မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ဥယျာဉ်၌ အမျိုးသားအထိမ်းအမှတ် ဉယာဉ် (၁၄) ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာ (၁၅) ရက်မှ ဇန်နဝါရီ (၁၅) ရက်အထိ တစ်လကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၁၅) ရက်တွင် ကျင်းပမည်ဖြစ်ရာ ပန်းပွဲတော်တွင် နယ်သာလန် နိုင်ငံ ပန်းပညာရှင်များက ဒီဇိုင်းရေးဆွဲ ခင်းကျင်းပြင်ဆင်၍ ပန်းမျိုးစိတ် သုံးသိန်းကျော်၊ ပန်းပွင့်ပေါင်း ခုနစ်သိန်းကျော်ကို ပြသသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ပန်းပွဲတော်မဖွင့်လှစ်မီ ယခုချိန်ကပင် အပန်းဖြေအနားယူသူများဖြင့် စည်းကားလျက် ရှိကြောင်းလည်း သိရသည်။
ပန်းပွဲတော်ကာလအတွင်း နိုင်ငံကျော်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် အပါအဝင် နိုင်ငံကျော် အဆိုတော် များစွာ ဖျော်ဖြေတင်ဆက်သွားမည် သည်။
ပွဲတော်ကာလအတွင်း ဒီဇင်ဘာ (၂၁) ရက်နှင့် (၂၂) ရက်တွင်လည်းကောင်း (၂၅) ရက်တွင် လည်းကောင်း တေးသံရှင်များက စင်တင်တေးဂီတဖြင့် ဝင်ကြေးမရှိ အခမဲ့ ဖျော်ဖြေသွားမည်ဖြစ်သည်။
၎င်းအပြင် ပြင်ဦးလွင် မြို့အဝင် ဒီဇင်ဘာခြံ ပန်းအလှဆင်ပွဲတော်ကိုလည်း ဒီဇင်ဘာ (၁၈) ရက်မှ ဇန်နဝါရီ (၁၈) ရက်အထိ ကျင်းပမည်ဖြစ်ရာ ပန်းပင်ပေါင်း သုံးသိန်းကျော်နှင့် ပန်းအစစ်များကိုသာ ခင်းကျင်း အလှဆင်သွားမည်ဖြစ်သည်ဟု သိရသည်။
(၁၃၈) ဧကရှိ ဒီဇင်ဘာ ခြံအတွင်း ရေတံခွန်များ၊ စမ်းချောင်းများဖြင့် သဘာဝအတိုင်း တည်ဆောက် ထိန်းသိမ်းလျက်ရှိကာ ခြံအတွင်း တစ်ဧကကို ပန်းပေါင်းစုံ ပန်းပင်မျိုးစုံ တစ်စုတစ်ဝေးပြသပြီး ပန်းရေတံခွန်၊ ပန်းတံတားနှင့်၊ပန်းဖြင့် ပြုလုပ်ထားသော အရုပ်မျိုးစုံကိုလည်း ပြသသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာခြံတည်ထောင်သူ ဦးစံလှကပြောသည်။
<zawgyi>
ပြင်ဦးလွင်ပန်းပွဲတော် ယခင်နှစ်များနှင့်မတူ ထူးခြားစွာ ကျင်းပမည်
Thursday , December 5 , 2019

0 comments:
Post a Comment