Tuesday, December 3, 2019

တရားလိုပြသက်သေ နှစ်ဦးသာ စစ်ဆေးရန်ကျန်ရှိတော့သည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှု


အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ‌ဒေဖြင့် တရားစွဲဆိုခံထားသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အပါအဝင် လေးဦးကို အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေးနေတဲ့အမှုမှာ စစ်ဆေးဖို့ တရားလိုပြသက်သေနှစ်ဦးသာ ကျန်ရှိတော့ပြီး ၎င်းတို့ကို စစ်ဆေးပြီးပါက စွဲချက်တင်သင့် မသင့် ကြားနာသွားမယ်လို့ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ ၁၀-၃-၂၀၁၉ ရက်နေ့တွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရား စွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတာဖြစ်ကြောင်း သိရှိရပါသည်။
<<Zawgyi>>
တရားလိုပြသက်သေ နှစ်ဦးသာ စစ်ဆေးရန်ကျန်ရှိတော့သည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှု
Wednesday, December 4 , 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ‌ဒေဖြင့် တရားစွဲဆိုခံထားသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အပါအဝင် လေးဦးကို အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေးနေတဲ့အမှုမှာ စစ်ဆေးဖို့ တရားလိုပြသက်သေနှစ်ဦးသာ ကျန်ရှိတော့ပြီး ၎င်းတို့ကို စစ်ဆေးပြီးပါက စွဲချက်တင်သင့် မသင့် ကြားနာသွားမယ်လို့ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ ၁၀-၃-၂၀၁၉ ရက်နေ့တွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရား စွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတာဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment