Wednesday, December 4, 2019

မိုးကြက်သွန်နီအသစ် စတင်ဝင်ရောက်လာပြီး ဝယ်လက် လျော့နည်းသွားသည့်အတွက် ကြက်သွန်နီစျေးနှုန်းပြန်လည် ကျဆင်းနေ


ဒီဇင်ဘာလ အတွင်း ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်းတွင် မိုးကြက်သွန်နီ အသစ်များ စတင်ဝင်ရောက်နေပြီး နယ်စုံဝယ်လက် လျော့နည်းသွားသည့်အတွက် စျေးနှုန်းပြန်လည် ကျဆင်းသွားကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် မိုးကြက်သွန်သစ် ဝင်ရောက်မှုမှာ နေ့စဉ် ပိဿာချိန် တစ်သောင်းအောက်သာ ရှိသေးပြီး အစိုဓာတ် များပြားခြင်းနှင့် သန့်စင်မှု အားနည်းခြင်းများကြောင့် တစ်ပိဿာ အမြင့်ဆုံးကျပ် ၁၃၀၀ ဖြင့်သာ ရောင်းဝယ်ကြောင်း ဒေသခံ ကုန်သည်များမှ သိရသည်။
လက်ရှိပခုက္ကူ ကြက်သွန်နီစျေးကွက်သို့ ယောချောင်းဒေသထွက် ကြက်သွန်နီများလည်း ဆက်လက် ဝင်ရောက်ဆဲဖြစ်ပြီး ကုန်လက်ကျန် နည်းပါးသွားသည့်အတွက် လက်ရှိတွင် ပိဿာချိန် နှစ်သောင်းအောက်သာ ဝင်ရောက်တော့ကြောင်း သိရသည်။ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်း ယောချောင်းကြက်သွန်မှာ နိုဝင်ဘာလလယ်ပိုင်းတွင် တစ်ပိဿာ ကျပ် ၃၃၀၀ ခန့်ထိ စျေးနှုန်းမြင့်တက်ခဲ့ပြီး ဝယ်လက်နည်းသွားသည့် နိုဝင်ဘာ ၂၁ ရက်နောက်ပိုင်းတွင် တစ်ပိဿာ ကျပ် ၂၅၀၀ ခန့် ပေါက်စျေးရှိတော့ကြောင်း သိရသည်။
ယခုနှစ် ကြက်သွန်သစ်ပေါ်ချိန် ဧပြီလမှ စက်တင်ဘာလကုန်ပိုင်းထိ နယ်ဝယ်လက်စုံ နည်းပါးခြင်း၊ ကုန်ဝင်များပြားခြင်းများကြောင့် ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၇၀၀ ဝန်းကျင်သာ ပေါက်စျေးရှိပြီး အောက်တိုဘာလ ရောက်ရှိမှ စျေးနှုန်းမြင့်တက် လာခြင်းဖြစ်သည်။
ယောချောင်းဒေသမှ ကြက်သွန်စိုက် တောင်သူများမှာ အချို့သော နှစ်များတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ခင်းများ ပျက်စီးခြင်းနှင့် စျေးနှုန်းကျဆင်းမှုကြောင့် စိုက်ပျိုးစရိတ် ဆုံးရှုံးမှုများ ကြုံတွေ့ရပြီး ယခုလို နယ်ဝယ်လက်စုံ၍ စျေးနှုန်းမြင့်တက်သည့် နှစ်မှသာ အကျိုးအမြတ် ခံစားရကြောင်း သိရသည်။
ယောချောင်းဒေသထွက် ကြက်သွန်များမှာ ပခုက္ကူစျေးကွက်သို့ အများဆုံး လာရောက်ရောင်းချရာ နှစ်စဉ် ပိဿာချိန် သိန်း ၁၀၀ ခန့် ဝင်ရောက်လေ့ရှိပြီး ပခုက္ကူစျေးကွက်မှတစ်ဆင့် အခြားမြို့များသို့ ဆက်လက် တင်ပို့ရောင်းချကြောင်း သိရသည်။
Image may contain: one or more people, outdoor and food
Image may contain: one or more people, people standing, food and outdoor
Image may contain: outdoor and food
<<Zawgyi>>
မိုးကြက်သွန်နီအသစ် စတင်ဝင်ရောက်လာပြီး ဝယ်လက် လျော့နည်းသွားသည့်အတွက် ကြက်သွန်နီစျေးနှုန်းပြန်လည် ကျဆင်းနေ
Wednesday, December 4 , 2019

ဒီဇင်ဘာလ အတွင်း ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်းတွင် မိုးကြက်သွန်နီ အသစ်များ စတင်ဝင်ရောက်နေပြီး နယ်စုံဝယ်လက် လျော့နည်းသွားသည့်အတွက် စျေးနှုန်းပြန်လည် ကျဆင်းသွားကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။
လက်ရှိတွင် မိုးကြက်သွန်သစ် ဝင်ရောက်မှုမှာ နေ့စဉ် ပိဿာချိန် တစ်သောင်းအောက်သာ ရှိသေးပြီး အစိုဓာတ် များပြားခြင်းနှင့် သန့်စင်မှု အားနည်းခြင်းများကြောင့် တစ်ပိဿာ အမြင့်ဆုံးကျပ် ၁၃၀၀ ဖြင့်သာ ရောင်းဝယ်ကြောင်း ဒေသခံ ကုန်သည်များမှ သိရသည်။
လက်ရှိပခုက္ကူ ကြက်သွန်နီစျေးကွက်သို့ ယောချောင်းဒေသထွက် ကြက်သွန်နီများလည်း ဆက်လက် ဝင်ရောက်ဆဲဖြစ်ပြီး ကုန်လက်ကျန် နည်းပါးသွားသည့်အတွက် လက်ရှိတွင် ပိဿာချိန် နှစ်သောင်းအောက်သာ ဝင်ရောက်တော့ကြောင်း သိရသည်။ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်း ယောချောင်းကြက်သွန်မှာ နိုဝင်ဘာလလယ်ပိုင်းတွင် တစ်ပိဿာ ကျပ် ၃၃၀၀ ခန့်ထိ စျေးနှုန်းမြင့်တက်ခဲ့ပြီး ဝယ်လက်နည်းသွားသည့် နိုဝင်ဘာ ၂၁ ရက်နောက်ပိုင်းတွင် တစ်ပိဿာ ကျပ် ၂၅၀၀ ခန့် ပေါက်စျေးရှိတော့ကြောင်း သိရသည်။
ယခုနှစ် ကြက်သွန်သစ်ပေါ်ချိန် ဧပြီလမှ စက်တင်ဘာလကုန်ပိုင်းထိ နယ်ဝယ်လက်စုံ နည်းပါးခြင်း၊ ကုန်ဝင်များပြားခြင်းများကြောင့် ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၇၀၀ ဝန်းကျင်သာ ပေါက်စျေးရှိပြီး အောက်တိုဘာလ ရောက်ရှိမှ စျေးနှုန်းမြင့်တက် လာခြင်းဖြစ်သည်။
ယောချောင်းဒေသမှ ကြက်သွန်စိုက် တောင်သူများမှာ အချို့သော နှစ်များတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ခင်းများ ပျက်စီးခြင်းနှင့် စျေးနှုန်းကျဆင်းမှုကြောင့် စိုက်ပျိုးစရိတ် ဆုံးရှုံးမှုများ ကြုံတွေ့ရပြီး ယခုလို နယ်ဝယ်လက်စုံ၍ စျေးနှုန်းမြင့်တက်သည့် နှစ်မှသာ အကျိုးအမြတ် ခံစားရကြောင်း သိရသည်။
ယောချောင်းဒေသထွက် ကြက်သွန်များမှာ ပခုက္ကူစျေးကွက်သို့ အများဆုံး လာရောက်ရောင်းချရာ နှစ်စဉ် ပိဿာချိန် သိန်း ၁၀၀ ခန့် ဝင်ရောက်လေ့ရှိပြီး ပခုက္ကူစျေးကွက်မှတစ်ဆင့် အခြားမြို့များသို့ ဆက်လက် တင်ပို့ရောင်းချကြောင်း သိရသည်။

0 comments:

Post a Comment