Friday, December 27, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

Image may contain: 9 people, indoor

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့လိုက်ပါပြီး ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

စက်ရုံမှူးက စက်ရုံ၏ဖွဲ့စည်းပုံ၊ စက်များ တပ်ဆင်ထားရှိမှုနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများ၊ စက်ရုံဝန်ထမ်းများ၏ သက်သာချောင်ချိရေးဆောင်ရွက်ပေးမှု၊ အဆောက်အဦပိုင်းနှင့် ရေ၊ မီး စနစ်တကျရှိအောင် လုပ်ဆောင်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံအတွင်း၌ စက်များ စွမ်းအားပြည့်လည်ပတ်နိုင်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများကလည်း စွမ်းအားပြည့်လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ စျေးကွက်တွင် မိမိတို့စက်ရုံထုတ်ပစ္စည်းများ အရည်အသွေးအရ၊ စျေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် စီမံဆောင်ရွက်ပြီး စက်ရုံပိုင်းမှ ထုတ်လုပ်မှုအရည်အသွေးကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ ဖြန့်ချိရေးအပိုင်းမှလည်း စျေးကွက်လိုအပ်ချက်၊ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပမှ သွင်းကုန်များကို လျှော့ချနိုင်ပါက တိုင်းပြည်၏စီးပွားရေးကိုအထောက်အကူပြုနိုင်မည်ဖြစ်သောကြောင့် ပြည်ပမှ အဝတ်အထည်များနှင့်ယှဉ်ပြိုင်ရောင်းချနိုင်သည့်အဆင့်ရှိအောင် လုပ်ဆောင်သွားကြ ရမည်ဖြစ် ကြောင်း၊ Textile ပညာရှင်များ၊ ဆိုးဆေးဆိုင်ရာပညာရှင်များ၊ စက်ပစ္စည်းပိုင်းဆိုင်ရာ ပညာရှင်များနှင့် လျှပ်စစ်ပိုင်းဆိုင်ရာပညာရှင်များကို စဉ်ဆက်မပြတ်မွေးထုတ် ပေးရမည်ဖြစ်ပြီး လိုအပ်ပါက ပြည်ပနိုင်ငံများသို့ပါ စေလွှတ်သင်ကြားပေးသွားရမည်ဖြစ် ကြောင်းဖြင့် မှာကြားသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် စက်ရုံထုတ်ပစ္စည်းများအား ကြည့်ရှု၍ ပိတ်စအသားနှင့် ဆေးအရောင်ခိုင်ခံ့မှုရှိရေး၊ ချုပ်ရိုးချုပ်သား ကောင်းမွန်ရေး၊ အခြားပြင်ပထုတ်အရည်အသွေးကောင်းမွန်သည့် ပိတ်စ၊ အဝတ်အထည်များနှင့် နှိုင်းယှဉ်လေ့လာပြီး မိမိစက်ရုံထုတ်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရေး စီမံဆောင်ရွက်ကြရန် မှာကြားဆွေးနွေးခဲ့သည်။
အဆိုပါ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း)အနေဖြင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးဝတ် အဝတ်အထည်အမျိုးမျိုး၊ အိပ်ယာခင်း၊ ပုဝါအစရှိသည့် တစ်ကိုယ်ရေသုံး အဝတ်အထည်ပစ္စည်းအမျိုးမျိုးနှင့် ဒေသန္တရစျေးကွက်ဝင် အဝတ်အထည်များကို အရောင်အသွေး ဒီဇိုင်းစုံလင်ပြီး အရည်အသွေးပြည့်မီစွာဖြင့် စျေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သမိုင်းဝင် တော်လှန်ရေးပန်းခြံ ပြုပြင်ထိန်းသိမ်းမှုအခြေအနေများအား သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းခြံအတွင်း မုဒ်ဦးများ၊ သစ်ပင်ပန်းမန်များ၊ ရုပ်တုများ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ ရေစီးရေလာ ကောင်းမွန် စေရေးနှင့် လာရောက်အပန်းဖြေကြသူများ စိတ်နှလုံးချမ်းမြေ့မှုရှိစေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရှိရသည်။
Image may contain: 1 person, standing and indoor
Image may contain: 8 people, people standing
Image may contain: one or more people, people standing, sky, bridge, outdoor and nature
Image may contain: 3 people, people sitting and people standing
Image may contain: screen and indoor

<zawgyi>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့လိုက်ပါပြီး ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
စက်ရုံမှူးက စက်ရုံ၏ဖွဲ့စည်းပုံ၊ စက်များ တပ်ဆင်ထားရှိမှုနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများ၊ စက်ရုံဝန်ထမ်းများ၏ သက်သာချောင်ချိရေးဆောင်ရွက်ပေးမှု၊ အဆောက်အဦပိုင်းနှင့် ရေ၊ မီး စနစ်တကျရှိအောင် လုပ်ဆောင်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံအတွင်း၌ စက်များ စွမ်းအားပြည့်လည်ပတ်နိုင်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများကလည်း စွမ်းအားပြည့်လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ စျေးကွက်တွင် မိမိတို့စက်ရုံထုတ်ပစ္စည်းများ အရည်အသွေးအရ၊ စျေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် စီမံဆောင်ရွက်ပြီး စက်ရုံပိုင်းမှ ထုတ်လုပ်မှုအရည်အသွေးကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ ဖြန့်ချိရေးအပိုင်းမှလည်း စျေးကွက်လိုအပ်ချက်၊ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပမှ သွင်းကုန်များကို လျှော့ချနိုင်ပါက တိုင်းပြည်၏စီးပွားရေးကိုအထောက်အကူပြုနိုင်မည်ဖြစ်သောကြောင့် ပြည်ပမှ အဝတ်အထည်များနှင့်ယှဉ်ပြိုင်ရောင်းချနိုင်သည့်အဆင့်ရှိအောင် လုပ်ဆောင်သွားကြ ရမည်ဖြစ် ကြောင်း၊ Textile ပညာရှင်များ၊ ဆိုးဆေးဆိုင်ရာပညာရှင်များ၊ စက်ပစ္စည်းပိုင်းဆိုင်ရာ ပညာရှင်များနှင့် လျှပ်စစ်ပိုင်းဆိုင်ရာပညာရှင်များကို စဉ်ဆက်မပြတ်မွေးထုတ် ပေးရမည်ဖြစ်ပြီး လိုအပ်ပါက ပြည်ပနိုင်ငံများသို့ပါ စေလွှတ်သင်ကြားပေးသွားရမည်ဖြစ် ကြောင်းဖြင့် မှာကြားသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် စက်ရုံထုတ်ပစ္စည်းများအား ကြည့်ရှု၍ ပိတ်စအသားနှင့် ဆေးအရောင်ခိုင်ခံ့မှုရှိရေး၊ ချုပ်ရိုးချုပ်သား ကောင်းမွန်ရေး၊ အခြားပြင်ပထုတ်အရည်အသွေးကောင်းမွန်သည့် ပိတ်စ၊ အဝတ်အထည်များနှင့် နှိုင်းယှဉ်လေ့လာပြီး မိမိစက်ရုံထုတ်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရေး စီမံဆောင်ရွက်ကြရန် မှာကြားဆွေးနွေးခဲ့သည်။
အဆိုပါ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း)အနေဖြင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးဝတ် အဝတ်အထည်အမျိုးမျိုး၊ အိပ်ယာခင်း၊ ပုဝါအစရှိသည့် တစ်ကိုယ်ရေသုံး အဝတ်အထည်ပစ္စည်းအမျိုးမျိုးနှင့် ဒေသန္တရစျေးကွက်ဝင် အဝတ်အထည်များကို အရောင်အသွေး ဒီဇိုင်းစုံလင်ပြီး အရည်အသွေးပြည့်မီစွာဖြင့် စျေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သမိုင်းဝင် တော်လှန်ရေးပန်းခြံ ပြုပြင်ထိန်းသိမ်းမှုအခြေအနေများအား သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းခြံအတွင်း မုဒ်ဦးများ၊ သစ်ပင်ပန်းမန်များ၊ ရုပ်တုများ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ ရေစီးရေလာ ကောင်းမွန် စေရေးနှင့် လာရောက်အပန်းဖြေကြသူများ စိတ်နှလုံးချမ်းမြေ့မှုရှိစေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment