Thursday, December 5, 2019

သမ္မတဟောင်း ဦးသိန်းစိန်အား ဂါရဝပြုပွဲ တက်ရောက်ရန် စာရင်းပေးသူ များပြားနေ

Image may contain: 1 person, sunglasses, eyeglasses and closeup

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ခန်းမတွင်ကျင်းပမည့် သမ္မတဟောင်းဦးသိန်းစိန်ဂါရဝပြုပွဲတက်ရောက်ရန် စာရင်းပေးသူဦးရေများပြားနေကြောင်း သိရှိရသည်။

ယခင်နှစ်များတွင် သမ္မတဟောင်းဦးသိန်းစိန်အား ဂါရဝပြုပွဲအခမ်းအနားတွင်လူ ၃၄၀၀ ဦးနီးပါးရှိခဲ့ကြောင်း သိရှိရသည်။
“ သမ္မတကြီးကမနှစ်ကပြောတာကတော့ နေပြည်တော်ဆုံမှတ်အသင်းက နိုင်ငံရေးကိုလုပ်နေတာမဟုတ်ဘူး။ မလုပ်ရဘူးဟာမျိုးလောက်ပဲပြောသွားတာပါ။ အထွေအထူးပြောတာတော့ အများပြည်သူနဲ့တန်းတူပဲ ကိုယ့်နိုင်ငံကောင်းကျိုးကိုဆောင်ပေးနိုင်တဲ့ အစိုးရကိုဝိုင်းပြီး ရွေးချယ်ပေးကြမယ့်ပြည်သူထဲက ပြည်သူပဲဖြစ်တယ်။ ဒါကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်။ ဒါလေးပဲပြောသွားတယ်” ဟု ကိုအောင်ပိုင်မင်းက ထပ်မံပြောကြားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှယှဉ်ပြိုင်အနိုင်ရရှိကာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

<zawgyi>
သမ္မတဟောင်း ဦးသိန်းစိန်အား ဂါရဝပြုပွဲ တက်ရောက်ရန် စာရင်းပေးသူ များပြားနေ
Thursday, December 5 , 2019

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ခန်းမတွင်ကျင်းပမည့် သမ္မတဟောင်းဦးသိန်းစိန်ဂါရဝပြုပွဲတက်ရောက်ရန် စာရင်းပေးသူဦးရေများပြားနေကြောင်း သိရှိရသည်။
ယခင်နှစ်များတွင် သမ္မတဟောင်းဦးသိန်းစိန်အား ဂါရဝပြုပွဲအခမ်းအနားတွင်လူ ၃၄၀၀ ဦးနီးပါးရှိခဲ့ကြောင်း သိရှိရသည်။
“ သမ္မတကြီးကမနှစ်ကပြောတာကတော့ နေပြည်တော်ဆုံမှတ်အသင်းက နိုင်ငံရေးကိုလုပ်နေတာမဟုတ်ဘူး။ မလုပ်ရဘူးဟာမျိုးလောက်ပဲပြောသွားတာပါ။ အထွေအထူးပြောတာတော့ အများပြည်သူနဲ့တန်းတူပဲ ကိုယ့်နိုင်ငံကောင်းကျိုးကိုဆောင်ပေးနိုင်တဲ့ အစိုးရကိုဝိုင်းပြီး ရွေးချယ်ပေးကြမယ့်ပြည်သူထဲက ပြည်သူပဲဖြစ်တယ်။ ဒါကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်။ ဒါလေးပဲပြောသွားတယ်” ဟု ကိုအောင်ပိုင်မင်းက ထပ်မံပြောကြားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှယှဉ်ပြိုင်အနိုင်ရရှိကာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment