Thursday, December 26, 2019

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မ အလှူတော်ငွေများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ ဆက်ကပ်လှူဒါန်း

Image may contain: 4 people, people sitting and indoorImage may contain: 3 people, people sitting

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မ အလှူတော်ငွေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ကျင်းပပြုလုပ်ရာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့် ဆရာတော်၊ သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူခဲ့ကြကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က သီတဂူဆရာတော်ဘုရားကြီးထံ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသော လှူဖွယ်ပစ္စည်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မအလှူ တော်ငွေ ကျပ်သိန်း ၅၀၀ ကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ဘုရားကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများသည် သီတဂူဆရာတော် ဘုရားကြီးထံမှ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ တည်ထောင်ခဲ့မှုအခြေ အနေများ၊ လက်ရှိတွင် တစ်နိုင်ငံလုံးနှင့် အပြည် ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအားလုံး ပေါင်းရုံးစုစည်း ဆောင်ရွက်နေမှုဆိုင်ရာများ အကြောင်း ဟောကြားတော်မူသည့် အနုမောဒနာတရားကိုနာယူ၍ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။
Image may contain: 5 people, wedding and indoor
Image may contain: one or more people and outdoor
<zawgyi>
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မ အလှူတော်ငွေများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ ဆက်ကပ်လှူဒါန်း
Thursday ,December 26 , 2019

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မ အလှူတော်ငွေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ကျင်းပပြုလုပ်ရာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့် ဆရာတော်၊ သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူခဲ့ကြကြောင်း သိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က သီတဂူဆရာတော်ဘုရားကြီးထံ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသော လှူဖွယ်ပစ္စည်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မအလှူ တော်ငွေ ကျပ်သိန်း ၅၀၀ ကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ဘုရားကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများသည် သီတဂူဆရာတော် ဘုရားကြီးထံမှ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ တည်ထောင်ခဲ့မှုအခြေ အနေများ၊ လက်ရှိတွင် တစ်နိုင်ငံလုံးနှင့် အပြည် ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအားလုံး ပေါင်းရုံးစုစည်း ဆောင်ရွက်နေမှုဆိုင်ရာများ အကြောင်း ဟောကြားတော်မူသည့် အနုမောဒနာတရားကိုနာယူ၍ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment