ရန်ကုန်တိုင်းအစိုးရက ရောင်းချသည့် မြေကွက် ဝယ်ယူခွင့် လျှောက်လွှာများကို နိုဝင်ဘာလ တတိယပတ်မှ စတင်စိစစ်လျက်ရှိရာ လက်ရှိအချိန်ထိ စိစစ်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြောကြားခဲ့သည်။
အဆိုပါလျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်မှ နိုဝင်ဘာလ ၈ ရက်အထိ လျှောက်လွှာ ၁စောင်လျှင် ကျပ်တစ်သောင်းဖြင့် ၁ လကြာ ရောင်းချပေးခဲ့ပြီး ၊ လျှောက်လွှာဝယ်ယူသည့် အစောင်ရေ စုစုပေါင်း ၁၅၆၂၀ စောင်ရှိကြောင်းနှင့် ပြန်တင်ပြလာသည့် လျှောက်လွှာပေါင်းမှာ ၁၂၁၅၈ စောင် ရှိသည်ဟုဆိုသည်။
ထိုကဲ့သို့ ပြန်လည်တင်ပြလာသည့် လျှောက်လွှာ ၁၂၀၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဝန်ကြီး ဦးဟန်ထွန်းကိုယ်တိုင် ဦးဆောင်၍ စိစစ်နေခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းလျှောက်လွှာများကို စိစစ်ရာတွင်လည်း လျှောက်လွှာပုံစံထဲတွင် အဆိုပြု ဈေးနှုန်းများပါပြီး ဝယ်ယူသူသည် စီးပွားရေးလုပ်ခြင်း ၊ အိမ်ဆောက်ခြင်း ၊ စက်မှုလက်မှုလုပ်ငန်း မည်သည့်အမျိုးအစားကို လုပ်ဆောင်မလဲ ဟူသောအချက်နှင့် စီးပွားရေးလုပ်ငန်းအတွက် အိမ်ရာစီမံကိန်း လုပ်မယ်ဆိုပါကလည်း ၎င်း၏ ရင်းနှီးမြှုပ်နှံနိုင်သည့် ငွေပမာဏ အတိုင်းအတာ နှင့် လုပ်ငန်း၏ အစီအစဉ် များကို သေချာစိစစ်ပြီးမှသာ ဦးစားပေးအလိုက် ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

<<Zawgyi>>
ရန်ကုန်တိုင်းအစိုးရမှ ရောင်းချပေးမည့် မြေကွက်ဝယ်ယူရန် လျှောက်လွှာများကို လက်ရှိချိန်ထိ စိစစ်နေဖြစ်
Monday, December 16, 2019
ရန်ကုန်တိုင်းအစိုးရက ရောင်းချသည့် မြေကွက် ဝယ်ယူခွင့် လျှောက်လွှာများကို နိုဝင်ဘာလ တတိယပတ်မှ စတင်စိစစ်လျက်ရှိရာ လက်ရှိအချိန်ထိ စိစစ်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြောကြားခဲ့သည်။
အဆိုပါလျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်မှ နိုဝင်ဘာလ ၈ ရက်အထိ လျှောက်လွှာ ၁စောင်လျှင် ကျပ်တစ်သောင်းဖြင့် ၁ လကြာ ရောင်းချပေးခဲ့ပြီး ၊ လျှောက်လွှာဝယ်ယူသည့် အစောင်ရေ စုစုပေါင်း ၁၅၆၂၀ စောင်ရှိကြောင်းနှင့် ပြန်တင်ပြလာသည့် လျှောက်လွှာပေါင်းမှာ ၁၂၁၅၈ စောင် ရှိသည်ဟုဆိုသည်။
ထိုကဲ့သို့ ပြန်လည်တင်ပြလာသည့် လျှောက်လွှာ ၁၂၀၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဝန်ကြီး ဦးဟန်ထွန်းကိုယ်တိုင် ဦးဆောင်၍ စိစစ်နေခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းလျှောက်လွှာများကို စိစစ်ရာတွင်လည်း လျှောက်လွှာပုံစံထဲတွင် အဆိုပြု ဈေးနှုန်းများပါပြီး ဝယ်ယူသူသည် စီးပွားရေးလုပ်ခြင်း ၊ အိမ်ဆောက်ခြင်း ၊ စက်မှုလက်မှုလုပ်ငန်း မည်သည့်အမျိုးအစားကို လုပ်ဆောင်မလဲ ဟူသောအချက်နှင့် စီးပွားရေးလုပ်ငန်းအတွက် အိမ်ရာစီမံကိန်း လုပ်မယ်ဆိုပါကလည်း ၎င်း၏ ရင်းနှီးမြှုပ်နှံနိုင်သည့် ငွေပမာဏ အတိုင်းအတာ နှင့် လုပ်ငန်း၏ အစီအစဉ် များကို သေချာစိစစ်ပြီးမှသာ ဦးစားပေးအလိုက် ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

0 comments:
Post a Comment