Friday, December 27, 2019

မန်းတိုင်းဝန်ကြီးချုပ် စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စတွေကိုပဲ လုပ်ဦးမယ်

Image may contain: 5 people, outdoor

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးကောင်းမွန်လာရင် တာဝန်တွေကို ပြန်ထမ်းဆောင်မှာဖြစ်သော်လည်း ကိုယ်ခံအားထိခိုက်ထားတဲ့အတွက် အခမ်းအနားနဲ့ လူအများကြားကိုရှောင်ပြီး ရုံးခန်းမှာလုပ်ကိုင်ရမယ့်ကိစ္စနဲ့ စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စတွေကိုပဲ လုပ်ကိုင်ဦးမယ်လို့ ဒီချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ဒီနေ့ ဒီဇင်ဘာ(၂၇)ရက်နေ့မှာတော့ မန္တလေးကိုပြန်မှာဖြစ်တယ်လို့လည်းသူ့ရဲ့ဇနီး ဒေါက်တာယုယုမေက ရေးသားထားပါတယ်။
မန်းတိုင်းဝန်ကြီးချုပ်ဟာ ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုသမှု ခံယူပြီး ဒီဇင်ဘာလ(၂၅)ရက်က ပြန်လာပြီးတဲ့နောက် ဒီချုပ်ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာ(၂၄)ရက်က ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ ပါတီ၊ အစိုးရနဲ့ လွှတ်တော်တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျန်းမာရေးစစ် ဆေးမှုခံယူနေတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံမှာ ကုသလို့မရတာကြောင့် ထိုင်းနိုင်ငံမှာ နောက်ဆုံးပေါ်ဆေးကုသနည်းတွေနဲ့ ကုသနေတာဖြစ်ပြီး သူ့ရဲ့နေရာကိုတော့ မန္တလေးတိုင်းဒေသကြီးလျှပ်စစ်ဝန်ကြီးကို ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပြောင်းထားခဲ့တာပါ။
Source- ဒေါက်တာယုယုမေ #Myanmar_Online_News

<zawgyi>

0 comments:

Post a Comment