Tuesday, December 3, 2019

တရုတ်ပြည်မှ စျေးကောင်းပေးဝယ်နေသဖြင့် ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုးကောင်များ ရှာဖွေသူများပြား

Image may contain: one or more people, sky, outdoor and natureImage may contain: plant

ကချင်ပြည်နယ် ပူတာအိုဒေသထွက် ဒေသအခေါ် ကျောက်ဂျပိုး (ကြမ်းပိုး) ကောင်များကို တရုတ်နိုင်ငံက စျေးကောင်းပေးဝယ်နေသဖြင့် ရှာဖွေသူ များပြားလျက်ရှိကြောင်း သတင်းရရှိသည်။

စျေးကောင်းပေးဝယ်မှုကို လွန်ခဲ့သည့်လ အနည်းငယ်တွင် တဖြည်းဖြည်း တွင်ကျယ်လာခြင်းဖြစ်ပြီး ကျောက်ဂျပိုးများ ဖမ်းရလွယ်ကူသည့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ မေလိခမြစ်ကမ်းနှင့် ကျောက်ခဲပေါများသည့် တခြားချောင်းကြီးများတွင် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း နှင့် ကျောက်ဂျပိုးကို ကျောက်တုံး၊ ကျောက်ခဲများ လှန်၍လည်းကောင်း၊ ညနေပိုင်းများတွင် ပိုက်စိပ်မယ်များဖြင့် လည်းကောင်း ဖမ်းယူနေကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသအခေါ် ကျောက်ဂျပိုး (ကြမ်းပိုး) ကောင်များကို နို့ဆီတစ်ဘူး ကျပ် ၇၀၀၀ ကနေ ၈၀၀၀၊ ၁၀၀၀၀ ဖြစ်ပြီး မူလာရှီးဒီး တံတားနားမှာ ကျောက်ဂျပိုး ရှာဖွေသူများ ပွဲလိုစည်နေကြောင်း သိရသည်။
ကျောက်ဂျပိုးမှာ အကောင်အကြီးနှင့် အသေးမျိုးရှိရာတွင် အသေးမျိုးမှာ စျေးပိုရကြောင်း၊ တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၀ ဝန်းကျင်တွင် စျေးပေါက်နေပြီး ဒေသခံများအတွက် ဝင်ငွေတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
<<Zawgyi>>
တရုတ်ပြည်မှ စျေးကောင်းပေးဝယ်နေသဖြင့် ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုးကောင်များ ရှာဖွေသူများပြား
Wednesday, December 4 , 2019

ကချင်ပြည်နယ် ပူတာအိုဒေသထွက် ဒေသအခေါ် ကျောက်ဂျပိုး (ကြမ်းပိုး) ကောင်များကို တရုတ်နိုင်ငံက စျေးကောင်းပေးဝယ်နေသဖြင့် ရှာဖွေသူ များပြားလျက်ရှိကြောင်း သတင်းရရှိသည်။
စျေးကောင်းပေးဝယ်မှုကို လွန်ခဲ့သည့်လ အနည်းငယ်တွင် တဖြည်းဖြည်း တွင်ကျယ်လာခြင်းဖြစ်ပြီး ကျောက်ဂျပိုးများ ဖမ်းရလွယ်ကူသည့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ မေလိခမြစ်ကမ်းနှင့် ကျောက်ခဲပေါများသည့် တခြားချောင်းကြီးများတွင် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း နှင့် ကျောက်ဂျပိုးကို ကျောက်တုံး၊ ကျောက်ခဲများ လှန်၍လည်းကောင်း၊ ညနေပိုင်းများတွင် ပိုက်စိပ်မယ်များဖြင့် လည်းကောင်း ဖမ်းယူနေကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသအခေါ် ကျောက်ဂျပိုး (ကြမ်းပိုး) ကောင်များကို နို့ဆီတစ်ဘူး ကျပ် ၇၀၀၀ ကနေ ၈၀၀၀၊ ၁၀၀၀၀ ဖြစ်ပြီး မူလာရှီးဒီး တံတားနားမှာ ကျောက်ဂျပိုး ရှာဖွေသူများ ပွဲလိုစည်နေကြောင်း သိရသည်။
ကျောက်ဂျပိုးမှာ အကောင်အကြီးနှင့် အသေးမျိုးရှိရာတွင် အသေးမျိုးမှာ စျေးပိုရကြောင်း၊ တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၀ ဝန်းကျင်တွင် စျေးပေါက်နေပြီး ဒေသခံများအတွက် ဝင်ငွေတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

0 comments:

Post a Comment