Wednesday, December 4, 2019

မြန်မာ့လက်ရွေးစင်အမျိုးသားဘော်လီဘောအသင်း အဖွင့်ပွဲစဉ်တွင်အနိုင်ရရှိသော်လည်း ကစားသမားကောင်းတစ်ဦးလက်လွှတ်ဆုံးရှုံး

Image may contain: 1 person, playing a sport and text

ယနေ့ ဒီဇင်ဘာလ ၄ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၁နာရီခွဲအချိန်တွင် မြန်မာ့လက်ရွေးစင်ဘော်လီဘောအမျိုးသားအသင်းသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Philsports Arena တွင် စင်ကာပူအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ကြသည်။မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်ဖြစ်သည့်အတွက် အနိုင်ရရှိရန်အကောင်းဆုံးကြိုးစားကစားသွားခဲ့သည်။စင်ကာပူအသင်းသည် ပထမပွဲစဉ်တွင်ထိုင်းကိုရှုံးနိမ့်ထားသည့်အတွက် အကောင်းရုန်းကန်ပြီး မြန်မာအသင်းကိုတုံ့ပြန့်ကစားသွားခဲ့သည်။
ပထမပွဲငယ်တွင် စင်ကာပူအသင်း၏ရုန်းအားကြောင့် မြန်မာအသင်း အနည်းငယ်အခက်တွေ့ခဲ့ရသည်။
ယနေ့ပွဲတွင် အသင်းခေါင်းဆောင် အောင်သူ၏အကောင်းဆုံးရိုက်ချက်များကြောင့် မြန်မာအသင်းအသာစီးရယူသွားနိုင်ခဲ့သည်။မြန်မာအသင်းသည် (၂၆-၂၄ ၊ ၂၅-၂၁ ၊၂၅-၁၈)နှင့် (၃)ပွဲပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ယနေ့ပွဲအနိုင်ကြောင့်မြန်မာအသင်းသည်(၁)ပွဲကစားရန်ကျန်ရှိသော်လည်း ဆီမီးဖိုင်နယ်သို့တတ်ရောက်နိုင်ခဲ့ပြီဖြစ်သည်။မြန်မာအသင်းသည် (၁)ပွဲကစား ၊ (၁)ပွဲနိုင် ရမှတ်(၃)မှတ် ။ ထိုင်းအသင်းက (၁)ပွဲကစား ၊ (၁)ပွဲနိုင် ရမှတ်(၃)မှတ် ။ စင်ကာပူအသင်းက (၂)ပွဲကစား ၊ (၂)ပွဲရှုံး ရမှတ်(၀)မှတ် တို့ဖြစ်သည်။မြန်မာအသင်းသည် ကစားကျန်ရှိသည့်ထိုင်းအသင်းနှင့်ပွဲတွင် အုပ်စု ပထမ နှင့် ဒုတိယလုကစာသွားရမည်ဖြစ်သည်။အဆိုပါပွဲစဉ်အား လာမည့် ဒီဇင်ဘာလ (၆)ရက်နေ့တွင်ကစားသွားရမည်ဖြစ်သည်။
သို့သော် အသင်း၏အဓိကအားထားရတဲ့ အသင်းခေါင်းဆောင် အောင်သူ ၏ဒဏ်ရာအခြေအနေကိုစောင့်ကြည့်သွားရမည်ဖြစ်ပြီး အောင်သူ၏ ဒဏ်ရာစစ်ဆေးမှုအဖြေရလဒ် အရမြန်မာလက်ရွေးစင်ဘော်လီဘောအမျိုးသားအသင်းအတွက် အကြီးမားဆုံးထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။
အောင်သူအနေနဲ့ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲပွဲစဥ်အားလုံးကို လွဲချော်တော့မယ်လို့သိရပါတယ်။ အောင်သူအနေနှင့် ဒဏ်ရာဟောင်းကိုထိခိုက်မိခဲ့ရပြီး ၇ရက်နှင့်အထက် နားရမယ်လို့လဲသိရှိရပါတယ်။ဒဏ်ရာအမြန်ဆုံးသက်သာပါစေ။မြန်မာဘော်လီဘောချစ်ပရိသတ်များနည်းတူ စိတ်မကောင်းဖြစ်ရပါတယ်။
Image may contain: 1 person, smiling
Image may contain: 1 person, sitting
Image may contain: 1 person, standing
<<Zawgyi>>
မြန်မာ့လက်ရွေးစင်အမျိုးသားဘော်လီဘောအသင်း အဖွင့်ပွဲစဉ်တွင်အနိုင်ရရှိသော်လည်း ကစားသမားကောင်းတစ်ဦးလက်လွှတ်ဆုံးရှုံး
Wednesday, December 4 , 2019

ယနေ့ ဒီဇင်ဘာလ ၄ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၁နာရီခွဲအချိန်တွင် မြန်မာ့လက်ရွေးစင်ဘော်လီဘောအမျိုးသားအသင်းသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Philsports Arena တွင် စင်ကာပူအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ကြသည်။မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်ဖြစ်သည့်အတွက် အနိုင်ရရှိရန်အကောင်းဆုံးကြိုးစားကစားသွားခဲ့သည်။စင်ကာပူအသင်းသည် ပထမပွဲစဉ်တွင်ထိုင်းကိုရှုံးနိမ့်ထားသည့်အတွက် အကောင်းရုန်းကန်ပြီး မြန်မာအသင်းကိုတုံ့ပြန့်ကစားသွားခဲ့သည်။ပထမပွဲငယ်တွင် စင်ကာပူအသင်း၏ရုန်းအားကြောင့် မြန်မာအသင်း အနည်းငယ်အခက်တွေ့ခဲ့ရသည်။
ယနေ့ပွဲတွင် အသင်းခေါင်းဆောင် အောင်သူ၏အကောင်းဆုံးရိုက်ချက်များကြောင့် မြန်မာအသင်းအသာစီးရယူသွားနိုင်ခဲ့သည်။မြန်မာအသင်းသည် (၂၆-၂၄ ၊ ၂၅-၂၁ ၊၂၅-၁၈)နှင့် (၃)ပွဲပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ယနေ့ပွဲအနိုင်ကြောင့်မြန်မာအသင်းသည်(၁)ပွဲကစားရန်ကျန်ရှိသော်လည်း ဆီမီးဖိုင်နယ်သို့တတ်ရောက်နိုင်ခဲ့ပြီဖြစ်သည်။မြန်မာအသင်းသည် (၁)ပွဲကစား ၊ (၁)ပွဲနိုင် ရမှတ်(၃)မှတ် ။ ထိုင်းအသင်းက (၁)ပွဲကစား ၊ (၁)ပွဲနိုင် ရမှတ်(၃)မှတ် ။ စင်ကာပူအသင်းက (၂)ပွဲကစား ၊ (၂)ပွဲရှုံး ရမှတ်(၀)မှတ် တို့ဖြစ်သည်။မြန်မာအသင်းသည် ကစားကျန်ရှိသည့်ထိုင်းအသင်းနှင့်ပွဲတွင် အုပ်စု ပထမ နှင့် ဒုတိယလုကစာသွားရမည်ဖြစ်သည်။အဆိုပါပွဲစဉ်အား လာမည့် ဒီဇင်ဘာလ (၆)ရက်နေ့တွင်ကစားသွားရမည်ဖြစ်သည်။
သို့သော် အသင်း၏အဓိကအားထားရတဲ့ အသင်းခေါင်းဆောင် အောင်သူ ၏ဒဏ်ရာအခြေအနေကိုစောင့်ကြည့်သွားရမည်ဖြစ်ပြီး အောင်သူ၏ ဒဏ်ရာစစ်ဆေးမှုအဖြေရလဒ် အရမြန်မာလက်ရွေးစင်ဘော်လီဘောအမျိုးသားအသင်းအတွက် အကြီးမားဆုံးထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။
အောင်သူအနေနဲ့ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲပွဲစဉ်အားလုံးကို လွဲချော်တော့မယ်လို့သိရပါတယ်။ အောင်သူအနေနှင့် ဒဏ်ရာဟောင်းကိုထိခိုက်မိခဲ့ရပြီး ၇ရက်နှင့်အထက် နားရမယ်လို့လဲသိရှိရပါတယ်။ဒဏ်ရာအမြန်ဆုံးသက်သာပါစေ။မြန်မာဘော်လီဘောချစ်ပရိသတ်များနည်းတူ စိတ်မကောင်းဖြစ်ရပါတယ်။

0 comments:

Post a Comment