ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ ရှင်သီဝလိတောင်ရှိ ဆုတောင်းပြည့်စေတီတော်မြတ်အား ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ဌာပနာသွင်းခြင်းနှင့် ထီးတော်တင်လှူခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နမောတဿ ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ကာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်၊ ကုန်းကျောင်းယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာထံမှ ကိုးပါသီလ ခံယူဆောက်တည်ကြပြီး စိန်ဖူးတော်၊ ဌာပနာထည့်သွင်းပူဇော်မည့် ဘုရားဆင်းတုတော်၊ ဓာတ်တော်၊ မွေတော်များ၊ ရတနာပစ္စည်းများ၊ လှူဖွယ်ပစ္စည်းများ ဆရာတော်ထံ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် ဇနီးဒေါ်ကြင်ဝေစီနှင့်အဖွဲ့က အခမ်းအနားဖြင့် ဌာပနာတိုက်အတွင်း ဌာပနာတော်ထည့်သွင်းပူဇော်ကာ ထီးတော်တင်လှူခဲ့ကြသည်။
အခမ်းအနားသို့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် ဇနီး ဒေါ်ဌေးဌေးဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် ဇနီး ဒေါ်ကြင်ဝေစီ၊ အမှတ်(၁)စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဉာဏ်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)
<zawgyi>
ကျောက်ကြီးမြို့ ရှင်သီဝလိတောင်တော်ရှိ ဆုတောင်းပြည့်စေတီတော်မြတ်အား ထီးတော်တင်လှူ
Friday ,December 27 , 2019

0 comments:
Post a Comment