Tuesday, December 3, 2019

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

Image may contain: one or more people and outdoorImage may contain: 2 people, outdoor

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် သမိန်ဗရမ်းလမ်းရှိ အမှတ် ၂၄ (ဘီ)၊ (၂၄)ခန်းတွဲ လေးထပ်တိုက် မြေညီထပ်တွင် ယနေ့မွန်းလွဲ ၁၂ နာရီ ၁၈ မိနစ်က မျက်နှာကြက်တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ် (၇) စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀) ဦးတို့ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်ရှင် ဦးချစ်စမ်းမောင်အား တာမွေမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Image may contain: one or more people and outdoor
နိုင်လင်းအောင်(တာမွေ)
<zawgyi>
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Tuesday, December 3 , 2019

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် သမိန်ဗရမ်းလမ်းရှိ အမှတ် ၂၄ (ဘီ)၊ (၂၄)ခန်းတွဲ လေးထပ်တိုက် မြေညီထပ်တွင် ယနေ့မွန်းလွဲ ၁၂ နာရီ ၁၈ မိနစ်က မျက်နှာကြက်တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ် (၇) စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀) ဦးတို့ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်ရှင် ဦးချစ်စမ်းမောင်အား တာမွေမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(တာမွေ)

0 comments:

Post a Comment