Friday, December 27, 2019

AA အကြမ်းဖက်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၆ ဦး ဒဏ်ရာရရှိ

Image may contain: sky, outdoor and natureImage may contain: one or more people and outdoor

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲမှု ကြောင့် အပြစ်မဲ့အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်မှာ မြေပုံမြို့နယ်၊ ယောချောင်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ယောချောင်း စခန်းအား ယနေ့ နေ့လယ် ၂ နာရီ ၃၅ မိနစ် ခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက စခန်း၏ အရှေ့ဘက်မီတာ ၂၀၀၀ ခန့် အကွာမှနေ၍ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စခန်း၏ အရှေ့ဘက်မီတာ ၂၀၀ ခန့်အကွာရှိ ကျွဲကူးဆိပ်ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံးပေါ်သို့ လက်နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်သည့် ဒေါ်မလှစိန်(ဘ)ဦးမောင်ရွှေလှ အပါအဝင် အပြစ်မဲ့ အရပ်သား ၆ ဦး ပြင်းထန်စွာ ဒဏ်ရာများရရှိခဲ့သည်။
အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဦးစွာ ဆောင်ရွက်ပေးပြီး အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Image may contain: shoes and outdoor
Image may contain: 1 person, sitting and outdoor

<zawgyi>

0 comments:

Post a Comment