို အချိန်တွေနဲ့လဲပြီး ဖြေရှင်းသွားမယ်။ သူများတွေက အကယ်ဒမီ ဒီနှစ်မရလည်း နောက်နှစ်ဆိုပြီး မှေးနေကောင်း မှေးနေလိမ့်မယ်။ အစ်မကတော့ အဲဒီလိုမဟုတ်ဘူး။ ပြတ်ပြတ်သားသားကို ဖြေရှင်းမှာ။ အစ်မမှာ ရိုက်ထားတဲ့ဇာတ်ကားတွေ အများကြီးရှိတယ်။ ဒီအတိုင်းသွား နေလို့တောင်ရတယ်။ ဒါပေမဲ့ ထိမ်ချန် ထား လိုက်ရင် တစ်ဖက်ကို အားပေးသလိုဖြစ်သွားလိမ့်မယ်။ တစ်ဖက်မှာက တအားကို ဆိုးရွားနေတာ။ တချို့အနုပညာရှင်တွေရဲ့ ဆန္ဒတချို့ ဖြစ်ချင်တိုင်းဖြစ်မလာဘူး။ ဖရို ဖရဲ ဖြစ်နေတာတွေက အများကြီးပဲ။ အစ်မ အခုထောက်ပြတဲ့အမှားတွေကို နောက်ကနေ လိုက်လာမယ့်သူတွေ ရှိကောင်းရှိမယ်။ မရှိရင်လည်း မရှိနိုင်ဘူး။ အဖွဲ့အစည်း တစ်ခု မှန်ကန်စေချင်တဲ့ဆန္ဒကြောင့် အခုလိုမျိုး ပြောပြရတာ။ အစည်းအရုံးဆိုတာ အားလုံးနဲ့ပတ်သက်တယ်။ တစ်ဦးတစ်ယောက်တည်းနဲ့ မဆိုင်ပါဘူး။ တစ်ဖက်က ဒီ လိုပြောလိုက် လို့ အစ်မနဲ့ စီးပွားအတူလုပ်နေတဲ့သူတွေက အစ်မရဲ့ကိုယ်ကျင့်တရား၊ စိတ်ဓာတ်ကို ထင်သာမြင်သာ ရှင်းရှင်းလင်းလင်းသိသွားလိမ့်မယ်” ဟု သိင်္ဂီထွန်း ကပြောပါသည်။

Mဘွယ်၊ဓာတ်ပုံ-အောင်ဇော်မင်း

Popular Journal

0 comments:

Post a Comment