Tuesday, December 3, 2019

ဟာရစ္စကျွန်းတစ်ခုပေါ်တွင် သောင်တင်သေဆုံးနေသော ဝေလငါးကြီး၏ အစာအိမ်ထဲတွင်စွန့်ပစ်အမှိုက် ကီလိုဂရမ် ၁၀၀ ကျော်တွေ့ရှိ


စကော့တလန်ဒေသ ဟာရစ္စကျွန်းတစ်ခုပေါ် တွင် ပိုက်ကွန်များ၊ ကြိုးထုံးများ ၊ အိတ်များနှင့် ပလပ်စတစ်ပစ္စည်းများ အစရှိသော လူ့အသုံးအဆောင် စွန့်ပစ် ပစ္စည်းများ စုစုပေါင်း အလေးချိန် ကီလိုဂရမ် ၁၀၀ ကျော်အား ကမ်းခြေတွင်သောင်တင်သေဆုံးနေသော ဝေလငါးတစ်ကောင်၏ အစာအိမ်ထဲတွင် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စွန့်ပစ်အမှိုက်များကြောင့် ဝေလငါး သေဆုံးရခြင်း ဟုတ်/မဟုတ်ကို ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း ဝေလငါးဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားခဲ့ပြီး ဝေလငါးကြီးကို တွေ့ရှိခဲ့ကြတဲ့ ဒေသခံတွေကတော့ ဒီဖြစ်ရပ်ဟာ ပင်လယ်ရေညစ်ညမ်းမှုပြဿနာ ဘယ်လောက် ကျယ်ပြန့်နေပြီဆိုတာကို မီးမောင်းထိုးပြလိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ကြသည်။
ဝေလငါးသေဆုံးမူကို တိကျစွာသိရှိဖို့အတွက် ရင်ခွဲစစ်ဆေးခဲ့ကြောင်း စကော့တလန် ပင်လယ်ရေနေ သတ္တဝါထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးကပြောခဲ့ပြီး ဝေလငါးဟာ ကျန်းမာရေးချို့ယွင်းနေတဲ့ အခြေအနေမျိုးမှာ မရှိကြောင်း၊ အမှိုက်သရိုက်ပမာဏများစွာ ဗိုက်ထဲရှိနေတာကြောင့် အသက်ရှင်လျက် သောင်တင်ခဲ့တာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
အဆိပါ သေဆုံးခဲ့ရသော ဝေလငါး၏ အစာအိမ်ထဲတွင် တွေ့ရှိခဲ့ရသော အမိူက်များသည် ငါးဖမ်းလုပ်ငန်းများမှ စွန့်ပစ် ပစ္စည်းများဖြစ်ကြောင်း သိရသည်။
No photo description available.
No photo description available.
<<Zawgyi>>
ဟာရစ္စကျွန်းတစ်ခုပေါ်တွင် သောင်တင်သေဆုံးနေသော ဝေလငါးကြီး၏ အစာအိမ်ထဲတွင်စွန့်ပစ်အမှိုက် ကီလိုဂရမ် ၁၀၀ ကျော်တွေ့ရှိ
Tuesday, December 3 , 2019

စကော့တလန်ဒေသ ဟာရစ္စကျွန်းတစ်ခုပေါ် တွင် ပိုက်ကွန်များ၊ ကြိုးထုံးများ ၊ အိတ်များနှင့် ပလပ်စတစ်ပစ္စည်းများ အစရှိသော လူ့အသုံးအဆောင် စွန့်ပစ် ပစ္စည်းများ စုစုပေါင်း အလေးချိန် ကီလိုဂရမ် ၁၀၀ ကျော်အား ကမ်းခြေတွင်သောင်တင်သေဆုံးနေသော ဝေလငါးတစ်ကောင်၏ အစာအိမ်ထဲတွင် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စွန့်ပစ်အမှိုက်များကြောင့် ဝေလငါး သေဆုံးရခြင်း ဟုတ်/မဟုတ်ကို ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း ဝေလငါးဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားခဲ့ပြီး ဝေလငါးကြီးကို တွေ့ရှိခဲ့ကြတဲ့ ဒေသခံတွေကတော့ ဒီဖြစ်ရပ်ဟာ ပင်လယ်ရေညစ်ညမ်းမှုပြဿနာ ဘယ်လောက် ကျယ်ပြန့်နေပြီဆိုတာကို မီးမောင်းထိုးပြလိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ကြသည်။
ဝေလငါးသေဆုံးမူကို တိကျစွာသိရှိဖို့အတွက် ရင်ခွဲစစ်ဆေးခဲ့ကြောင်း စကော့တလန် ပင်လယ်ရေနေ သတ္တဝါထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးကပြောခဲ့ပြီး ဝေလငါးဟာ ကျန်းမာရေးချို့ယွင်းနေတဲ့ အခြေအနေမျိုးမှာ မရှိကြောင်း၊ အမှိုက်သရိုက်ပမာဏများစွာ ဗိုက်ထဲရှိနေတာကြောင့် အသက်ရှင်လျက် သောင်တင်ခဲ့တာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
အဆိပါ သေဆုံးခဲ့ရသော ဝေလငါး၏ အစာအိမ်ထဲတွင် တွေ့ရှိခဲ့ရသော အမိူက်များသည် ငါးဖမ်းလုပ်ငန်းများမှ စွန့်ပစ် ပစ္စည်းများဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment