Saturday, December 28, 2019

မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံအပါအဝင် လူစည်ကားသည့်နေရာများ၌ နှစ်သစ်ကူးနေ့တွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ရန်ရှိ

Image may contain: sky, outdoor and natureImage may contain: 1 person, outdoor and nature

၂၀၁၉ခုနှစ်ကုန်ပြီး နှစ်သစ်ကူးနေ့တွင် မြစ်ဆုံအပါအဝင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ လူစည်ကားရာ အပန်းဖြေ နေရာများ၌ မှုခင်းမဖြစ်ပွားအောင် လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံ၊ အောင်မြင်သာဝါးရုံတော၊ အောင်မြင်သာကြိုးတံတား၊ ရေပြာအိုင်၊ ဝိုင်ဥယျဉ်နှင့် ကရိန်နော် စသည့် လူစည်ကားမည့်နေရာများတွင် မှုခင်းမဖြစ်ပွားအောင် လုံခြုံရေးအနေ ဖြင့် လှည့်ကင်းများ ချထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုး ကပြောသည်။
အဆိုပါ နေရာများတွင် ရက်ကြီးအခါကြီးရက်များဖြစ်သော နှစ်သစ်ကူးနေ့၊ လွှတ်လပ်ရေးနေ့၊ ချစ်သူများနေ့ အစရှိသော အထိမ်းအမှတ်နေ့များတွင် အပန်းဖြေလည်ပတ်သွားလေ့ရှိသည့် နေရာများ ဖြစ်သည်။
ယခုကဲ့သို့ အခါကြီးရက်ကြီး အချိန်အခါများနှင့် အထိမ်းအမှတ် အားလပ်ရက် နေ့များတွင် မြစ်ကြီးနားမြို့နှင့် အနီးတဝိုက် နေထိုင်သူကြသူများသည် မြစ်ဆုံ၊ ကရိန်နော်၊ ဂျော်ဘွမ်ဆုတောင်းတောင်၊ ကချင်ချောင်းသာ၊ အောင်မြင်သာကြိုးတံတား၊ ဝါးရုံတော၊ ရေပြာအိုင်၊ ဝိုင်ဥယျာဉ် စသည့် နေရာများသို့ မိသားစုနှင့်လည်းကောင်း၊ အပေါင်းအသင်း မိတ်ဆွေများနှင့်လည်းကောင်း အလည်အပတ် သွားရောက်ကာ အပန်းဖြေတတ်ကြကြောင်း သိရသည်။
Image may contain: one or more people, sky, mountain, outdoor and nature
Image may contain: 1 person, smiling, sitting, child and outdoor
Image may contain: one or more people, sky, outdoor, nature and water
Image may contain: plant, tree, sky, outdoor, nature and water
Image may contain: tree, house, sky, plant, outdoor and nature
Image may contain: tree, sky, bridge, plant, outdoor, nature and water
Image may contain: sky, outdoor and nature
<<Zawgyi>>
မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံအပါအဝင် လူစည်ကားသည့်နေရာများ၌ နှစ်သစ်ကူးနေ့တွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ရန်ရှိ
Saturday ,December 28, 2019

၂၀၁၉ခုနှစ်ကုန်ပြီး နှစ်သစ်ကူးနေ့တွင် မြစ်ဆုံအပါအဝင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ လူစည်ကားရာ အပန်းဖြေ နေရာများ၌ မှုခင်းမဖြစ်ပွားအောင် လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံ၊ အောင်မြင်သာဝါးရုံတော၊ အောင်မြင်သာကြိုးတံတား၊ ရေပြာအိုင်၊ ဝိုင်ဥယျဉ်နှင့် ကရိန်နော် စသည့် လူစည်ကားမည့်နေရာများတွင် မှုခင်းမဖြစ်ပွားအောင် လုံခြုံရေးအနေ ဖြင့် လှည့်ကင်းများ ချထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုး ကပြောသည်။
အဆိုပါ နေရာများတွင် ရက်ကြီးအခါကြီးရက်များဖြစ်သော နှစ်သစ်ကူးနေ့၊ လွှတ်လပ်ရေးနေ့၊ ချစ်သူများနေ့ အစရှိသော အထိမ်းအမှတ်နေ့များတွင် အပန်းဖြေလည်ပတ်သွားလေ့ရှိသည့် နေရာများ ဖြစ်သည်။
ယခုကဲ့သို့ အခါကြီးရက်ကြီး အချိန်အခါများနှင့် အထိမ်းအမှတ် အားလပ်ရက် နေ့များတွင် မြစ်ကြီးနားမြို့နှင့် အနီးတဝိုက် နေထိုင်သူကြသူများသည် မြစ်ဆုံ၊ ကရိန်နော်၊ ဂျော်ဘွမ်ဆုတောင်းတောင်၊ ကချင်ချောင်းသာ၊ အောင်မြင်သာကြိုးတံတား၊ ဝါးရုံတော၊ ရေပြာအိုင်၊ ဝိုင်ဥယျာဉ် စသည့် နေရာများသို့ မိသားစုနှင့်လည်းကောင်း၊ အပေါင်းအသင်း မိတ်ဆွေများနှင့်လည်းကောင်း အလည်အပတ် သွားရောက်ကာ အပန်းဖြေတတ်ကြကြောင်း သိရသည်။
Crd:EPN #Myanmar_Online_News

0 comments:

Post a Comment