Tuesday, December 3, 2019

ဂျပန်ရေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ ပထမဆုံး အမျိုးသမီး စစ်ရေယာဉ်မှူး

Image may contain: 1 person, hat and outdoor

ဗိုလ်မှူးကြီး Miho Otani အား ဂျပန်ရေပြင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ပထမဆုံးအကြိမ်အမျိုးသမီးအရာရှိ Aegis Destroyer စစ်ရေယာဉ်မှူးအဖြစ် တနင်္လာနေ့တွင် ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

အနာဂတ်တွင်လည်း အမျိုးသမီး အရာရှိများအားကျအတုယူစေရန် ရည်ရွယ်ကြောင်း သိရှိရပြီး Kyoto စီရင်စုရှိ Maizuru ရေတပ်စခန်းဌာနချုပ်ရှိ Aegis ကာကွယ်ရေးစနစ်သုံး Destroyer စစ်ရေယာဉ်ပေါ်တွင် စစ်ရေယာဉ်မှူး အဖြစ် တာဝန်ထမ်းဆောင်မည့် အသက် ၄၈ နှစ်အရွယ် ဗိုလ်မှူးကြီး Otani က စစ်ဆင်ရေးတွေကိုလည်း နှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ သင်္ဘောပေါ်ရှိ စစ်သည် ၃၀၀ အား မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
Otani သည် Osaka စီရင်စု၊ Suita တွင်မွေးဖွားခဲ့ပြီး အမျိုးသမီး အရာရှိတစ်ဦးအနေဖြင့် ထူးခြားသောတာဝန်များအား စတင် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ National Defense Academy မှ ၁၉၉၆ ခုနှစ်တွငိ ဘွဲ့ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် လေ့ကျင့်ရေးစစ်ရေယာဉ်၏ ပထမဆုံး အမျိုးသမီး စစ်ရေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Captin Otani သည် ၂၀၁၆ ခုနှစ်တွင် စစ်ရေယာဉ် Yamagiri ၏ ပထမဆုံး အမျိုးသမီး စစ်ရေယာဉ်မှူးအဖြစ် လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။
Image may contain: 1 person, smiling, sitting and screen

<zawgyi>
ဂျပန်ရေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ ပထမဆုံး အမျိုးသမီး စစ်ရေယာဉ်မှူး
Wednesday,December 4 ,2019

ဗိုလ်မှူးကြီး Miho Otani အား ဂျပန်ရေပြင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ပထမဆုံးအကြိမ်အမျိုးသမီးအရာရှိ Aegis Destroyer စစ်ရေယာဉ်မှူးအဖြစ် တနင်္လာနေ့တွင် ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။
အနာဂတ်တွင်လည်း အမျိုးသမီး အရာရှိများအားကျအတုယူစေရန် ရည်ရွယ်ကြောင်း သိရှိရပြီး Kyoto စီရင်စုရှိ Maizuru ရေတပ်စခန်းဌာနချုပ်ရှိ Aegis ကာကွယ်ရေးစနစ်သုံး Destroyer စစ်ရေယာဉ်ပေါ်တွင် စစ်ရေယာဉ်မှူး အဖြစ် တာဝန်ထမ်းဆောင်မည့် အသက် ၄၈ နှစ်အရွယ် ဗိုလ်မှူးကြီး Otani က စစ်ဆင်ရေးတွေကိုလည်း နှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ သင်္ဘောပေါ်ရှိ စစ်သည် ၃၀၀ အား မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
Otani သည် Osaka စီရင်စု၊ Suita တွင်မွေးဖွားခဲ့ပြီး အမျိုးသမီး အရာရှိတစ်ဦးအနေဖြင့် ထူးခြားသောတာဝန်များအား စတင် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ National Defense Academy မှ ၁၉၉၆ ခုနှစ်တွငိ ဘွဲ့ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် လေ့ကျင့်ရေးစစ်ရေယာဉ်၏ ပထမဆုံး အမျိုးသမီး စစ်ရေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Captin Otani သည် ၂၀၁၆ ခုနှစ်တွင် စစ်ရေယာဉ် Yamagiri ၏ ပထမဆုံး အမျိုးသမီး စစ်ရေယာဉ်မှူးအဖြစ် လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။
#Myanmar_Online_News #MgMoe

0 comments:

Post a Comment