Wednesday, December 4, 2019

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအသိပညာပေးခရီးစဉ်တွင် ကျေးရွာများ၌ ဧရာဝတီလင်းပိုင် ပြဇာတ်ကပြမည်

Image may contain: outdoor, water and nature

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အသိပညာပေး လှုပ်ရှားမှု ခရီးစဉ်တွင် ကျေးရွာများ၌ ဧရာဝတီ လင်းပိုင် ပြဇာတ် ဇာတ်လမ်းတို တင်ဆက်ကပြမည်ဖြစ်ကြောင်း မန္တလေးမြို့ Natural Green Alliance သဘာဝစိမ်းအဖွဲ့ ထံမှ သိရသည် ။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအသိပညာပေး လှုပ်ရှားမှုခရီးစဉ်ကို ဒီဇင်ဘာလ ၇ ရက်နေ့ မနက် ၆နာရီတွင် မန္တလေးဆိပ်ကမ်းမှ WCS ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး မော်တော်ဖြင့် ထွက်ခွာ ကြမည်ဖြစ်သည် ။
"ရေကြောင်းကအရမ်းကျပ်တဲ့အချိန်ဆိုတော့ ရွာစဉ်တိုင်းကိုကမ်းကပ်မရတဲ့အတွက် ရွာတွေကို ကျေးရွာ တစ်ရွာနှစ်ရွာမှာ လူစုပြီး အသိပညာပေးတာတွေ ပြဇာတ်ကပြတာတွေလုပ်သွားမယ် ။ နောက်ပြီး ခရီးစဉ်မှာ အသိပညာပေးဆိုင်းဘုတ်တွေကိုင်ပြီးသွားမယ် " ဟုသဘာဝ စိမ်းအဖွဲ့မှ ကိုမောင်မောင်ဦးက ပြောသည် ။
ခရီးစဉ်တွင်မန္တလေးတက္ကသိုလ် ၊ ရတနာပုံတက္ကသိုလ် ၊ စစ်ကိုင်း တက္ကသိုလ် ၊ ကျောက်ဆည် တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်တို့မှ သတ္တဗေဒ ဆရာ/ဆရာမ များ၊ ကျောင်းသား/ သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်လမ်းညွှန်အသင်း(မန္တလေး) Tourism and Culture University TCUမှ Mr&Miss အချို့ နှင့်အတူ Natural Green Alliance သဘာဝစိမ်းအဖွဲ့သားများ၊ ဧရာဝတီ လင်းပိုင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး ဆက်စပ်ပတ်သက်သူများ စုစုပေါင်း ဦးရေ ၁၀ဝခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်တွင်အထူးအစီအစဉ်အနေဖြင့် Malaysia နိင်ငံတွင် ကျင့်ပခဲ့သည့် Asian Youth Threatar Festival ပွဲတော်တွင် သွားရောက်ဖျော်ဖြေခဲ့သော အင်းဝ အက သင်တန်းကျောင်းမှ ဧရာဝတီ လင်းပိုင် သဏ္ဌာန်တူ ပုံရိပ် များ၊ ကကွက်များနှင့် လျှော့တိုက်ခံရချိန် သနားစရာ ကောင်းလှသော အခြေအနေများကို ဇာတ်လမ်းပြကွက်တိုများ အဖြစ်ဖန်တီးကပြမည်ဖြစ်သည်။
ဇာတ်လမ်းတိုများကို မြစ်ကမ်းကြီးကျေးရွာ၊ အင်ဒေါင်း ကျေးရွာ များတွင် ကပြမည်ဖြစ်ပြီး အသိပညာပေး လက်ကမ်း စာစောင်များဝေငှခြင်း၊ တီရှပ်များပေးဝေခြင်း အသိပညာပေး ဟောပြောမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Image may contain: sky, ocean, outdoor, water and nature
Image may contain: outdoor, water and nature
Image may contain: water
Image may contain: ocean, water, outdoor and nature
<zawgyi>
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအသိပညာပေးခရီးစဉ်တွင် ကျေးရွာများ၌ ဧရာဝတီလင်းပိုင် ပြဇာတ်ကပြမည်
Wednesday , December 4 , 2019

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အသိပညာပေး လှုပ်ရှားမှု ခရီးစဉ်တွင် ကျေးရွာများ၌ ဧရာဝတီ လင်းပိုင် ပြဇာတ် ဇာတ်လမ်းတို တင်ဆက်ကပြမည်ဖြစ်ကြောင်း မန္တလေးမြို့ Natural Green Alliance သဘာဝစိမ်းအဖွဲ့ ထံမှ သိရသည် ။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအသိပညာပေး လှုပ်ရှားမှုခရီးစဉ်ကို ဒီဇင်ဘာလ ၇ ရက်နေ့ မနက် ၆နာရီတွင် မန္တလေးဆိပ်ကမ်းမှ WCS ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး မော်တော်ဖြင့် ထွက်ခွာ ကြမည်ဖြစ်သည် ။
"ရေကြောင်းကအရမ်းကျပ်တဲ့အချိန်ဆိုတော့ ရွာစဉ်တိုင်းကိုကမ်းကပ်မရတဲ့အတွက် ရွာတွေကို ကျေးရွာ တစ်ရွာနှစ်ရွာမှာ လူစုပြီး အသိပညာပေးတာတွေ ပြဇာတ်ကပြတာတွေလုပ်သွားမယ် ။ နောက်ပြီး ခရီးစဉ်မှာ အသိပညာပေးဆိုင်းဘုတ်တွေကိုင်ပြီးသွားမယ် " ဟုသဘာဝ စိမ်းအဖွဲ့မှ ကိုမောင်မောင်ဦးက ပြောသည် ။
ခရီးစဉ်တွင်မန္တလေးတက္ကသိုလ် ၊ ရတနာပုံတက္ကသိုလ် ၊ စစ်ကိုင်း တက္ကသိုလ် ၊ ကျောက်ဆည် တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်တို့မှ သတ္တဗေဒ ဆရာ/ဆရာမ များ၊ ကျောင်းသား/ သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်လမ်းညွှန်အသင်း(မန္တလေး) Tourism and Culture University TCUမှ Mr&Miss အချို့ နှင့်အတူ Natural Green Alliance သဘာဝစိမ်းအဖွဲ့သားများ၊ ဧရာဝတီ လင်းပိုင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး ဆက်စပ်ပတ်သက်သူများ စုစုပေါင်း ဦးရေ ၁၀ဝခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်တွင်အထူးအစီအစဉ်အနေဖြင့် Malaysia နိင်ငံတွင် ကျင့်ပခဲ့သည့် Asian Youth Threatar Festival ပွဲတော်တွင် သွားရောက်ဖျော်ဖြေခဲ့သော အင်းဝ အက သင်တန်းကျောင်းမှ ဧရာဝတီ လင်းပိုင် သဏ္ဌာန်တူ ပုံရိပ် များ၊ ကကွက်များနှင့် လျှော့တိုက်ခံရချိန် သနားစရာ ကောင်းလှသော အခြေအနေများကို ဇာတ်လမ်းပြကွက်တိုများ အဖြစ်ဖန်တီးကပြမည်ဖြစ်သည်။
ဇာတ်လမ်းတိုများကို မြစ်ကမ်းကြီးကျေးရွာ၊ အင်ဒေါင်း ကျေးရွာ များတွင် ကပြမည်ဖြစ်ပြီး အသိပညာပေး လက်ကမ်း စာစောင်များဝေငှခြင်း၊ တီရှပ်များပေးဝေခြင်း အသိပညာပေး ဟောပြောမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment