Wednesday, December 25, 2019

ထိုင်းနိုင်ငံတွင် နေ့ခင်းကြောင်တောင်မြို့လည်ခေါင်တွင်တစ်ကိုယ်တော် ဘဏ်ဓါးပြဝင်တိုက်မှုဖြစ်ပွား

Image may contain: one or more peopleImage may contain: one or more people and indoor

ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၁၅:၂၀ ချိန်ခန့်၌ ထိုင်းနိုင်ငံ ဖက်ချဘွန်းပြည်နယ် ဘွန့်စမ်ဖန်းမြို့နယ်ရှိကာစီကွန်ဘဏ်ခွဲအမှတ် ( ၂ ) တွင် အမည်မသိလူစိမ်းတစ်ဦးမှဝင်ရောက်လာကာဓါးပြတိုက်ပြမှုဖြစ်ပွားခဲ့ပြီး ထိုင်းဘတ်ငွေ ( ၂ ) သန်းအားယူဆောင်ထွက်ပြေးသွားမှုကြောင့် ဘွန့်စမ်ဖန်းမြို့နယ်ရဲတပ်ဖွဲ့ မှူး ၊ ရဲမှူးကြီး Wirat Khornburi ဦးစီးသည့် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့များ ၊ အမှုစစ်အရာရှိများမှ အခင်းဖြစ်ပွားရာနေရာသို့သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အခင်းမဖြစ်ပွားမီ ၅ မိနစ်အလိုတွင် ဘဏ်အတွင်း၌ ယောကျ်ားလေးပုံသဏ္ဍန်အမျိုး သမီးငယ်တစ်ဦး လျှာထိုးဦးထုပ်ဆောင်းကာ နှာခေါင်းစည်း Mask ကိုဝတ်ဆင်ထားပြီးသူမ၏ဘဏ်စာအုပ်အား ငွေလက်ကျန်စစ်ဆေးသည့်စက်ထဲသို့ထည့်ကာစစ်ဆေးနေစဉ် အကျီအဖြူရောင် ၊ ဘောင်းဘီရှည်အနက် ၊ ဆိုင်ကယ်ဦးထုပ်အနက်ရောင် ၊ နေကာမှန်အနက်ရောင်ဖုံးအုပ်တဆင်ထားသည့်ဦးထုပ်ကိုဆောင်း၍ အသက် (၃၀) အရွယ်လူငယ်တစ်ဦးဘဏ်နောက်ပေါက်ကနေဝင်ရောက်လာခဲ့သည်ကိုကြည့်ချင်းအားဖြင့်ရောင်ပြအာရုံလွှဲလှည့်စားသည်ဟုသုံးသပ်ကြောင်းဘဏ်လုံခြုံရေးကဆိုပါသည် ။
အဲ့ဒီနောက်လုံခြုံရေးဝန်ထမ်းအား ၁၁မမ ပစ္စတိုသေနတ်ဖြင့် နောက်ကြောကိုထောက်ကာ ကျွတ်ကျွတ်အိပ်အမဲတစ်လုံးပေး၍ မီးခံသ္တောနားသွားခိုင်းခဲ့သည် ၊ ၎င်းမှအနောက်ဘက်သို့တိမ်းရှောင်အကာအကွယ်ယူကာသေနတ်ထုတ်ဘို့ကြိုးစားပေမယ့်လည်း သေနတ်သမားသည် ဘဏ်ကောင်တာထဲသိုခုန်ဝင်လာကာသေနတ်ဖြင့်ထပ်မံချိန်ရွယ်၍ မီးခံသေတ္တာဖွင့်ခိုင်းခဲ့သည် ၊။
ထို့ဒီနောက်မီးခံသေတ္တာထဲမှ ဘတ် (၂) သန်းထုပ်ကိုထည့်ခိုင်းစေပြီး ဘဏ်၏အနောက်ဘက်ဆိုင်ကယ် ရပ်နားရာနေရာသို့လိုက်ပို့ခိုင်းပြီး Honda Wave အနီနက်စပ်ကြားကိုမောင်းနှင်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု၎င်းမှထွက်ဆိုခဲ့ပြီး မိမိမှပြန်လည်ခုခံခဲ့မည်ဆိုပါက ဘဏ်ထဲတွင်ရောက်ရှိနေသောအခြားအပြစ်မဲ့တဲ့ပြည်သူများကို ဓါးစာခံအဖြစ်အသက်အန္တရာယ်ပေးမှာ ကိုစိုးရိမ်ခဲ့ကြောင်းပြောခဲ့သည် ။
ရဲတပ်ဖွဲ့မှထွက်ပြေးလွတ်မြောက်သွားသောတရားခံအားဖမ်းဆီးရမိနိုင်ရေးအတွက်လိုအပ်သည့် CCTV မှတ်တမ်းများအားရယူ၍ စုံစမ်းဖော်ထုတ်သွားမှာဖြစ်ကြောင်းရဲမှူးကြီး Wirat သက်ဆိုင်ရာဘဏ်အကြီးအကဲများအားပြောကြားခဲ့ကြောင်းသတင်းရရှိသည် ။
Image may contain: one or more people, people standing and indoor
Image may contain: one or more people and screen
<<Zawgyi>>
ထိုင်းနိုင်ငံတွင် နေ့ခင်းကြောင်တောင်မြို့လည်ခေါင်တွင်တစ်ကိုယ်တော် ဘဏ်ဓါးပြဝင်တိုက်မှုဖြစ်ပွား
Wednesday ,December 25 , 2019

ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၁၅:၂၀ ချိန်ခန့်၌ ထိုင်းနိုင်ငံ ဖက်ချဘွန်းပြည်နယ် ဘွန့်စမ်ဖန်းမြို့နယ်ရှိကာစီကွန်ဘဏ်ခွဲအမှတ် ( ၂ ) တွင် အမည်မသိလူစိမ်းတစ်ဦးမှဝင်ရောက်လာကာဓါးပြတိုက်ပြမှုဖြစ်ပွားခဲ့ပြီး ထိုင်းဘတ်ငွေ ( ၂ ) သန်းအားယူဆောင်ထွက်ပြေးသွားမှုကြောင့် ဘွန့်စမ်ဖန်းမြို့နယ်ရဲတပ်ဖွဲ့ မှူး ၊ ရဲမှူးကြီး Wirat Khornburi ဦးစီးသည့် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့များ ၊ အမှုစစ်အရာရှိများမှ အခင်းဖြစ်ပွားရာနေရာသို့သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အခင်းမဖြစ်ပွားမီ ၅ မိနစ်အလိုတွင် ဘဏ်အတွင်း၌ ယောကျ်ားလေးပုံသဏ္ဍန်အမျိုး သမီးငယ်တစ်ဦး လျှာထိုးဦးထုပ်ဆောင်းကာ နှာခေါင်းစည်း Mask ကိုဝတ်ဆင်ထားပြီးသူမ၏ဘဏ်စာအုပ်အား ငွေလက်ကျန်စစ်ဆေးသည့်စက်ထဲသို့ထည့်ကာစစ်ဆေးနေစဉ် အကျီအဖြူရောင် ၊ ဘောင်းဘီရှည်အနက် ၊ ဆိုင်ကယ်ဦးထုပ်အနက်ရောင် ၊ နေကာမှန်အနက်ရောင်ဖုံးအုပ်တဆင်ထားသည့်ဦးထုပ်ကိုဆောင်း၍ အသက် (၃၀) အရွယ်လူငယ်တစ်ဦးဘဏ်နောက်ပေါက်ကနေဝင်ရောက်လာခဲ့သည်ကိုကြည့်ချင်းအားဖြင့်ရောင်ပြအာရုံလွှဲလှည့်စားသည်ဟုသုံးသပ်ကြောင်းဘဏ်လုံခြုံရေးကဆိုပါသည် ။
အဲ့ဒီနောက်လုံခြုံရေးဝန်ထမ်းအား ၁၁မမ ပစ္စတိုသေနတ်ဖြင့် နောက်ကြောကိုထောက်ကာ ကျွတ်ကျွတ်အိပ်အမဲတစ်လုံးပေး၍ မီးခံသ္တောနားသွားခိုင်းခဲ့သည် ၊ ၎င်းမှအနောက်ဘက်သို့တိမ်းရှောင်အကာအကွယ်ယူကာသေနတ်ထုတ်ဘို့ကြိုးစားပေမယ့်လည်း သေနတ်သမားသည် ဘဏ်ကောင်တာထဲသိုခုန်ဝင်လာကာသေနတ်ဖြင့်ထပ်မံချိန်ရွယ်၍ မီးခံသေတ္တာဖွင့်ခိုင်းခဲ့သည် ၊။
ထို့ဒီနောက်မီးခံသေတ္တာထဲမှ ဘတ် (၂) သန်းထုပ်ကိုထည့်ခိုင်းစေပြီး ဘဏ်၏အနောက်ဘက်ဆိုင်ကယ် ရပ်နားရာနေရာသို့လိုက်ပို့ခိုင်းပြီး Honda Wave အနီနက်စပ်ကြားကိုမောင်းနှင်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု၎င်းမှထွက်ဆိုခဲ့ပြီး မိမိမှပြန်လည်ခုခံခဲ့မည်ဆိုပါက ဘဏ်ထဲတွင်ရောက်ရှိနေသောအခြားအပြစ်မဲ့တဲ့ပြည်သူများကို ဓါးစာခံအဖြစ်အသက်အန္တရာယ်ပေးမှာ ကိုစိုးရိမ်ခဲ့ကြောင်းပြောခဲ့သည် ။
ရဲတပ်ဖွဲ့မှထွက်ပြေးလွတ်မြောက်သွားသောတရားခံအားဖမ်းဆီးရမိနိုင်ရေးအတွက်လိုအပ်သည့် CCTV မှတ်တမ်းများအားရယူ၍ စုံစမ်းဖော်ထုတ်သွားမှာဖြစ်ကြောင်းရဲမှူးကြီး Wirat သက်ဆိုင်ရာဘဏ်အကြီးအကဲများအားပြောကြားခဲ့ကြောင်းသတင်းရရှိသည် ။
Ref: AFP #Myanmar_Online_News

0 comments:

Post a Comment