Tuesday, December 3, 2019

အင်ဒိုနီးရှား သမ္မတအိမ်တော်အနီး ပေါက်ကွဲမှု့ဖြစ်ပွားမှုကြောင့် စစ်သားနှစ်ဦး ဒါဏ်ရာရရှိ

Image may contain: 2 people, outdoor and textImage may contain: one or more people, people standing, people walking, outdoor and text

ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ အင်ဒိုနီးရှားနိုင်ငံမြို့တော်၏ အချက်အချာဧရိယာတွင်တည်ရှိသော သမ္မတအိမ်တော်အနီး ဥယျာဉ်၌ မီးခိုးလက်ပစ်ဗုံးဟု ယူဆရသော ဗုံးပေါက်ကွဲမှု့ကြောင့် အနည်းဆုံးစစ်သား ၂-ဦး ဒါဏ်ရာရရှိကြောင်း ဂျာကာတာရဲတပ်ဖွဲ့က ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။

ပေါက်ကွဲမှု့ဖြစ်ပွားချိန်တွင် သမ္မတ ဂျိုကိုဝီဒိုဒိုမှာ အိမ်တော်၌ ရှိမနေကြောင်း သိရှိရသည်။ ပေါက်ကွဲမှု၏ အဓိကလက်သည်မှာ မည်သည့် ဂိုဏ်း/အုပ်စုလက်ချက်ဖြစ်သည်ကို လတ်တစ်လော မသိရှိရသော်လည်း ကမ္ဘာ့မွတ်စလင်ဘာသာဝင်ဦးရေအများဆုံးနိုင်ငံ၏ ယခုနှစ်များအတွင်း ပြည်တွင်း အကြမ်းဖက်လိုခြင်းတို့ တစ်ဖန်နိုးထလာကြောင်း ပြသလျှက်ရှိသည်ဟု သတင်း၌ဖော်ပြသည်။
ပေါက်ကွဲမှုဖြစ်ပွားရာ နေရာမှာ အင်ဒိုနီးရှားပြည်ထဲရေးဝန်ကြီးဋ္ဌာန အဆောက်အအုံများနှင့်လည်း မဝေးလှ ကြောင်းသိရှိရသည်။
လွန်ခဲ့သည့် ၆-လက အင်ဒိုနီးရှားနိုင်ငံ မီဒန်းမြို့ ရဲတပ်ဖွဲ့ဋ္ဌာနချုပ်အပြင်ဖက်၌ အသက် ၂၄-နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးက သူ့ကိုယ်သူ ဗုံးဖောက်ခွဲခဲ့ရာ လူ ၆-ဦး ဒါဏ်ရာရရှိသည်။ အဆိုပါပေါက်ကွဲမှု့မှာ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှု့များ ကျူးလွန်ခဲ့သော ဂျမားအာရှော့ရွတ်ဒိုလာ ( JAD ) အမည်ရှိအဖွဲ့ အစည်းနှင့် ဆက်နွယ်လျှက်ရှိ၍ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်သူ IS တို့၏ ခိုင်းစေချက်ကြောင့်ဖြစ်သည်ဆို၏။
လွန်ခဲ့သည့် အောက်တိုဘာလ၌လည်း အင်ဒိုနီးရှားစစ်ဖက်အကြီးအကဲနှင့် လုံခြုံရေးဝန်ကြီးဟောင်း ဝီရန်တိုကို အစ္စလာမ်မစ်စစ်သွေးကြွဟု ယူဆရသူတစ်ဦးက ဒါးဖြင့် ထိုးသဖြင့် ဒါဏ်ရာရရှိခဲ့သည်။ လူသိများသော ဝန်ကြီး ဟောင်း ဝီရန်တိုမှာ ယခုအခါ ဆေးရုံမှ ဆင်းနိုင်ပြီဖြစ်သော်လည်း နောက်ဆက်တွဲ ခွဲစိတ်ကုသမှုများ ခံယူခဲ့ရသည်။
<<Zawgyi>>
အင်ဒိုနီးရှား သမ္မတအိမ်တော်အနီး ပေါက်ကွဲမှု့ဖြစ်ပွားမှုကြောင့် စစ်သားနှစ်ဦး ဒါဏ်ရာရရှိ
Tuesday, December 3 , 2019

ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ အင်ဒိုနီးရှားနိုင်ငံမြို့တော်၏ အချက်အချာဧရိယာတွင်တည်ရှိသော သမ္မတအိမ်တော်အနီး ဥယျာဉ်၌ မီးခိုးလက်ပစ်ဗုံးဟု ယူဆရသော ဗုံးပေါက်ကွဲမှု့ကြောင့် အနည်းဆုံးစစ်သား ၂-ဦး ဒါဏ်ရာရရှိကြောင်း ဂျာကာတာရဲတပ်ဖွဲ့က ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။
ပေါက်ကွဲမှု့ဖြစ်ပွားချိန်တွင် သမ္မတ ဂျိုကိုဝီဒိုဒိုမှာ အိမ်တော်၌ ရှိမနေကြောင်း သိရှိရသည်။ ပေါက်ကွဲမှု၏ အဓိကလက်သည်မှာ မည်သည့် ဂိုဏ်း/အုပ်စုလက်ချက်ဖြစ်သည်ကို လတ်တစ်လော မသိရှိရသော်လည်း ကမ္ဘာ့မွတ်စလင်ဘာသာဝင်ဦးရေအများဆုံးနိုင်ငံ၏ ယခုနှစ်များအတွင်း ပြည်တွင်း အကြမ်းဖက်လိုခြင်းတို့ တစ်ဖန်နိုးထလာကြောင်း ပြသလျှက်ရှိသည်ဟု သတင်း၌ဖော်ပြသည်။
ဒေသစံတော်ချိန် နံနက် ၀ရး၁၅ နာရီခန့်တွင် အမျိုးသားမော်ကွန်းဥယျာဉ်မြောက်ပိုင်း၌ မီးခိုးလက်ပစ်ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်နေစဉ် ဒါဏ်ရာရရှိသော စစ်သား ၂-ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ မည်သည့်အတွက် ဗုံးပေါက်ကွဲမှုဖြစ်ပွားရသည်ကို စစ်ဆေးခဲ့ပြီး အခြားထူးခြားဖြစ်စဉ် မပေါ်ပေါက်ကြောင်း၊ အခင်းဖြစ်ပွားပြီး ၃-နာရီအကြာ၌ ဥယျာဉ်ကို ပုံမှန်ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။
ပေါက်ကွဲမှုဖြစ်ပွားရာ နေရာမှာ အင်ဒိုနီးရှားပြည်ထဲရေးဝန်ကြီးဋ္ဌာန အဆောက်အအုံများနှင့်လည်း မဝေးလှ ကြောင်းသိရှိရသည်။
လွန်ခဲ့သည့် ၆-လက အင်ဒိုနီးရှားနိုင်ငံ မီဒန်းမြို့ ရဲတပ်ဖွဲ့ဋ္ဌာနချုပ်အပြင်ဖက်၌ အသက် ၂၄-နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးက သူ့ကိုယ်သူ ဗုံးဖောက်ခွဲခဲ့ရာ လူ ၆-ဦး ဒါဏ်ရာရရှိသည်။ အဆိုပါပေါက်ကွဲမှု့မှာ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှု့များ ကျူးလွန်ခဲ့သော ဂျမားအာရှော့ရွတ်ဒိုလာ ( JAD ) အမည်ရှိအဖွဲ့ အစည်းနှင့် ဆက်နွယ်လျှက်ရှိ၍ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်သူ IS တို့၏ ခိုင်းစေချက်ကြောင့်ဖြစ်သည်ဆို၏။
လွန်ခဲ့သည့် အောက်တိုဘာလ၌လည်း အင်ဒိုနီးရှားစစ်ဖက်အကြီးအကဲနှင့် လုံခြုံရေးဝန်ကြီးဟောင်း ဝီရန်တိုကို အစ္စလာမ်မစ်စစ်သွေးကြွဟု ယူဆရသူတစ်ဦးက ဒါးဖြင့် ထိုးသဖြင့် ဒါဏ်ရာရရှိခဲ့သည်။ လူသိများသော ဝန်ကြီး ဟောင်း ဝီရန်တိုမှာ ယခုအခါ ဆေးရုံမှ ဆင်းနိုင်ပြီဖြစ်သော်လည်း နောက်ဆက်တွဲ ခွဲစိတ်ကုသမှုများ ခံယူခဲ့ရသည်။
Ref-#Reuters #HtayOung #OungMarine #အင္ဒိုနီးရွား#သမ္မတအိမ်တော် #ဗုံးပေါက်ကွဲ #ဂျမားအာရှော့ရွတ်ဒိုလာ(JAD) #Myanmar_Online_News

0 comments:

Post a Comment