Saturday, December 28, 2019

မနောပွဲခေါင်းစီး စာသားကိစ္စ ညှိနှိုင်းမရသဖြင့် ယခုနှစ် မနောပွဲကျင်းပခွင့်ပိတ်သိမ်း

Image may contain: crowd, sky and outdoor

ကချင်ပြည်နယ်မနောပွဲအတွက် ခေါင်းစဉ်ဆိုင်းပုဒ်စာသား အသုံးပြုမည့်နေရာတွင် ညှိနှိုင်းမှုမပြေလည်သည့်အတွက် မနောပွဲကျင်းပခွင့်ကိုပိတ်သိမ်းလိုက်ကြောင်း ပြည်နယ်အစိုးရအဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

ယခုနှစ်တွင် ကချင်ပြည်နယ်နေ့ အခမ်းအနားကိုသာ ကျင်းပပြုလုပ်တော့မည်ဖြစ်ပြီး မနောပွဲ(ကပွဲ)ကို မကျင်းပတော့ခြင်းဖြစ်သည်။
မနောပွဲကွင်း မုခ်ဦးတွင် ထည့်သွင်းရေးသားမည့် စာသားနှင့်ပတ်သက်၍ ကချင်မျိုးနွယ်စု ၆ စုအကြား ညှိနှိုင်းမရသဖြင့် နောက်ဆုံးတွင်ပြည်နယ်အစိုးရအဖွဲ့ အမိန့်ဖြင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက သတင်းတမန်သို့ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသားရေးရာဝန်ကြီးများထံသို့ စာထုတ်ပေးထားကြောင်း ၎င်း ကဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကချင်မျိုးနွယ်စု ၆ စုစလုံးပါဝင်စုဖွဲ့ထားသော ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးထွန်ဖူးဒဂုံက "ကျနော်တို့ကတော့ စည်းလုံးညီညွှတ်မှု ကချင်ပြည်နယ်တည်ငြိမ်ရေးကိုပဲလိုချင်တာပါ" ဟု သတင်းတမန်သို့မှတ်ချက်ပြုသည်။
မနောကခြင်းကို ပြည်ထောင်စုနေ့အခမ်းအနားတွင်မှ ကပွဲလုပ်တော့မည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။
ယခုနှစ် ကချင်ပြည်နယ်နေ့အခမ်းအနားကိုမူ အစိုးရအဖွဲ့ရုံးအတွင်း၌ သာပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။
ယမန်နှစ်ကလည်း ကချင်ပြည်နယ် မနောပွဲမုခ်ဦးတွင် ထည့်သွင်းမည့် စာသားကိစ္စနှင့်ပတ်သက်၍ မနောပွဲ မုခ်ဦးကို မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့သည်။
ယခုနှစ်တွင် မနောပွဲမကျင်းပတော့ကြောင်း အမိန့်စာကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြည်နယ်အစိုးရကထုတ်ပြန်ခဲ့ကြောင်းသိရသည်။
Source: News Ambassador'Fb #Myanmar_Online_News
<<Zawgyi>>
မနောပွဲခေါင်းစီး စာသားကိစ္စ ညှိနှိုင်းမရသဖြင့် ယခုနှစ် မနောပွဲကျင်းပခွင့်ပိတ်သိမ်း
Saturday ,December 28, 2019

0 comments:

Post a Comment